ANP ၏ အစည်းအဝေးတွင် ညီလာခံကျင်းပရေးဆွေးနွေး

ANP ၏ အစည်းအဝေးတွင် ညီလာခံကျင်းပရေးဆွေးနွေး
by -
နောင်ခိုင်အောင်

ယမန်နေ့ (မေ ၇ ရက်နေ့တွင်) စစ်တွေမြို့ ဗဟိုဌာနချုပ်တွင် စတင်ကျင်းပသည့် ရခိုင်အမျိုးသားပါတီ (ANP) ၏ အစည်းအဝေးတွင် ပါတီညီလာခံကျင်းပရေးကို အဓိကထား ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။

“ကျနော်တို့ အခြေခံအကြောင်းအရာ ၃ ချက်ထဲက တစ်ခုက ဖြစ်တဲ့ ပါတီညီလာခံကို ၂ဝ၁၉ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ လုပ်သင့်တယ်လို့ ဗဟိုကော်မတီကိုတင်ပြပါတယ်။ ညီလာခံ မကျင်းပမီ ရပ်ကျေးနဲ့ မြို့နယ် ကော်မတီတွေကို ဖွဲ့စည်းရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်” ဟု ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က နိရဥ္စရာသတင်းဌာနကိုပြောသည်။

ရပ်ကျေးအဆင့်အား ယခုကပင် စတင်ပြီး ပြန်လည်းဖွဲ့စည်းရန်နှင့် အောက်တိုဘာလတွင် အပြီးသတ် ဖွဲ့စည်းရန်၊ နောက် မြို့နယ်ကော်မတီတွေကို ဒီဇင်ဘာလတွင် အပြီး ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

မေ ၇ ရက်နေ့တွင် စတင် ပြုလုပ်ကျင်းပသည့် ရခိုင်အမျိုးသားပါတီ(ANP)၏ အစည်းအဝေးသို့ ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ပါတီလွှတ်တော်ကိုယ်စားလှယ် ၃ ရပ်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ပါတီညီလာခံကို ၂ဝ၁၇ ခုနှစ်တွင် ကျင်းပနိုင်ရန် ကြိုးစား ခဲ့ကြသော်လည်း မောင်တောဒေသတွင်ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များကြောင့် အကောင်အထည် ဖော်နိုင်ခြင်းမရှိခဲ့ခြင်းဖြစ်ကြောင်း သူကဆက်လက်ပြောကြားသည်။

ရခိုင်အမျိုးသားပါတီတွင်မှ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် နှုတ်ထွက်ခွင့်တင်ထားသည့် အတွက်ကြောင့် လိုအပ်သည့် ဥက္ကဋ္ဌနေရာကိုလည်း ညီလာခံတွင် ပါတီ၏ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်သွားမည်ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...