ရန်ကုန်- မာန်အောင် လေယာဉ်ပျံသန်းမှု မေလ ၃ဝရက်နေ့မှ စတင်ရပ်နားမည်

ရန်ကုန်- မာန်အောင် လေယာဉ်ပျံသန်းမှု မေလ ၃ဝရက်နေ့မှ စတင်ရပ်နားမည်
by -
အောင်လင်းထွန်း(မာန်အောင်)

မိုးရာသီရောက်လာပြီ ဖြစ်သဖြင့် ရန်ကုန်မြို့နှင့် မာန်အောင်မြို့ အကြား ပြေးဆွဲနေသည့် လေကြောင်းလိုင်းကို မေ ၃၀ ရက်နေ့မှ စတင်ရပ်နားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

"ကျွန်တော်တို့ ပျံသန်းနေတဲ့ လေယာဉ်က သေးတယ်။ မိုးရာသီမှာ ရာသီဥတုဆိုးရွားတဲ့ အတွက် လေယာဉ်ကွင်းကို ဆင်းသက်ရတာ အန္တရာယ်ရှိတာကြောင့် မိုးတွင်းမှာ မာန်အောင်ကို ပြေးဆွဲ ပျံသန်းနေတဲ့ လေကြောင်းလိုင်းကို ခေတ္တ ရပ်နားထားရတာ ဖြစ်ပါတယ်" ဟု မာန်အောင် အများပိုင် ကုမ္ပဏီ ဒါရိုက်တာ ဦးထွန်းလိူင်မှ နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

ရန်ကုန်မြို့နှင့် မာန်အောင်အကြား မြန်မာ့အမျိုးသားလေကြောင်းလိုင်းအနေဖြင့် အပတ်စဉ် တနင်္ဂနွေ၊ ဗုဒ္ဓဟူးနှင့် သောကြာ သုံးရက် ပျံသန်းပြေးဆွဲပေးနေကြောင်း သိရသည်။

“ မာန်အောင်အများပိုင်ကုမ္ပဏီနဲ့ မြန်မာ အမျိုးသားလေကြောင်းလိုင်းတို့က ပူးပေါင်း စီစဉ်ပြီး ရန်ကုန်နဲ့ မာန်အောင်အကြား ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ကနေ စတင် ပျံသန်း ပြေးဆွဲ ပေးခဲ့တာပါ။ မိုးတွင်းဆို ရပ်ပါတယ်။ ခြောက်သွေ့ရာသီရောက်ရင်တော့ ပြန်လည် ပျံသန်းမှာ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ်မှ မာန်အောင်မြို့နယ်သည် ကျွန်းပေါ်တွင် တည်ရှိပြီး ရေလမ်း တစ်ခုတည်းကိုသာ အားကိုးနေရသဖြင့် သွားလာရေး ခက်ခဲသည့် ဒေသတစ်ခုဖြစ်သည်။ သို့အတွက် သွားလာရေး လွယ်ကူစေရန် ရည်ရွယ်ချက်ဖြင့် မာန်အောင်မြို့ တွင် ယခင်က ရှိနေခဲ့သော စမုံတဲ လေယာဉ်ကွင်းကို ပြန်လည် ပြုပြင် မွန်းမံပြီး မြန်မာ့အမျိုးသားပိုင် လေယာဉ်ငယ် များဖြင့် ၂၀၁၅ ခုနှစ်မှ စတင်ပျံသန်း ပြေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

မိုးရာသီတွင် ပင်လယ် ရေလမ်းခရီးသည်လည်း အန္တရာယ် အလွန်များသဖြင့် မာန်အောင် စမုံတဲ့ လေယာဉ်ကွင်းကို ရာသီမရွေး လေယာဉ်များဆင်းသက်နိုင်သည့် လေယာဉ်ကွင်းမျိုး အဖြစ် အဆင့်မြင့်တင်ပေးရန် ဒေသခံများက လိုလားနေကြသည်ဟု သိရသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...