ငပလီဂေါက်ကွင်းအတွင်း မီးလောင်

ငပလီဂေါက်ကွင်းအတွင်း မီးလောင်
ငပလီဂေါက်ကွင်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ မီးလောင်နေသဖြင့် မီးသတ်ကားများနှင့် ငြိမ်းသတ်နေ (ဓာတ်ပုံ-ကိုမြင့်မိုး)
ငပလီဂေါက်ကွင်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ မီးလောင်နေသဖြင့် မီးသတ်ကားများနှင့် ငြိမ်းသတ်နေ (ဓာတ်ပုံ-ကိုမြင့်မိုး)

ယမန်နေ့ မေ ၂၀ နေ့ တွင် သံတွဲခရိုင် ငပလီဂေါက်ကွင်းအတွင်းရှိ သစ်ပင် ခြုံနွယ်များကို မီးလောင်နေသဖြင့် မီးသတ်ကားများနှင့် ငြိမ်းသတ်ခဲ့ရသည်ဟု သတင်းရရှိသည်။

ငပလီမြပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် အား ဆက်သွယ်မေးမြန်းရာ သူက “ အဆောက်အဦးတွေကို လောင်တာ မဟုတ်ပါဘူး။ ဂေါက်ကွင်းအတွင်းရှိ မြက်ခြောက်တွေ၊ ခြုံနွယ်တွေကို လောင်နေတာပါ”ဟု ပြောကြားခဲ့သည်။

မီးမှာ ခြောက်သွေ့ရာသီ ဖြစ်သဖြင့် သစ်ခြောက်၊ မြက်ခြောက်များကို လောင်နေခြင်း ဖြစ်သော်လည်း လူနေရပ်ကွက်အတွင်းရှိ ဥယျာဉ်ခြံများသို့ မကူးစက်ရန် သတိထားနေရသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“ မီးက ဂေါက်ကွင်းအတွင်းမှာ ခုချိန်ထိ လောင်နေပါတယ်။ ရပ်ကွက်ထဲက ဥယျာဉ်ခြံတွေကို မကူးစက်အောင်တော့ မီးသတ်က သတိထားပြီး ငြိမ်းသတ်နေရပါတယ်။ စိုးရိမ်စရာ ရှိလာဆိုတော့ မပြောနိုင်သေးဘူး။ မီးကိုတော့ အနီးအနားကို မကူးရအောင် ငြိမ်းသတ်နေပါတယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ ကိုကျော်ကျော်မှ နိရဥ္စရာသို့ ပြောကြားသည်။

မီးလောင်မှုကြောင့် မီးခိုးလုံးများ ကောင်ကင်ပေါ်သို့ တက်နေပြီး မီးသတ်ကားများဖြင့် မီးငြိမ်းသတ်နေဆဲဟု သိရသည်။

 

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...