စစ်ပွဲအတွင်းပိတ်မိသည့် ကချင်ပြည်သူများလွတ်မြောက်ရေးအတွက် ကလေးမြို့တွင် ချင်းလူထုမှ ဆန္ဒထုတ်ဖော်မည်

စစ်ပွဲအတွင်းပိတ်မိသည့် ကချင်ပြည်သူများလွတ်မြောက်ရေးအတွက် ကလေးမြို့တွင် ချင်းလူထုမှ ဆန္ဒထုတ်ဖော်မည်
by -
Salai Khup Khup

တိုက်ပွဲအတွင်း ပိတ်မိသည့် ကချင်ပြည်သူလူထု များအတွက် ကလေးမြို့တွင် ချင်းပြည်သူလူထုအဖွဲ့ နာမည်ဖြင့် မေလ (၁၄) ရက်နေ့ တွင် ဆန္ဒပြသွားမည် ဖြစ်ပြီး ခွင့်ပြုချက်တောင်းခံဆဲဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီဥက္ကဌ Salai Bawi Lian Khum ကပြောသည်။

ဖြစ်မြောက်ရေးကော်မတီဥက္ကဌ Salai Bawi Lian Khum “ ဆန္ဒ ထုတ်ဖော်ပွဲမှာ ပါဝင်ဖို့ ကလေးမြို ့တာဟန်း တွင်းရှိ ဘုရားကျောင်းတွေနဲ့ ရွာဖက်ကဘုရားကျောင်းတွေ၊ လူမှုအဖွဲ ့အစည်းတွေကိုပါ ဖိတ်ကြားသွားမယ်” ဟုပြောသည်။

ဆန္ဒဖော်ထုတ်မည့် ရည်ရွယ်ချက်များအဖြစ် စစ်ပွဲအတွင်း ပိတ်မိသည့် ကချင်တိုင်းရင်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းငြိ်မ်းချမ်းရေး ရရှိရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ) ပင်လုံညီလာ ခံအောင်မြင်ရေး တို့ဖြစ်သည်။

ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ က “ အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား နှစ်ခြောက်ဆယ် ၊ နှစ်ခုနှစ်ဆယ် အတွင်း ပြည်တွင်းစစ်ကြောင့် နိုင်ငံဆင်းရဲခဲ့ရပြီး ပြည်သူမြောက်များစွာ ဆင်းရဲခဲ့ရတယ်။ ဆန္ဒထုတ်ဖော်ပွဲမှာ ပြည်တွင်း စစ်ငြိမ်းချမ်းရေးရရှိနိုင်ဖို့ ပြည်သူ ငါးရာကျော်လောက်နဲ့ ဆန္ဒပြနှိုင်ဖို့ ခန့်မှန်းထားတယ်။

အားလုံးလည်း ၀ိုင်းဝန်းပါဝင်ပေးဖိ်ု ့ဖိတ်ကြားလိုတယ်” ဟုပြောသည်။ 

ဆန္ဒထုတ်ဖော်မှုကို မေလ ၁၄ ရက်နေ့ ကလေးမြို ့ချင်းပြည်သူလူထုအဖွဲ ့ အမည်ဖြင့် နံနက် ၈ နာရီ ကလေးမြို့ တာဟန်းရပ်ကွက် သစ္စာဦးတိုက် နားမှ စတင်ပြီး တံတားဦး ထိလမ်းလျှောက်ဆန္ဒထုတ်ဖော် သွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့ အကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဒေသခံလူထု သောင်းဂဏန်းနီးပါး စစ်ဘေးတိမ်းရှောင်နေကြရသည်။ ကချင်ပြည်နယ်နှင့် အခြားတိုင်းဒေသကြီးအချို့တွင် တိုက်ပွဲတွင်းပိတ်မိသည့် ဒေသခံပြည်သူများ လွတ်မြောက်ရေး ဆောင်ရွက်ပေးရန် ဆန္ဒဖော်ထုတ်တောင်းဆိုမှုများလည်း ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သည့် ခေါင်းဆောင်အချို့မှာလည်း တရားစွဲဆိုခံထားရသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...