ငွေကြေးအရှုပ်အရှင်းလုံးဝမရှိပဲ လုပ်ငန်းတာဝန်မပြီးမြောက်မှုအပေါ် တာဝန်ခံသည့် အနေဖြင့် တာဝန်မှ နှုတ်ထွက်ခြင်းဖြစ်ကြောင်း ဆလိုင်းအိုင် ဇက်ခင်ပြော

ငွေကြေးအရှုပ်အရှင်းလုံးဝမရှိပဲ လုပ်ငန်းတာဝန်မပြီးမြောက်မှုအပေါ် တာဝန်ခံသည့် အနေဖြင့် တာဝန်မှ နှုတ်ထွက်ခြင်းဖြစ်ကြောင်း ဆလိုင်းအိုင် ဇက်ခင်ပြော

ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်း တတ်သိပညာရှင်အဖြစ် လျှပ်စစ်၊ စည်ပင်နှင့် စက်မှု ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဆလိုင်းအိုင်ဇက်ခင်မှ တာဝန်ထမ်းဆောင်သည့် ကာလအတွင်း ငွေကြေးအရှုပ်အရှင်း လုံးဝမရှိပဲ လုပ်ငန်းတာဝန်မပြီး မြောက်နိုင်မှုကြောင့် တာဝန်ခံသည့်အနေဖြင့် တာဝန်မှ နှုတ်ထွက်ခြင်းဖြစ်ကြောင်း Chin World သတင်းဌာနသို့ မေလ (၁၈) ရက်နေ့က ပြောသည်။ 

ဆလိုင်းအိုင်ဇက်ခင်က “ ငွေရေးကိစ္စဘာညာ တစ်ခုမှမရှိဘူး။ ရှင်းရှင်းလင်းလင်းပဲ။ ကျွန်တော့်အနေနဲ့ ရှင်းလင်းပေးနိုင်တယ်။ ကောလဟလဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ကတော့ ကင်းကင်းရှင်းရှင်း၊ သန့်သန့်ရှင်းရှင်းရှိတယ်။ တစ်ချို့နားလည်မှုလွဲ တာရှိတယ်။ သတင်းကို အစအဆုံးမသိပဲနားလည်မှုလွဲတာပေါ့။ အခုထွက်ရတာ ကလည်းအဲဒီကိစ္စတွေကြောင့်မဟုတ်ဘူး။ လွှတ်တော်ဥက္ကဌကိုလည်း ရှင်းပြပြီးပြီ။ နှုတ်ထွက်တဲ့ ကိစ္စကတော့ အားလုံးသိတဲ့အတိုင်းပဲ။ တစ်နှစ်ပြီးတဲ့အထိ ဟားခါးစျေးကိုပြန် မဆောက်ဖြစ်တာကိုပေါ့။ အခုမှပြန်ဆောက်တဲ့ကိစ္စ။ ဖလမ်းရေပေးရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း မပြီးပြတ်တဲ့ကိစ္စတွေပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်က တာဝန်ယူ၊ တာဝန်ခံတဲ့အနေနဲ့ မိမိဆန္ဒအတိုင်း နှုတ်ထွက်ဖို့တင်ပြတာပဲ” ဟုပြော သည်။ 

လျှပ်စစ်၊ စည်ပင်နှင့် စက်မှုဝန်ကြီးဟောင်း ဆလိုင်းအိုင်ဇက်ခင် တာဝန်မှ နှုတ်ထွက်မှုနှင့်ပတ်သက်ပြီး တင်ဒါခေါ်ယူမှုများတွင် ငွေကြေးကိစ္စရပ်များ ဆိုင်ရာ အရှုပ်အရှင်းများနှင့် သက်ဆိုင်မှုတစ်စုံတစ်ရာရှိသည်ဟု လူမှုကွန်ယက်များတွင် ဝေဖန်မှုများ ရှိနေသည့်အပေါ် ဆလိုင်းအိုင်ဇက်ခင်ကကို ချင်းဝေါလ်မှ မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။ 

ဆလိုင်းအိုင်ဇက်ခင်က “တင်ဒါကိစ္စနဲ့ပတ်သက်ပြီးတော့ သန့်သန့်ရှင်းရှင်း ဆောင်ရွက်ခဲ့တယ်။ ရှင်းရှင်းပြောရရင် နှစ်နှစ်အတွင်းမှာ အမှန်တရားကို သိနိုင်ပါတယ်။ နောက်တစ်ခုက တင်ဒါကိစ္စကို ဝန်ကြီးတစ်ပါးက ပဲလုပ်လို့မရဘူး။ ကော်မတီမှာ တင်ပြီးတော့မှ ကက်ဘိနက်ကို တင်ရတာဖြစ်တယ်။ အတည်ပြုတာကို လည်း ကက်ဘိနက်က အတည်ပြုတာ။ ဆိုလိုတာက ဝန်ကြီးလုပ်ပိုင်ခွင့်နဲ့ ဘယ်တစ်ခုမှ လုပ်လို့မရဘူး။ ဘယ်ဝန်ကြီးမဆို မိမိစိတ်ကြိုက် တင်ဒါကို ပေးလို့မရဘူး” ဟုပြော သည်။ 

အဆိုပါ သတင်းပြန့်နှံ့မှုနှင့်ပတ်သက်ပြီး ချင်းပြည်နယ်စည်ပင်သာယာရေး ညွှန်ကြားရေးမှုး ဦးထလာဟရဲကို မေးမြန်းရာ “ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီးတိုင်ကြားခံရတာမျိုးတော့ မကြားဘူ။ လာဘ်ပေးမှုမျိုးက သိရင်တောင် ဒါမျိုးက ပြောစရာလား။ ကုမ္ပဏီတွေ က တိုင်တောတာမျိုးရှိမရှိတွေလည်း မသိဘူး” ဟုပြန်လည်ဖြေကြားခဲ့သည်။ 

ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်လည်းဖြစ် ပြောရေးဆိုခွင့်ရှိတာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည့် ဆလိုင်းအိုင်ဇက်ခင်အား ရှေ့ဆက်သွားမည့် ချင်းပြည်နယ် အစိုးရအဖွဲ့အပေါ် စိတ်ပူပန်ပေးမှု၊ အကြံပြုလိုသည့်ကိစ္စရပ်များရှိမရှိ ချင်းဝေါလ်သတင်းဌာနမှ မေးမြန်းရာတွင် သူက “ လောလောဆယ်တော့ ဘာမှမပြောလိုပါဘူး။ ကျွန်တော့်တာဝန်မဟုတ်တော့ပါဘူး။ ဒီလိုကိစ္စနဲ့ပတ်သက်ရင် ဝန်ကြီးချုပ်ရှိပါတယ်။ သူက အကောင်းဆုံးစီစဉ်သွားပါလိမ့်မယ်” ဟုပြန်လည်ဖြေကြား ခဲ့သည်။ 

ဝန်ကြီးတာဝန်မှ နှုတ်ထွက်ပြီဖြစ်သည့် ဆလိုင်းအိုင်ဇက်ခင်အနေဖြင့် မေလ (၁၈) ရက်နေ့တွင် လုပ်ငန်းတာဝန် အသစ်ပြန်လည်ရရှိပြီဖြစ်ပြီး မပြီးသေးသည့် ဒေါက်တာဘွဲ့ရရှိနိုင်ရန် ကျောင်းပြန်တက်မည်ဖြစ်သည်။ 

ဆလိုင်းအိုင်ဇက်ခင်က “ ဒီညနေပဲ အလုပ်ရပါတယ်။ အရင် အလုပ်က ကျွန်တော့်ကို Policy Analysis တာဝန်ပေးပါတယ်။ အဲဒါပြီးရင် ကျွန်တော်ကျောင်းပြန်တက်ပါမယ်။ ကျွန်တော်မပြီးသေးတဲ့ ဒေါက်တာဘွဲ့အတွက်ပေ့ါ” ဟုပြောသည်။ 

ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်း ဝန်ကြီးနေရာများ အပြောင်းအလဲ ရှိမည်ဖြစ်ကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲက သတင်းမီဒီယာများတွင် ဖြေကြားမှုများရှိခဲ့ပြီး တစ်လဝန်းကျင်နီးပါးအကြာတွင် ဆလိုင်းအိုင်ဇက်ခင်အနေဖြင့် တာဝန်မှ နှုတ်ထွက်သွားခြင်းဖြစ်သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...