အမျိုးသမီးများအကြမ်းဖက်ခံနေရမှု ပပျောက်ရေး ရခိုင်အမျိုးသမီး အစည်းအရုံး တောင်းဆို

အမျိုးသမီးများအကြမ်းဖက်ခံနေရမှု ပပျောက်ရေး ရခိုင်အမျိုးသမီး အစည်းအရုံး တောင်းဆို
by -
မဇ္ဈိမ
အမျိုးသမီးများ အကြမ်းဖက်ခံနေရမှု ပပျောက်ရေး လမ်းလျှောက်စီတန်းမှုတစ်ခုကို စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် ရခိုင်အမျိုးသမီးအစည်းအရုံး RWU က ဦးဆောင် ပြုလုပ်ခဲ့သည်။

လမ်းလျှောက်ချီတက်မှုတွင် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ အမျိုးသမီး အင်အား ၅၀၀ ခန့် ပါ၀င်ပြီး ၊ မယ်သီလရှင်များပါ ပါ၀င်တက်ရောက်ခဲ့ကြသည်။

“ စီတန်းလမ်းလျှောက်ရတာက ကျွန်မတို့လှုပ်ရှားမှုတွေ၊ ဆော်သြမှုတွေ၊ တိုက်တွန်းနှိုးဆော်ချက်တွေကို  အများပြည်သူမြင်နိုင်အောင်အတွက် ပြုလုပ်တာဖြစ်ပါတယ်။ အမျိုးသမီးတွေကို ဦးစားပေးပြီးတော့ စီစဉ်တာက  အမျိုးသမီးတွေရဲ့ စုစည်း ညီညွတ်မှုတွေကို ဖော်ဆောင်တာလည်းဖြစ်ပါတယ်။ တိုင်းပြည် တစ်ပြည်ရဲ့ငြိမ်းချမ်းမှုတွေကို  ဖော်ဆောင်တဲ့ အခါမှာ ပြည်ထောင်စု အဆင့်ကနေ ကျေးရွာအဆင့်ထိကို အမျိုးသမီးတွေရဲ့အခန်းကဏ္ဍဟာ  ဦးဆောင်မှုအပိုင်းတွေမှာ ပါလာနိုင်ဖို့အရေးကြီးတယ်ဆိုတဲ့ အပိုင်းကိုလည်း ပြည်သူတွေ သိနုင်ဖို့အတွက် အခုလိုမျိုးစီစဉ်ခဲ့တာဖြစ်ပါတယ်။ ” ဟု ရခိုင်အမျိုးသမီး အစည်းအရုံး ဒုတိယဥက္ကဋ္ဌဖြစ်သူ စောစံငြိမ်းသူကပြောသည်။

RWU 2

ရခိုင်ပြည်နယ်သည် ပဋိပက္ခများနှင့် ရင်ဆိုင်နေရသည့် ပြည်နယ်တစ်ခုဖြစ်ရာ လူမျိုးရေး၊ ဘာသာရေး၊ နယ်မြေလုံခြံုရေး၊ အမျိုးသမီးများဘဝ မလုံခြံုမှုများ၊ သက်ငယ်မုဒိန်းမှုများနှင့် ရင်ဆိုင်နေကြရသည့် အချိန်လည်းဖြစ်ရာ ရခိုင်အမျိုးသမီး အစည်းအရုံးအနေဖြင့် ရခိုင်ပြည်နယ် အတွင်း ကြံုတွေ့နေကြရသည့် အမျိုးသမီးများ၏ အခက်အခဲများကိုလည်း လိုက်လံ အကူအညီပေးဆောင်ရွက်နေသည့် အဖွဲ့အစည်းကြီး တစ်ခုလည်းဖြစ်သည်။

RWU 3

“ပြည်ထောင်စုအဆင့်ကိုပဲကြည့်ပါ။ အခုအချိန်ထိအမျိုးသမီးဦးရေဟာ လက်ချိုးရေတွက်နိုင်တဲ့ အနေအထားပဲ ရှိနေပါသေးတယ်။ အောက်ခြေအဆင့်မှာဆိုရင်တော ပြောစရာမလိုတော့ဘူး။ ဒါကြောင့်မို့လို့ အခုလိုမျိုး အမျိုးသမီးတွေရဲ့ပါဝင်နိုင်မှုဟာ အများကြီး အားနည်းနေသေးတယ် ဆိုရင် ကျွန်မတို့လိုလားနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ငြိမ်းချမ်းရေးဟာ အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို သက်ဆိုင်ရာအစိုးရနဲ့ အားလုံးသော အစုအဖွဲ့တွေက အမျိုးသမီးတွေရဲ့ဦးဆောင်မှုတွေကို အဆင့်ဆင့်တိုင်းမှာ ပါလာနိုင်ဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို အလေးထား စဉ်းစားဖို့အတွက် အခုလိုမျိုး တိုက်တွန်းနိုးဆော် ဖော်ထုတ် သွားမှာဖြစ်ပါတယ်။” ဟု စောစံငြိမ်းသူက ပြောသည်။

ရခိုင်အမျိုးသမီးအစည်းအရုံးအနေဖြင့် ပြည်ထောင်စုအဆင့်မှ အောက်ခြေအဆင့်ဆင့်သို့အထိ  နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများတွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်  အမျိုးသမီများ၏ အခြေအနေများကို ဖော်ပြထားသည့် လက်ကမ်းစာစောင်များကိုလည်း အခမ်းအနားတွင်ဖြန့်ချီခဲ့သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...