ရိခေါဒါရ်ပြည်သူလူထုမှ ဒုသမ္မတထံ အချက် (၆) ချက် အဆိုတင်သွင်း

ရိခေါဒါရ်ပြည်သူလူထုမှ ဒုသမ္မတထံ အချက် (၆) ချက် အဆိုတင်သွင်း

ချင်းပြည်သူများ၏ အမှတ်သင်္ကေတတစ်ခုဖြစ်သည့် အသည်းနှလုံးပုံ ရိရေကန်သို့ ရောက်ရှိသော နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ထံ ရိခေါဒါရ် ပြည်သူလူထုများမှ အချက် (၆) ချက်အား စာဖြင့်ရေးသားကာ ဒုသမ္မတထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ဒုသမ္မတ တတိယအကြိမ် ချင်းပြည်နယ်ခရီးစဉ်၌ မေလ ၁၈ ရက်နေ့ နေ့လယ် ၁၂ ခန့်တွင် ရိခေါဒါရ်မြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူများမှ ယဉ်ကျေးမှုအကများဖြင့် ဒုသမ္မတကြီးအား ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာဌာနများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဒေသခံပြည်သူလူထုများမှလည်း မြို့ဖွံ့ဖြိုးတိုးတက်ဖို့ အဆိုများကို စာဖြင့်ရေးသားကာ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ရိခေါဒါရ်မြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ပူးချန်းလျန်နာ က ပြောသည်။

“အချိန်အနည်းငယ်သာ ရမယ်လို့ ကျနော်တို့ ကြားရတယ်။ ဒါကြောင့် စကားပြောချိန်မရှိမှာဆိုးလို့ ခုလို ပြည်သူတွေရဲ့ တောင်းဆိုချက်ကို စာဖြင့်ရေးပြီးတော့ ပေးရခြင်းဖြစ်တယ်” လို့ ပြောပါသည်။

အဆိုပါ တောင်းဆိုချက်များမှာ (၁) ရိခေါဒါရ်မြို့ရှိ တိုက်နယ်ဆေးရုံအား စံတိုက်ဆေးရုံအဖြစ် ထားရှိရေး၊ ကောင်းမွန်သည့် အဆောက်အဦးများ နှင့် ဓာတ်မှန်စက်ကိရိယာများ ရရှိရေး၊ (၂) ဖလမ်းနဲ့ရိ ကြားလမ်းကို သုံးရာသီကာလအတွင်း ခရီးသည်တင် ကား သွားလာနိုင်ရန် ကတ္တာရာလမ်း ခင်းပေးဖို့၊ (၃) မြို့သောက်သုံးရေရရှိရေး၊ (၄) ရိခေါဒါမြို့ရှိ အထက်တန်း ကျောင်းဆောင် နှစ်ခုအား ပြုပြင်ဆောက်လုပ်ဖို့၊ (၅) တီအို (Tiau) မှာရှိသည့် အထကကျောင်းခွဲအား အဆင့်မြင့်ပေးရေး နှင့် (၆) တီအို နှင့် ရိခေါဒါရ်မြို့တွင်း ကတ္တာရာလမ်းများ ခင်းပေးရေး စသည့်အချက်များဖြစ်သည်။

Most read this week

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...