ကျိန်စာတိုက်ပွဲ ဦးဆောင်သူ ၄ ဦးကို ပုဒ်မ ၁၉ ဖြင့် အမ်းမြို့နယ်တရားရုံးတွင် စွဲချက်တင်

ကျိန်စာတိုက်ပွဲ ဦးဆောင်သူ ၄ ဦးကို ပုဒ်မ ၁၉ ဖြင့် အမ်းမြို့နယ်တရားရုံးတွင် စွဲချက်တင်
by -
စံမောင်သန်း

ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ CNPC တရုတ်ကုမ္ပဏီနှင့် MOGE တို့ကို သုဿာန် ၄ ခု၌ ကျိန်စာတိုက် ဆန္ဒပြရာတွင် ဦးဆောင်သူ ၄ ဦးကို တပ်တောင်ရဲစခန်းနှင့် အမ်းမြို့မစခန်းတို့က အမ်းမြို့နယ်တရားရုံး၌ ယမန်နေ့ မေလ ၈ရက်နေ့တွင် ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

“ကျိန်စာတိုက် ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သူ ၄ ဦးကို မြို့မရဲစခန်းက နေရာ ၂ ခုမှာ ကျိန်စာတိုက်မှုနဲ့ တပ်တောင်ရဲစခန်းက ကလည်း နေရာအတွက် နေရာ ၂ ခုမှာ ကျိန်စာတိုက်တဲ့ အတွက် ပုဒ်မ ၁၉ နဲ့ မြို့နယ် တရားရုံးမှာ စွဲချက်တင်ပါတယ်”ဟု အမ်းမြို့နယ် ရေနံနှင့် သဘာဝဓာတ်ငွေ့ စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလွင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ငြိမ်းစုစီတွင် စုရုံးခြင်းဆိုသည့် အသုံးအနှုန်းသာ ပါသည့်အတွက် ကျိန်စာတိုက်ခြင်းနှင့် မသက်ဆိုင်၍ ရဲစခန်းတွင် ငြိမ်းစုစီမတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့ဘက်ကတော့ ဥပဒေမချိုးဖောက်ဘူးလို့ မြင်ထားပါတယ်။ ငြိမ်းစုစီ ဥပဒေမှာက ကျိန်စာတိုက်တယ်ဆိုတဲ့ အသုံးအနှုန်းမပါဘူးလေ။ ကျနော်တို့ ဧပြီလ ၃ ရက်နေ့က ထိုင်သပိတ် လုပ်တဲ့အခါမှာလည်း သပိတ်မလုပ်ခင်မှာ ငြိမ်းစုစီတင်ခဲ့ပါတယ်။ မြို့နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင်က ထိုင်သပိတ်တို့၊ ကျိန်စာတိုက်တယ်ဆိုတာလည်း ငြိမ်းစုစီမှာ မပါဘူးလို့ ပြောပါတယ်။ အဲ့ဒါကြောင့် ငြိမ်းစုစီ မတင်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ဦးမျိုးလွင်က ပြောသည်။

သို့သော် ကျိန်စာတိုက် ဆန္ဒပြမှုပြုလုပ်မည်ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ စာပို့အကြောင်း ကြားခဲ့ပြီး၊ မိတ္တူကို ပြည်နယ်ဝန်ကြီးချုပ်၊ CNPC ကုမ္ပဏီနှင့် MOGE တို့ကို ပေးပို့ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ကတော့ အမှန်တရားအတွက် အမှန်တရားအတိုင်းပဲ လုပ်တယ်။ ဥပဒေကို မချိုးဖောက်ပဲ ဥပဒေအတိုင်းပဲ ဆောင်ရွက်ခဲ့ပါတယ်။ ကျနော်တို့ တောင်းဆိုခြင်းတွေလည်း အမှန်တရားအတွက် တောင်းဆိုခြင်းဖြစ်တယ်။ တရားစွဲဆိုခံထားရတိုင်းလည်း နောက်ဆုတ် သွားမှာ မဟုတ်ဘူး။ ဒီထက်တောင် အရှိန်မြှင့်ပြီးတော့ လှုပ်ရှားမှုတွေ လုပ်သွားမှာပါ”ဟု ၄င်းက ပြောသည်။

သို့သော် အဆိုပါရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များကို စွဲချက်တင်ထားသည့်အမှုအတွက် တရားရုံးမှ ဆုံးဖြတ်ပြီးနောက်ပိုင်းတွင်သာ ပြုလုပ်သွားမည်ဟုဆိုသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ အမ်းမြို့နယ် တရားသူကြီးက မေလ ၁၇ ရက်နေ့ကို ရုံးချိန်းသတ်မှတ်လိုက်ပြီး၊ တရားလိုဖြစ်သည့် မြို့နယ် ရဲတပ်ဖွဲ့မှူးကို ကြားနာစစ်ဆေးသွားမည်ဟု သိရှိရသည်။

ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးခဲ့ရသည့် အမ်းမြို့နယ် သုဿာန်မြေ ၄ နေရာ၌ CNPC နှင့် MOGE တို့ကို ဧပြီလ ၂၅ ရက်နေ့က တစ်ပြိုင်တည်းကျိန်စာတိုက် ဆန္ဒပြရာတွင် ဦးဆောင်သူ ၄ ဦးကို ငြိမ်းစုစီမတင်ဟု ဆိုကာ တရားစွဲခဲ့ခြင်းဖြစ်သည်။

တရားစွဲခံရသူများမှာ မျောက်ကိုက် သုဿန်မြေတွင်ဦးဆောင်သူ အမ်းမြို့နယ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလွင်၊ သံပုရာ သုဿန်တွင် ဦးဆောင်သူ ဦးရွှေထွန်း၊ ခမောင်းချောင်းသုဿန်မြေတွင်ဦးဆောင်သူ ဦးတင်လှိုင်နှင့် ဆင်ခုံတိုင် သုဿန်မြေတွင် ဦးဆောင်သူဦးဝဏ္ဏစိုးတို့ဖြစ်သည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...