တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ညီလာခံ မေလအတွင်း ကျင်းပမည်

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ညီလာခံ မေလအတွင်း ကျင်းပမည်
by -
မဇ္ဈိမ
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက် ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ကျင်းပသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးတွင် NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာမှ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ)
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက် ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ကျင်းပသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးတွင် NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာမှ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ)
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်အဖြစ်မှ လက်နက်ကိုင်အဖွဲ့ သုံးခု နုတ်ထွက်မည့်ကိစ္စ ဆုံးဖြတ်ရန်နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းပါ သဘောထားများ ရယူရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များ၏ ညီလာခံကို မေလအတွင်း ကျင်းပသွားမည်ဟု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက မဇ္စျိမကို ပြောသည်။

 “ထိပ်သီးညီလာခံ တခုခေါ်ဖို့တော့ အစီအစဉ်ရှိတယ်။ အဲဒါ လောလောဆယ် လူမစုံသေးဘူး။ ဒီလထဲမှာ လုပ်မှာပါ။ အချိန်နဲ့ နေရာက မဆုံးဖြတ်ရသေးဘူး။ လိုင်ဇာနဲ့ လောခီးလာ ညီလာခံလိုမျိုး အဖွဲ့ခေါင်းဆောင်တွေကို ဖိတ်မှာပါ”ဟု နိုင်ဟံသာ က ပြောသည်။

၎င်းထိပ်သီးညီလာခံတွင် ပြီးခဲ့သည့် မေလ ၃၁ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း လက်မှတ်ရေးထိုးခဲ့မှုအပေါ် တင်ပြ၍ အဖွဲ့ ခေါင်းဆောင်များ၏ သဘောထားများရယူသွားမည်ဟု ၎င်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းပါ သဘောတူညီချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များထံမှ သဘောထားရယူ၍ အစိုးရ UPWC နှင့် ပြန်လည် တွေ့ဆုံဆွေးနွေးသွားမည်ဟု သူက ဆိုသည်။

ထို့ပြင် တအာင်းတပ်မတော်(TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA)တို့ NCCT အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဌာနချုပ် ပန်ဆန်းမြို့တွင် ကျင်းပသော တိုင်းရင်းသား ၁၂ ဖွဲ့မှ ခေါင်းဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေးတွင် အဆိုပြုမှုနှင့် ပတ်သက်၍ အဆိုပါ ထိပ်သီးညီလာခံ တွင် ဆွေးနွေး ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

UPWC ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းကတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲတွင် အဆိုပါ TNLA၊ MNDAA နှင့် AA သုံးဖွဲ့တို့ ပါဝင်မည် မဟုတ်ကြောင်း မေလ ၉ ရက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာ ညီလာခံတွင် UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန်အတွက် NCCT ကို ဖွဲ့စည်းနိုင်ခဲ့သည်။ လောခီးလာ ညီလာခံတွင်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့ခြင်း ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...