ရသေ့တောင်နယ်တွင် အသက်(၁၀) နှစ်အရွယ် ယောကျင်္ားလေးတစ်ဦး ဒုတပ်ကြပ်တစ်ဦး၏ မဖွယ်မရာ ပြုလုပ်ခြင်းခံရ

ရသေ့တောင်နယ်တွင် အသက်(၁၀) နှစ်အရွယ် ယောကျင်္ားလေးတစ်ဦး ဒုတပ်ကြပ်တစ်ဦး၏ မဖွယ်မရာ ပြုလုပ်ခြင်းခံရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရေစိုးချောင်းရွာတွင် ဒုတပ်ကြပ် အဆင့်ရှိ တပ်မတော်သား တစ်ဦးမှ အသက် (၁၀) နှစ်အရွယ် ကလေးငယ် တစ်ဦးအား မဖွယ်မရာ ပြုလုပ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မဖွယ်မရာ ပြုလုပ်ခံရသည့် ကလေးငယ်မှာ ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာနေ (ဘ)ဦးမောင်အောင်ဇော် (မိ)ဒေါ်ဦးဆန်းနွယ်တို့၏ သား မောင်ကျော်ဆန်းဝင်း (၁၀) နှစ် ဖြစ်ကြောင်း ကျေးရွာ လူကြီး တစ်ဦးက ပြောကြားသည်။

“ ဖြစ်စဉ် ဖြစ်ပွားတာ မှန်ပါတယ်။ ပြစ်မှုကျူးလွန်သူက ဒုတပ်ကြပ်အဆင့်ရှိသူ စစ်သား တစ်ဦးလို့ သိရပါတယ်။ မနေ့က သူ့ကို တပ်တာဝန်ရှိသူတွေက ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။ သူ့ကို အထက်က ဗိုလ်ကြီးတွေက ပြင်းပြင်းထန်ထန် ရိုက်နှက်တာတွေ ရှိတယ်လို့ ကြားရပါတယ်” ဟု သူက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ ကလေးငယ်သည် မေလ ၁၆ ရက် နေ့လယ် တစ်နာရီကျော် အချိန်ခန့်တွင် ကျောက်ကျင် တောင်ရင်းမြောင်သို့ ရေချိုးရန်သွားရောက်စဉ် ရေစိုးချောင်းရွာ တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်တပ်မှ ၎င်းဒုတပ်ကြပ်က သိုင်းဖက်ခေါ်ယူပြီး မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရေစိုးချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးသန်းမောင်အား ဆက်သွယ်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးက “ ဖြစ်စဉ် ဖြစ်ပွားတာတော့ မှန်ကန်ပါတယ်။ ဒီကိစ္စ ဗျူဟာမှူးဆီ တင်ပြပြီး စစ်ဆေးနေပါတယ်။ အခု စစ်ဆေးနေတုန်းပါ။ ကျူးလွန်သူကိုတော့ ဖမ်းဆီးထားပါပြီ။ အရက်မူးပြီး ခုလို မဖွယ်မရာ လုပ်တယ်လို့ သိရပါတယ်။ စစ်ဆေးနေပါတယ်” ဟု ပြောကြားသည်။

ဖခင်ဖြစ်သူ ဦးမောင်အောင်ဇော်အားဆက်သွယ်ပြီး နိရဥ္စရာသတင်းဌာနက မေးမြန်းရာ သူက “ ကလေးကို အရက်မူးနေတဲ့ စစ်သားတစ်ဦးက မနေ့က နေ့လယ် ၁ နာရီကျော်မှာ ရေမြောင်မှာ ရေချိုးနေရာက ဖမ်းခေါ်သွားပြီး သူ့တံဆာကို အတင်းဓမ္မ စုတ်ခိုင်းတယ်လို့ ပြောပါတယ်။ ကလေးက ငြင်းဆန်တဲ့ အတွက် သူခေါင်းကို ရိုက်ပုတ်တဲ့ အတွက် နားထင်မှာ နည်းနည်း ဒဏ်ရာရပါတယ်။ စုတ်ခိုင်းပြီးတဲ့ နောက် ကလေးကို ဘောင်ဘီ ချွတ်ခိုင်းတယ်လို့ ပြောပါတယ်။ ပြုကျင့်မှု ဖြစ် မဖြစ်ဆိုတာကိုတော့ စစ်ဆေးနေပါတယ်။ ကလေးက ထွက်ပြေးလာခဲ့ပါတယ်” ဟု ပြောကြားသည်။

ယခုအခါ ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်းကလေးငယ်အား ရသေ့တောင်မြို့နယ် ဆေးရုံတွင် ဆေးစစ်ရန် လိုအပ်နေကြောင်း၊ မိဘများအား အမှုဖွင့် မဆောင်ရွက်ရန် တားမြစ်မှုများလည်း ရှိနေကြောင်း ကျေးရွာသား တစ်ဦးက ပြောကြားသည်။

အဆိုပါ ကျူးလွန်မှုနှင့် ပတ်သက်ပြီး တပ်မတော်ဘက်သို့ ဆက်သွယ်နိုင်ခြင်း မရှိသဖြင့် တာဝန်ရှိသူများ၏ အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...