မင်းပြား-မြေပုံ ကားလမ်းပေါ်ရှိ သာယာကုန်းတံတား အန္တရာယ်ရှိနေ

မင်းပြား-မြေပုံ ကားလမ်းပေါ်ရှိ သာယာကုန်းတံတား အန္တရာယ်ရှိနေ

ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် မြေပုံမြို့အား ဆက်သွယ်ထားသည့် ကားလမ်းပေါ်ရှိ သာယာကုန်း တံတား၏ အောက်ခြေတိုင်များ လုံးဝ ပြိုလဲ ပျက်စီးနေသဖြင့် သွားလာသူများအတွက် အန္တရာယ် ကျရောက်နိုင်ကြောင်း လူမှုကွန်ယက် စာမျက်နာတွင် ဓာတ်ပုံနှင့် တစ်ကွ ကျယ်ပြန့်စွာ သတင်းများ ထွက်ပေါ်နေသည်။

၎င်းတံတားသည် မင်းပြားမြို့မှ ၁၂ မိုင်နှင့် မြေပုံမြို့မှ ၁၂ မိုင်အကြားတွင် ရှိပြီး လူသွား လူလာများသည့် တံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားကိစ္စနှင့် ပတ်သက်ပြီး မင်းပြားဒေသခံ ဦးသိန်းဇံက “ ဒီတံတားက တော်တော်ကလေး ရှည်ပြီး လူသွားလူလာများတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ မင်းပြားနဲ့ မြေပုံကို ကားလမ်းဖောက်တဲ့ လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်က တည်ဆောက်ခဲ့တဲ့ တံတားဖြစ်ပါတယ်။ အောက်ခြေက တံတားတိုင်တွေက အမာခံ မဟုတ်တဲ့ အတွက် ခုလို ကျိုးပျက်သွားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

တံတား၏ သက်တန်းမှာ ၆ နှစ်ခန့် ကြာမြှင့်နေပြီ ဖြစ်ကြောင်း၊ တံတား၏ အောက်ခံ သစ်သားတိုင်များ ဆွေးမြေ့နေပြီ ဖြစ်ကြောင်း၊ ၎င်းတံတားကို အသုံးပြုပါ အန္တရာယ် ကျရောက်နိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ တံတားကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွှန့်အား ဆက်သွယ်မေးမြန်းရာ သူက “ ဒီတံတားရှိတဲ့ နယ်မြေက ကျွန်တော် မဲဆန္ဒနယ် ဖြစ်ပါတယ်။ တံတားဒီလို အန္တရာယ်ရှိနေတယ်ဆိုတာ ကျွန်တော်သတင်းမရသေးဘူး။ ဒီတံတား ဘယ်လောက်တောင် အခြေအနေဆိုးနေတယ်ဆိုတာ ကျွန်တော် သွားကြည့်ပြီးမှ ပြောနိုင်မှာ ဖြစ်ပါတယ်။ အခုက စစ်တွေကို ရောက်နေပြီး သွားကြည့်ပြီးတဲ့နောက် အကြောင်းပြန်ကြားပေးပါမယ်” ဟု သူက ပြောကြားသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...