ကျောက်တော်မြို့နယ် ရွှေပြည်တွင် လူသတ်မှု ဖြစ်ပွား

ကျောက်တော်မြို့နယ် ရွှေပြည်တွင် လူသတ်မှု ဖြစ်ပွား

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာတွင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့မ စခန်းမှူးမှ လူသတ်မှု ဖြစ်ပွားကြောင်းကို အတည်ပြုပြောကြားပြီး ယနေ့နံနက် ၅ နာရီမှ ကျေးရွာသားများ အလောင်းကို သူနေထိုင်ရာ ရွှေပြည်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် တွေ့ရှိခဲ့သည်ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

“ ဖြစ်တာက ဘယ်အချိန်လဲဆိုတာ မသိရဘူး။ ရွာသားတွေက အလောင်းကို ဒီကနေ့ နံနက် ၅ နာရီမှာတွေ့တာပါ။ သတ်တာကတော့ လည်ပင်းကို ပုဆိုးနဲ့ ညှစ်ပြီး သတ်သွားတဲ့ အနေအထားဗျာ။ လျှာက နည်းနည်းထွက်နေတာကို တွေ့ရပါတယ်” ဟု မြို့မစခန်းမှူးက ပြောကြားသည်။

သေဆုံးသူမှာ ပဲခူးတိုင်းဘက်မှ ရွှေပြည်ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သူ ဦးသန်းဝင်း (၅၈) နှစ် ဖြစ်ကြောင်း သိရှိရသည်။

“ သူက ရွှေပြည်ဘုန်းကြီးကျောင်းမှာနေတာ ကြာပါပြီ။ ဘယ်သူက သတ်သလဲဆိုတာတော့ စုံစမ်းဆဲ ဖြစ်ပါတယ်။ တရားခံတော့ မမိသေးပါဘူး” ဟု စခန်းမှူးက ဆက်လက် ပြောဆိုသည်။

ယခုအခါ သေဆုံးသူ ဦးသန်းဝင်း၏ အလောင်းမှာ ကျောက်တော်ဆေးရုံသို့ ရောက်ရှိနေပြီဟု သိရသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...