ကျောက်တိုင်စိုက်ထူခွင့်မပြုသည့် အမိန့်စာမရသေးကြောင်း ရိခေါဒါရ်မြို့ အကြံပေးပုဂ္ဂိုလ် ပြော

ကျောက်တိုင်စိုက်ထူခွင့်မပြုသည့် အမိန့်စာမရသေးကြောင်း ရိခေါဒါရ်မြို့ အကြံပေးပုဂ္ဂိုလ် ပြော

ချင်းပြည်နယ်အစိုးရဝန်ကြီးအဖွဲ့ရုံးမှ ဆုံးဖြတ်ထားသည့် ဖလမ်းခရိုင်တရားရုံးထုတ်ပြန်သော ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ တည်ထောင်ခြင်း စိန်ရတုကမ္ဗည်းမော်ကွန်းကျောက်တိုင်စိုက်ထူခွင့်မပြုသည့် အမိန့်စာမရရှိသေးသောကြောင့် မြန်မာနိုင်ငံဗဟိုအစိုးရထံ ပေးပို့မည့်ကိစ္စ ကြန့်ကြာနေခြင်းဖြစ်သည်ဟု ရိခေါဒါရ်မြို့အကြံပေးပုဂ္ဂိုလ် Pu Puitea က ပြောပါသည်။

“ကျနော်တို့ ပေးပို့မယ့် အမိန့်စာအကုန်လုံးရှိနေပြီ၊ အဲဒီတစ်ခုဘဲ မရသေးတာ၊ ခရိုင်ရုံးကိုမေးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးပို့တယ်လို့ပြောတယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ငါ့မှာမရှိဘူး” လို့ သူက ပြောသည်။

အဆိုပါအမိန့်စာမှာ သူတို့ကိုယ်တိုင် ပြည်သူလူထုရှေ့တွင် ဖတ်ကြားသော အမိန့်စာဖြစ် သည့်အတွက် လက်ဝယ်မရနိုင်သော် ငြားလည်း ပြည်သူလူထုအကုန်လုံး သိရှိပြီးသားဖြစ်သည့့်အတွက် အဆိုပါအမိန့်စာပါအကြောင်းအရာကို ဒီလအတွင်း ပေးပို့သွားမည်ဖြစ်ကြောင်း ဆက်ပြောပါသည်။

“သမ္မတရုံး၊ ဒုသမ္မတ၊ ပြည်ထဲရေးဌာနရုံးများတွင် မိတ္တူပေးပို့သွားမယ်၊ နေပြည်တော်မှာ ကူညီပေးမယ့်သူတွေ ကတော့ အဆင်သင့်ဖြစ်နေပြီ” ဟု ပြောသည်။

ဗဟိုအစိုးရထံ ပေးပို့မည့် အမိန့်စာများတွင် ချင်းပြည်နယ်အစိုးရမှ ရိရေကန်အတွင်း ရေကူးခြင်း၊ ငါးဖမ်းခြင်း၊ ကန်အတွင်း အပျော်လှေစီခြင်းတို့ ခွင့်မပြုခြင်းနှင့် ရေကန်အနီး လယ်ယာမြေလုပ်ကိုင်ခွင့် တားမြစ်ပိတ်ပင်ခြင်း စသည့် အမိန့်များ ပါဝင်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...