ချင်းပြည်နယ်တွင်း၂၀၁၈ - ၂၀၁၉ခုနှစ်ပညာသင်နှစ်အတွင်း ကျောင်းပေါင်း ၃၀၉ ကျောင်း အဆင့်မြှင့်တိုးချဲ့မည်

ချင်းပြည်နယ်တွင်း၂၀၁၈ - ၂၀၁၉ခုနှစ်ပညာသင်နှစ်အတွင်း ကျောင်းပေါင်း ၃၀၉ ကျောင်း အဆင့်မြှင့်တိုးချဲ့မည်
by -
Salai Khup Khup

ပညာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွင်း အဆင့်တိုးမြှင့်ပေးမည့် ကျောင်းများစာရင်း အရ ချင်းပြည်နယ် အတွင်း ၃၀၉ ကျောင်းအဆင့်တိုးမြှင့်မည်ဖြစ်သည်။

ချင်းပြည်နယ်အတွင်း တိုးချဲ့မည့် ကျောင်းများအဖြစ် အ.ထ.က အဆင့်အဖြစ် ၁၇ ကျောင်း၊ အ.ထ.က(ခွဲ) ၁၅ ၊ အ.လ.က ကျောင်း ၁၀၅ ၊ အ.လ.က (ခွဲ) ၅၂၊ မူလွန် ၄၃၊ အ.မ.က ၅၄၊ အ.မ.က (ခွဲ) ၃၃ ကျောင်းတို့ဖြစ်သည်။

အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) အဖြစ်တိုးမြှင့် မည့်ကျောင်းများအဖြစ် ပလက်ဝမြို့နယ်အတွင်း (၈) ကျောင်း ၊ ဖလမ်းမြို ့နယ် အတွင်း (၈) ကျောင်း၊ မင်းတပ်မြို့နယ်အတွင်း (၄) ကျောင်းတို့ဖြစ်သည်။

မူလတန်းကျောင်းအဖြစ် တိုးမြှင့်မည့် ကျောင်းများအဖြစ် ပလက်ဝမြို့နယ်အတွင်း (၈) ကျောင်း၊ ဖလမ်းမြို့နယ်အတွင်း (၄) ကျောင်း၊ မင်းတပ်မြို့နယ်အတွင်း (၅) ကျောင်းတို့ဖြစ်သည်။

မူလတန်းကျောင်း(ခွဲ) အဖြစ်တိုးမြှင့်မည့် ကျောင်းများအဖြစ် ကန်ပက်လက်မြို့နယ်အတွင်း (၃) ကျောင်း၊ တီးတိန်မြို့နယ်အတွင်း (၃) ကျောင်း၊ တွန်းဇံမြို့နယ်အတွင်း (၃) ကျောင်း၊ ထန်တလန်မြို့နယ်အတွင်း (၃) ကျောင်း၊ ပလက်ဝမြို့နယ်အတွင်း (၉) ကျောင်းနှင့် ဖလမ်းမြို့နယ်အတွင်း (၁) ကျောင်းတို့ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနမှ ချင်းပြည်နယ်အတွင်း အလယ်တန်းကျောင်းအဆင့်တိုးမြှင့်သည့် ကျောင်းစာရင်း (၁၀၅) ကျောင်းအနက် ချင်းဝေါလ်သတင်းဌာနမှ ရရှိသည့် စာရင်းများအဖြစ် တွန်းဇံမြို့နယ်အတွင်း (၉) ကျောင်း၊ ထန်တလန်မြို့နယ်အတွင်း (၁၂) ကျောင်း၊ ပလက်ဝမြို့နယ်အတွင်း (၄) ကျောင်း၊ ကန်ပက်လက်မြို့နယ်အတွင်း (၈) ကျောင်း၊ တီးတိန်မြို့နယ်အတွင်း (၁၇) ကျောင်း၊ မင်းတပ်မြို့နယ်အတွင်း (၉) ကျောင်း၊ မတူပီမြို့နယ်အတွင်း (၁၃) ကျောင်း၊ ဟားခါးမြို့နယ်အတွင်း (၉) ကျောင်းတို့ဖြစ်သည်။

အလယ်တန်းကျောင်း(ခွဲ) အဖြစ်တိုးမြှင့်မည့် စာရင်းများမှာ ကန်ပက်လက်မြို့ နယ်အတွင်း (၃) ကျောင်း၊ တီးတိန်မြို့နယ်အတွင်း (၄) ကျောင်း၊ တွန်းဇံမြို့နယ်အတွင်း (၂) ကျောင်း၊ ဖလမ်းမြို့နယ်အတွင်း (၈) ကျောင်း၊ မင်းတပ်မြို့နယ်အတွင်း ( ၄)ကျောင်း၊ ထန်တလန်မြို့နယ်အတွင်း (၅) ကျောင်း၊ မတူပီမြို့နယ်အတွင်း (၉) ကျောင်း၊ ဟားခါးမြို့နယ်အတွင်း (၃) ကျောင်း ပလက်ဝမြို့နယ်အတွင်း (၁၄) ကျောင်းတို့ဖြစ်သည်။

အထက်ကျောင်း(ခွဲ)အဖြစ် တိုးမြှင့်သည့်ကျောင်းများအဖြစ် ကန်ပက်မြို့နယ်အတွင်း (၄) ကျောင်း၊ ပလက်ဝမြို့နယ်အတွင်း (၄) ကျောင်း၊ ဖလမ်းမြို့နယ်အတွင်း (၂) ကျောင်း၊ မင်းတပ်မြို့နယ်အတွင်း (၂) ကျောင်း၊ မတူပီမြို့နယ်အတွင်း (၂) ကျောင်း၊ ဟားခါးမြို့နယ်အတွင်း (၁) ကျောင်းတို့ဖြစ်သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...