တောင်ကုတ်မြို့နယ်တွင် ဓါးခုတ်မှုဖြစ်၍ ၂ ဦးသေဆုံး

တောင်ကုတ်မြို့နယ်တွင် ဓါးခုတ်မှုဖြစ်၍ ၂ ဦးသေဆုံး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မီးကျောင်းလုံး ကျေးရွာအုပ်စု ရွာသာယာကျေးရွာတွင် လူတစ်ဦးက ဓါးဖြင့် ခုတ်သတ်၍ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

အသတ်ခံရသူမှာ ဦးမောင်ဟန်စိန်( ၆၉) နှစ် နှင့် ဒေါ်မပုစိန် (၃၃) တို့ဖြစ်ပြီး သူတို့နှစ်ဦးအား ဓားဖြင့် ခုတ်သတ်သူမှာ အေးလွှင် (ခေါ်) ပေါက်စ ဆိုသူ ဖြစ်ကြောင်း ရွာမရဲစခန်းမှ တာဝန်ကျ ရဲတပ်ကြပ် ဇော်ဇော်မင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ဖြစ်ပွားတာက ဒီကနေ့ [မေ ၉ ရက်နေ့]နံနက် ၈ နာရီ ၃၀ မိနစ်မှာ ဖြစ်တာပါ။ တရားလို ဖြစ်တဲ့ ဦးဇော်ထွေးဟာ ဖခင်ဖြစ်သူ ဦးအောင်မြစံ၊ ဇနီးဖြစ်သူ မအပုမေ၊ ယောက္ခမ ဖြစ်သူ ဦးမောင်ဟန်စိန်နဲ့ နေအိမ်မှာ ရှိနေစဉ် အေးလွှင် (ခ) ပေါက်စကနေ တစ်တောင်တစ်ထွာခန့်ရှိတဲ့ ဓါးနဲ့နေအိမ်ရှေ့ကို ရောက်ရှိလာပါတယ်။ ဦးဇော်ထွေး မင်းပြန် ငါ့ခြံထဲမဝင်နဲ့ ဆိုတော့ အေးလွှင်က ခြံပြင်ကနေ သူလွယ် အိတ်ထဲမှာ အသင့်ပါလာတဲ့ လေးဂွနဲ့ အိမ်ကို လေးငါးချက်ပစ်တယ်။ အဲဒီမှာ ဦးမောင်ဟန်စိန်က အရှည်လေးတောင်ခန့်ရှိတဲ့ တုတ်နဲ့ အိမ်ပြင်ထွက်ပြီး ရိုက်ရာဖို့ လုပ်စဉ်မှာ အေးလွှင်က အသင့်ပါလာတဲ့ ဓားနဲ့ ခုတ်တယ်” ဟု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇော်ဇော်မင်းက ပြောကြားသည်။

ထိုသို့ ဦးမောင်ဟန်စိန်ကို အေးလွှင်မှ ဓါးဖြင့်ခုတ်နေစဉ် သမီးဖြစ်သူ မအပုမေမှ ဝင်ရောက် ဟန့်တားရာ အေးလွှင်မှ မအပုမေအားလည်း ဓါးဖြင့်ခုတ်သဖြင့် သူတို့သားအဖ နှစ်ဦးစလုံးမှာ အခင်း ဖြစ်ပွားရာတွင်ပင် အေးလွှင် ခုတ်သည့် ဓါးဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်ဟု သူက ဆက်လက် ပြောကြားသည်။

ဓါးဖြင့်ခုတ်သဖြင့် ဦးမောင်ဟန်စိန်တွက် လည်ပင်းမှာ ဒဏ်ရာတစ်ချက်၊ ဝဲဘက်ပါးမှာ တစ်ချက်၊ နောက် ညာဘက် မှဲစေ့မှာ တစ်ချက် ရရှိပြီး မအပုမေတွင် လည်ပင်းတစ်ချက်၊ နဖူး အလယ်တည့်တည်တွင် ဒဏ်ရာတစ်ချက်စီ ရရှိကြောင်း သိရသည်။

ယခုအခါ လူသတ် တရားခံ အေးလွှင်ကို ရွာမရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားပြီး အမှု အမှတ် (ပ) ( ၁၈/ ၂၀၁၈) ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။

လူသတ်တရားခံ အေးလွှင်မှာ တရားလိုအဖြစ် တိုင်ကြားသူ ဦးဇော်ထွေးနှင့် ညီအစ်ကို တော်စပ်ကြောင်းသိရသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...