ရက္ခိုင့်တပ်မတော်သား (၄) ဦး မီဇိုရမ်သို့ ဆေးကုသမှုခံယူ

ရက္ခိုင့်တပ်မတော်သား (၄) ဦး မီဇိုရမ်သို့ ဆေးကုသမှုခံယူ

ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့အကြား ပြီးခဲ့သည့် အပတ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒဏ်ရာရရှိသည့် (AA) တပ်သား ၄ ဦးတို့သည် မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင် ဆေးဝါးကုသမှုခံ ယူနေကြောင်းသိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် အိန္ဒိယ-မြန်မာ နယ်စပ်အနီးတွင် ပြီးခဲ့သည့်အပတ်က မြန်မာ့တပ်မတော်ကို AA တပ်မတော်မှ ခြုံခိုတိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိသည့် AA တပ်သား ၄ ဦးကို အိုက်ဇောလ်မြို့ ပုဂ္ဂလိက ဆေးရုံတွင် ကုသမှုခံနေကြောင်း မီဇိုရမ်သတင်းဌာနတွင်ဖော်ပြသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲကြောင့် ထောင်နှင့်ချီသော ပလက်ဝမြို့နယ်မှ ဒေသခံပြည်သူများသည် မီဇိုရမ်ပြည်နယ်ဘက်သို့ နှစ်ဝက်ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး တိုက်ပွဲဖြစ်ပွားမှု မရှိတော့သည့်အတွက် စစ်ဘေးရှောင်အများစုမှာ ၎င်းတို့နေရပ်သို့ မကြားသေးခင်လပိုင်းက ပြန်သွား ခဲ့ကြသည်။

ယခုအခါ နယ်စပ်ဒေသတွင် AA နဲ့ တပ်မတော်အကြား ပစ်ခတ်မှုများ တကျော့ပြန်ဖြစ်ပွားလာသည့်အတွက် မီဇိုရမ်စစ်ဘေးဒုက္ခသည်စခန်းတွင် ကျန်ရှိနေသေးသည့် စစ်ဘေးရှောင် ၃၀၀ ကျော်တို့သည် နေရပ်ပြန်ရန် စိုးရိမ်နေကြသည်ဟု သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...