ခမ်းပတ်ညောင်ပင် မြေနေရာအငြင်းပွားမှု လူရှိုင်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ညှိနှိုင်းဆောင်ရွက်မည်

ခမ်းပတ်ညောင်ပင် မြေနေရာအငြင်းပွားမှု လူရှိုင်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ညှိနှိုင်းဆောင်ရွက်မည်

ချင်းလူမျိုးများ၏ သမိုင်းဝင်တစ်ခုဖြစ်သော ခမ်းပတ်ညောင်ပင် တည်ရှိသည့်နယ်မြေပိုင်ဆိုင်မှု မြေဂရမ် အငြင်းပွား မှုပြသနာကို လူရှိုင်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဆွေးနွေးညှိနှိုင်းပေးသွားမည်ဟု သိရသည်။

ခမ်းပတ်ညောင်ပင်ရှိရာ နယ်မြေနှင့်ပတ်သက်၍ ပိုင်ဆိုင်မှုမြေဂရမ် ပုံစံ ၁၀၅-၁၀၆ မှာ နှစ်ခုရှိနေပြီး နယ်မြေပိုင်ဆိုင်မှု အငြင်းပွားဖြစ်ပွားလျက်ရှိကာ မလိုလားအပ်သော ပြသနာများဖြစ်ပေါ်လာနိုင်သည့်အတွက် အနီးနားတွင်တည်ရှိသည့် ဘုန်းကြီးကျောင်း ကျောင်းထိုင်အပါအဝင် အုပ်ချူပ်ရေးမှူးများနှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေကြောင်း လူရှိုင်းစာပေနှင့်ယဉ်ကျေးမှုအသင်း မှ အတွင်းရေးမှူး Pu K. Lawmzuala ကပြောသည်။

“ဒီကိစ္စမျိုးဆိုတာက မိမိကြိုက်သလို ရမ်းသန်းပြီးလုပ်ဆောင်လို့မရဘူး။ ဗမာတွေက သူတို့ စေတီနယ်နိမိတ်ပိုင် ဖြစ်တယ်လို့ ပြောတယ်။ ကျနော်တို့ကလည်း ကျနော်တို့ဟာဖြစ်တယ်လို့ ပြောထားတော့ ကျနော်တို့ လုယူနေတဲ့ အနေအထား ဖြစ်နေတယ်ပုံစံ ၁၀၅ – ၁၀၆ ကိုလည်း ၂၀၀၇ ခုနှစ်မှာ သင်းထောက်လူကြီး Upa Vulluaia နာမည်နဲ့ ကျနော်တို့ကအရင်လုပ်ထားတယ်။ ၂၀၁၀ မှာ သူတို့က ပြန်လုပ်ထားတာဖြစ်တယ်’’ ဟု ၎င်းကပြောသည်။

ညောင်ပင်အနီးနားပတ်ဝန်းကျင်တွင် စိုက်ထူထားသော လက်ဝါးကားတိုင်များလည်း မကြာခဏဖျက်ဆီးခံရကြောင်း ညောင်ပင်ကိုလည်း ၃ ကြိမ်ထက်မနည်းမီးရှူ့မှုများဖြစ်ပွားကာ ထိထိရောက်ရောက်ကာကွယ်စောင့်ရှောက် ရန်လိုအပ်ကြောင်း သူကဆက်ပြောသည်။

ယခုလက်ရှိတွင် လူရှိုင်းစာပေနှင့်ယဉ်ကျေးမှုအသင်းသည် တရားဝင်မှတ်ပုံတင်မရသေးသည့်အတွက် ထိထိရောက်ရောက်မဆောင်ရွက်နိုင်သေးကြောင်း၊ တရားဝင်မှတ်ပုံတင်ရရှိပြီးသည့်နောက်တွင် သမိုင်းယဉ်ကျေးမှု အမွေအနှစ်တစ်ခုအနေဖြင့် လုပ်ဆောင်သွားမည်ဟု သိရသည်။

ညောင်ပင်ကြီးသည် ဘာသာရေးနှင့်လုံးဝမသက်ဆိုင်ကြောင်း မိမိတို့တွင် ဘိုးဘွားတွေစိုက်ထူခဲ့သည့်အရာ ဖြစ်သည့်အတွက် ထိန်းသိမ်းနေရခြင်းဖြစ်ပြီး ယခုလို ထိန်းသိမ်းသည့်နေရာတွင် တိုင်းရင်းသားအားလုံးပူးပေါင်းပြီး ထိန်းသိမ်းဖို့လိုအပ်ကြောင်း ခမ်းပတ်အမှတ် (၂) ရာအိမ်မှူး Chhan Dam Hun Thara က ပြောသည်။

“ဒီနေရာကို တိုင်းရင်းသားအကုန်လုံး မည်သူမဆို လာလည်လို့ရတယ်။ ညောင်ပင်သမိုင်းဝင်ကြီးဟာ ဘာသာရေးနဲ့မဆိုင်၊ ကျနော်တို့ အဘိုး၊ အဘွား တွေရဲ့ သမိုင်းဝင်ဖြစ်လို့ ကျနော်တို့ ထိန်းသိမ်းထားရခြင်းဖြစ်တယ်၊ ဆက်ပြီးတော့ ထိန်းသိမ်းသွားမှာ ဖြစ်တယ်။ ဒီဟာက ကျနော်တို့ တိုင်းရင်းသားအားလုံးရဲ့ဟာဆိုတော့ တိုင်းရင်းသားအားလုံးပူးပေါင်းပြီး ထိန်းသိမ်းကြပါစို့” ဟု ၎င်းကပြောသည်။

ခမ်းပတ်ညောင်ပင်အိုကြီးတွင် ပြည်ပနိုင်ငံများမှ လာရောက်ကြည့်ရှုသူ တစ်နှစ်ကို ခန့်မှန်းခြေ ၃၀၀ လောက်ရှိပြီး၊ တစ်ပတ်ကို အယောက် ၅၀ လောက် ပြည်တွင်းမှ လာရောက်ကြည့်ရှုခဲ့ကြသည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...