ယိုးတရုပ်အနီး ဗုံးပေါက်ကွဲမှု သံသယဖြင့် ဖမ်းခံထားရသူ ၃ ဦးကို မတရားအသင်းဆက်သွယ်မူ ၁၇(၁) ဖြင့် ထောင် ၂ နှစ်ချ

ယိုးတရုပ်အနီး ဗုံးပေါက်ကွဲမှု သံသယဖြင့် ဖမ်းခံထားရသူ ၃ ဦးကို မတရားအသင်းဆက်သွယ်မူ ၁၇(၁) ဖြင့် ထောင် ၂ နှစ်ချ

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ယိုးတရုပ်မြို့အနီး ကားလမ်းဘေးတွင် ၂၀၁၇ ဇန်နဝါရီလ ၁ ရက်နေ့က ပေါက်ကွဲခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ဆက်စက် ဖမ်းဆီးခံရသူ သုံးဦးအား မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ယနေ့တွင် ထောင် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

ပြစ်ဒဏ်ချမှတ်ခံရသူနများမှာ ယိုးတရုပ်မြို့မှ ဦးယိုင်မောင်၊ ဦးနိုင်နိုင်နှင့် ဦးအောင်အောင်တို့ ဖြစ်ကြသည်။

ဦးယိုင်မောင်၏ ယောက်ဖဖြစ်သူ ဦးတင်လှိုင်က “ ဒီကနေ့ ပုဏ္ဍားကျွန်းမြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ သူတို့ကို ဗုံးခွဲမှု သံသယနဲ့ ဖမ်းပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ချလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

သို့သော်လည်း သူတို့ ၃ ဦးထဲမှ ၂ ဦးကိုမူ ဗုံးပေါက်ကွဲမှုနှင့် ဆက်လက် စစ်ဆေးသွားမည်ဟု သိရသည်။

“ ဦးယိုင်မောင်ကတော့ ဗုံးပေါက်ကွဲတဲ့ အမှုကနေ လွတ်သွားပါတယ်။ ကျန်တဲ့ ဦးနိုင်နိုင်နဲ့ ဦးအောင်အောင်တို့ကို ဗုံးကွဲမှုနဲ့ ဆက်လက် အမှုရင်ဆိုင်ကြရအုံးမယ်လို့ သိရပါတယ်။ ရှေ့နေတွေတော့ အမှု ဖြစ်ကတည်းက ငှားထားပါတယ်” ဟု ဦးတင်လှိုင်က ပြောကြားသည်။

ဦးနိုင်နိုင်နှင့် ဦးအောင်အောင်တို့အား လာမည့် မေလ ၂၃ ရက်နေ့တွင် ၎င်းဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စစ်တွေ ခရိုင်ရုံးတွင် ရုံးထုတ် စစ်ဆေးမည်ဟု သိရှိရသည်။

 

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...