ရက္ခိုင့်တပ်မတော်သား (၄) ဦး မီဇိုရမ်သို့ ဆေးကုသမှုခံယူ

ရက္ခိုင့်တပ်မတော်သား (၄) ဦး မီဇိုရမ်သို့ ဆေးကုသမှုခံယူ

ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့အကြား ပြီးခဲ့သည့် အပတ်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒဏ်ရာရရှိသည့် (AA) တပ်သား ၄ ဦးတို့သည် မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင် ဆေးဝါးကုသမှုခံ ယူနေကြောင်းသိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် အိန္ဒိယ-မြန်မာ နယ်စပ်အနီးတွင် ပြီးခဲ့သည့်အပတ်က မြန်မာ့တပ်မတော်ကို AA တပ်မတော်မှ ခြုံခိုတိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိသည့် AA တပ်သား ၄ ဦးကို အိုက်ဇောလ်မြို့ ပုဂ္ဂလိက ဆေးရုံတွင် ကုသမှုခံနေကြောင်း မီဇိုရမ်သတင်းဌာနတွင်ဖော်ပြသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲကြောင့် ထောင်နှင့်ချီသော ပလက်ဝမြို့နယ်မှ ဒေသခံပြည်သူများသည် မီဇိုရမ်ပြည်နယ်ဘက်သို့ နှစ်ဝက်ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး တိုက်ပွဲဖြစ်ပွားမှု မရှိတော့သည့်အတွက် စစ်ဘေးရှောင်အများစုမှာ ၎င်းတို့နေရပ်သို့ မကြားသေးခင်လပိုင်းက ပြန်သွား ခဲ့ကြသည်။

ယခုအခါ နယ်စပ်ဒေသတွင် AA နဲ့ တပ်မတော်အကြား ပစ်ခတ်မှုများ တကျော့ပြန်ဖြစ်ပွားလာသည့်အတွက် မီဇိုရမ်စစ်ဘေးဒုက္ခသည်စခန်းတွင် ကျန်ရှိနေသေးသည့် စစ်ဘေးရှောင် ၃၀၀ ကျော်တို့သည် နေရပ်ပြန်ရန် စိုးရိမ်နေကြသည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...