တိုက်ပွဲအတွင်း ပိတ်မိသည့် ကချင်ပြည်သူလူထု များအတွက် ကလေးမြို့တွင် ချင်းပြည်သူလူထုအဖွဲ့ နာမည်ဖြင့် မေလ (၁၄) ရက်နေ့ တွင် ဆန္ဒပြသွားမည် ဖြစ်ပြီး ခွင့်ပြုချက်တောင်းခံဆဲဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီဥက္ကဌ Salai Bawi Lian Khum ကပြောသည်။
ဖြစ်မြောက်ရေးကော်မတီဥက္ကဌ Salai Bawi Lian Khum “ ဆန္ဒ ထုတ်ဖော်ပွဲမှာ ပါဝင်ဖို့ ကလေးမြို ့တာဟန်း တွင်းရှိ ဘုရားကျောင်းတွေနဲ့ ရွာဖက်ကဘုရားကျောင်းတွေ၊ လူမှုအဖွဲ ့အစည်းတွေကိုပါ ဖိတ်ကြားသွားမယ်” ဟုပြောသည်။
ဆန္ဒဖော်ထုတ်မည့် ရည်ရွယ်ချက်များအဖြစ် စစ်ပွဲအတွင်း ပိတ်မိသည့် ကချင်တိုင်းရင်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းငြိ်မ်းချမ်းရေး ရရှိရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ) ပင်လုံညီလာ ခံအောင်မြင်ရေး တို့ဖြစ်သည်။
ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ က “ အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား နှစ်ခြောက်ဆယ် ၊ နှစ်ခုနှစ်ဆယ် အတွင်း ပြည်တွင်းစစ်ကြောင့် နိုင်ငံဆင်းရဲခဲ့ရပြီး ပြည်သူမြောက်များစွာ ဆင်းရဲခဲ့ရတယ်။ ဆန္ဒထုတ်ဖော်ပွဲမှာ ပြည်တွင်း စစ်ငြိမ်းချမ်းရေးရရှိနိုင်ဖို့ ပြည်သူ ငါးရာကျော်လောက်နဲ့ ဆန္ဒပြနှိုင်ဖို့ ခန့်မှန်းထားတယ်။
အားလုံးလည်း ၀ိုင်းဝန်းပါဝင်ပေးဖိ်ု ့ဖိတ်ကြားလိုတယ်” ဟုပြောသည်။
ဆန္ဒထုတ်ဖော်မှုကို မေလ ၁၄ ရက်နေ့ ကလေးမြို ့ချင်းပြည်သူလူထုအဖွဲ ့ အမည်ဖြင့် နံနက် ၈ နာရီ ကလေးမြို့ တာဟန်းရပ်ကွက် သစ္စာဦးတိုက် နားမှ စတင်ပြီး တံတားဦး ထိလမ်းလျှောက်ဆန္ဒထုတ်ဖော် သွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့ အကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဒေသခံလူထု သောင်းဂဏန်းနီးပါး စစ်ဘေးတိမ်းရှောင်နေကြရသည်။ ကချင်ပြည်နယ်နှင့် အခြားတိုင်းဒေသကြီးအချို့တွင် တိုက်ပွဲတွင်းပိတ်မိသည့် ဒေသခံပြည်သူများ လွတ်မြောက်ရေး ဆောင်ရွက်ပေးရန် ဆန္ဒဖော်ထုတ်တောင်းဆိုမှုများလည်း ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သည့် ခေါင်းဆောင်အချို့မှာလည်း တရားစွဲဆိုခံထားရသည်။







