လယ်မြေတစ်ခုတည်းတွင် ပုံစံ(၇) နှစ်စောင်ထုတ်ပေးထား၍ မာန်အောင်မြို့နယ်တွင် လယ်အငြင်းပွားမှုပေါ်ပေါက်

လယ်မြေတစ်ခုတည်းတွင် ပုံစံ(၇) နှစ်စောင်ထုတ်ပေးထား၍ မာန်အောင်မြို့နယ်တွင် လယ်အငြင်းပွားမှုပေါ်ပေါက်
by -
အောင်လင်းထွန်း

မာန်အောင်မြို့နယ်၊ တိုက်ကျွန်းအုပ်စု၊ တိုက်ကျွန်းကျေးရွာတွင် လယ်မြေ တစ်ခုတည်းတွင် ပုံစံ (၇) နှစ်စောင် ထွက်ရှိနေသဖြင့် အငြင်းပွားမှု ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။

တိုက်ကျွန်းကျေးရွာရှိ ကွင်းအမှတ်(၈၈၉) ဦးပိုင်အမှတ်(၁၀/၁) ဧရိယာ ၁ ဒသမ ၅၆ ဧကကို ဒေါ်မသန်းချစ်အမည်ဖြင့် ပုံစံ (၇) ဦးစွာ ထွက်ရှိလာပြီးနောက် သာယာကုန်း ကျေးရွာအုပ်စု၊ ပလင်တောကျေးရွာမှ ဦးမောင်တင်ရွှေ အမည်ဖြင့်လည်း နောက်ထပ် ပုံစံ (၇) တစ်စောင် ထွက်ရှိလာခဲ့သည်ဟု သိရသည်။

" တောင်ထက်က ဧက ၁ ဒသမ ၆၅ ရှိတဲ့ ကျွန်မတို့ လယ်ကို ပုံစံ(၇) နှစ်စောင် ထုတ်ပေးထားတယ်။ ကျွန်မတို့ကို ထုတ်ပေးထားသလိုမျိုး ပလင်တောရွာက ဦးမောင်တင်ရွှေ ကိုလည်း ထုတ်ပေးထားတယ်။ ကျွန်မတို့ ဒီတိုက်ကျွန်းမှာနေခဲ့တုန်းက ကျွန်မတို့ လုပ်စားခဲ့တဲ့ လယ်ကို ဦးမောင်တင်ရွှေ ဆိုသူကို ပုံစံ (၇) လို ပုံစံတူ ထုတ်ပေးထားတာ မရှိဘူး။ အခုမှ ထုတ်ပေး ထားတာကို သိရတာပါ"ဟု ဒေါ်မသန်းချစ် မှ နိဥ္စရာသတင်းဌာနသို့ပြောကြားသည်။

၎င်းလယ်မြေမှာ ယောက်ကျင်္ားဖြစ်သူ၏ မိဘဘိုးဘွားပိုင်လက်ထက်မှ ဓားမဦးချ လုပ်ကိုင် စားသောက်လာသော လယ်မြေဖြစ်ကြောင်း၊ ယောင်္ကျားဖြစ်သူ ကျန်မာရေးချို့တဲ့မူကြောင့် မာန်အောင်မြို့ပေါ်သို့ ပြောင်းလာခဲ့သည့် သုံးနှစ်အတွင်း ဦးမောင်တင်ရွှေ မှ ၎င်းလယ်မြေကို ပုံစံ(၇) လျှောက်ထားခဲ့သည်ဟု သိရကြောင်း ဒေါ်မသန်းချစ်မှ ပြောကြားသည်။

၎င်းလယ်မြေပေါ်တွင် သာယာကုန်းကျေးရွာအုပ်စု၊ ပလင်တောကျေးရွာမှ ဦးမောင်တင်ရွှေမှ လာရောက်လုပ်ကိုင်၍ တားဆီးခဲ့စဉ် ဦးမောင်တင်ရွှေမှ သူလက်ဝယ်ရှိသော ပုံစံ(၇) ကို ထုတ်ပြခဲ့ရာမှ ပုံစံ (၇) နှစ်စောင် ဖြစ်နေသည်ကို သိရှိခဲ့ရသည်ဟု သူမက ပြောဆိုသည်။

ယင်းလယ်ယာမြေယာတွင် ဦးပိုင်တူ ဧကတူ တစ်ခုတည်းကို တိုက်ကျွန်းကျေးရွာအုပ်စု လယ်ယာ မြေယာကော်မတီ ဥက္ကဋ္ဌ မြေတိုင်းစာရေး ဦးဇေယျာအောင် ထောက်ခံချက်လက်မှတ်ဖြင့် နိုင်ငံတော် အစိုးရမှ ချေးငွေကို နှစ်ဦးစလုံးကို ထုတ်ချေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ လယ်ယာမြေ တစ်ခုတည်းတွင် ပုံစံ (၇) နှစ်ခု ဖြစ်နေသဖြင့် ပိုင်ရှင် ဖြစ်သူ ဒေါ်မသန်းချစ် တို့မှ တိုက်ကျွန်းအုပ်ချုပ်ရေမှူးထံသို့ ၂၀၁ရခုနှစ် ဒီဇင်ဘာလ (၁၃)နေ့တွင် ဖြေရှင်း ပေးရန် တိုင်ကြားခဲ့သော်လည်း ယနေ့တိုင် ဖြေရှင်းပေးခြင်း တစ်စုံတစ်ရာ မရှိကြောင်း ၎င်းက ပြောသည်။

ခင်ပွန်းဖြစ်သူနေမကောင်းသဖြင့် ဒေါ်မသန်းချစ်တို့မှ ၎င်းလယ်ယာမြေတွင် မလုပ်ကိုင်နိုင်ဘဲ သုံးနှစ်ခန့် ကြာမြင့်နေပြီဟုလည်း သိရသည်။

အဆိုပါ လယ်မြေ ပုံစံတူ ကိစ္စနှင့် ပတ်သက်ပြီး သာယာကုန်းကျေးရွာအုပ်စု၊ ပလင်တော ကျေးရွာမှ ဦးမောင်တင်ရွှေအား ဆက်သွယ်မရသဖြင် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

 

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...