ပြည်ထောင်စုမြန်မာနိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူထံ တင်ပြမည့် ကလေးမြို့နယ်အတွင်း သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်အပ်နှံမည့်စာရင်းမှာ ကွဲလွဲမှုများရှိနေသည့်အတွက် ယာယီရပ်နားထားကြောင်း ခရိုင်အဆင့်ကော်မတီအဖွဲ့ဝင် ဦးကျော်သက်ဝင်းက ပြောသည်။
ပြန်လည်အပ်နှံမည့် လယ်ယာမြေစာရင်း ပြုစုမှုနှင့်ပတ်သက်၍ အောက်ခြေတွင် အနည်းငယ်လွှဲမှားမှုများရှိနေပြီး ပြန်လည်စိစစ်ဖို့လိုအပ်သောကြောင့် ပြန်လည်အပ်နှံခြင်းအစီစဉ်ကို မြို့နယ် ခရိုင်အဆင့်မှာရှိသည့် သိမ်းဆည်းခံ လယ်ယာမြေနှင့် ပြန်လည်စိစစ််ဆေးရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ယာယီရပ်ဆိုင်းထားခြင်းဖြစ်သည်။
“ပေးရမယ့် လူစာရင်းက နာမည်စာရင်းတွေကွဲလွှဲမှုရှိုတယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ ကနေပြီးတော့ မသင့်တော်ဘူးဆိုပြီး ကန့်ကွက်ကြတယ်။ ဒါကြောင့် ဒီပွဲကိုအဆင့်ဆင့်တင်ပြချက်နဲ့ သမ္မတခရီးစဉ်မှာပေးရမှာဖြစ်ပေမယ့် ဒီအစီအစဉ်ကိုယာယီရပ်နားထားတယ်။” ဟုအထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
ပြည်ထောင်စုမြန်မာနိုင်ငံဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ်ခရီးစဉ်အတွက် မေလ ၁၆ ရက်နေ့တွင် ကလေးမြို့သိုု့ ရောက်ရှိလာမည်ဖြစ်သည်။







