ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါ်ဒါရ်မြို ့ (၇၆) နှစ်ပြည့် မော်ကွန်းကမ္ဗည်းကျောက်တိုင် စိုက်ထူးရေးနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရမှ ပိတ်ပင်ခြင်းမဟုတ်ပဲ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ကသာ ပိတ်ပင်ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။
ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျံလွယ်က "ကျွန်တော်တို့ပြည်နယ် အစိုးရက ပိတ်ပင်တာမ ဟုတ်ဘူး၊ မြို့နယ်စည်ပင်နဲ့ တိုက်ရိုက်သက်ဆိုင်တယ်။ သူတို့ကခွင့်ပြုရင်တော့ ခွင့်ပြုမှာပေါ့၊ အဲဒါက တော့ ပြည်နယ်အစိုးရဆီမရောက်သေးဘူး၊ ကျွှန်တော်တို့တော့ ဒေသအတွက် ခွင့်ပြုပေးသားပါ" ဟု ပြောသည်။
၂၀၁၈ ခုနှစ် မတ်လ (၁၃) ရက်နေ့က ရိဒ်မြို့တာဝန်ခံက Diamond Jubilee Committee ဥက္ကဌထံသို့ ကျောက်တိုင်စိုက်ထူခြင်းလုပ်ငန်း ဆောင်ရွက်မှုအား ခေတ္တရပ်ဆိုင်းရန် အကြောင်းကြားခဲ့သည်။
မေလ (၅) ရက်နေ့တွင် ရိဒ်ခေါဒါရ် ဒေသခံ (၃၀၀) ဦးခန့်မှ ရိခေါ်ဒါရ် မြို့ (၇၆) နှစ်ပြည့် မော်ကွန်းကမ္ဗည်း ကျောက်တိုင်ကို ပြည်သူ့ဆန္ဒအတိုင်းစိုက်ထူရေးအပါအဝင် အချက် ( ၆) ချက်ကို တောင်းဆိုဆန္ဒထုတ်ဖော်သွားမည်ဖြစ်သည်။
ဒေသခံများက ကြွေးကြော်မည့်ကြွေးကြော်သံများမှာ ရိဒ်ခေါ်ဒါရ်မြို ့(၇၆) နှစ်ပြည့် မော်ကွန်းကမ္ဗည်း ကျောက်တိုင််ကို ပြည်သူ ့ဆန္ဒအတိုင်းစိုက်ထူရေး၊ ဒေသခံပြည်သူများ ဧ။် အကျိုးကို ထိခိုက်နစ်နာ စေသော ခရီးသွားလုပ်ငန်းမဖြစ်စေရေး၊ ရိဒ်ရေကန်တွင် ငါးဖမ်းခြင်းအား တားမြစ် ပိတ်ပင်ခြင်းမရှိစေ ရေး၊ ရိဒ်ရေကန်တွင် ရေကူးခြင်းအား တားမြစ်ပိတ်ပင်ခြင်းမရှိစေရေး ရိဒ်ရေကန်တွင် စက်လှေမောင်း နှင်ခြင်းအား တားမြစ်ပိတ်ပင်ခြင်း မရှိစေရေး၊ ရိဒ်ရေကန်ပတ်လည် လယ်ယာမြေစိုက်ပျိုးခြင်း အဟန် ့အတားမပြုရေး နှင့် မိုးရာသီတွင် ရိဒ်ရေကန်မှလျှံထွက်နေသော ရေနုတ်မြောင်းပြုပြင်ခြင်း အားတားမြစ်ခြင်းမပြုစေရေး တို ့ဖြစ်သည်။
ရိဒ်ခေါ်ဒါရ်မြို့ဒေသခံ U Peka က “ ကမ္ဗည်းမော်ကွန်းစိုက်ထူဖို့ကိစ္စကို ဒေသခံတွေက မကျေနပ်လို့ ဆန္ဒဖော်ထုတ်သွားမှာဖြစ်တယ်။ ပြီးတော့ အစိုးရဖက်က ရိဒ်ရေကန်မှာ ငါးမဖမ်းရ၊ စက်လှေမမောင်းရ၊ ခွင့်ပြုချက်မပါပဲ ဘာမှလုပ်လို့မရဘူး ဆိုတဲ့အချက်တွေလည်းပါမယ်။ ဒေသခံတွေအနေနဲ့ နှစ်နဲ့ချီထိန်းသိမ်းပြီးပြီ။ ရေကန်က ရေနောက်တာမျိုးလည်းမရှိပါဘူး” ဟုပြောသည်။
စိုက်ပျိုးရေးဌာန၊ ဒုညွှန်မှုးလက်မှတ်ဖြင့် နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း ရိဒ်ရေကန်အနီးတဝှတ် လယ်ယာလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိခြင်းကြောင့် (ရိဒ်) ရေကန်တိမ်ကောမှု မရှိစေရန်ဟု အကြောင်းပြလျှက် လယ်သမားများ လယ်ယာမြေအစားထိုး ပြန်လည်ပေးအပ် အခြားအရပ်ဒေသ သို ့ပြောင်းရှွေ ့စိုက်ပျိုးနိုင်ရေးအတွက် ညှွန်ကြားချက်အရ မြို ့နယ်မြေစာရင်းဦးစီးဌာနအား မြေအစားထိုးပေးအပ်နိုင်ရေးအတွက် ညွန်ကြားချက်အရ မြို ့နယ်မြေစာရင်းဦးစီးဌာနအား မြေအစားထိုးပေး အပ်နိုင်ရန်ကွင်းဆင်းခဲ့ကြသော်လည်း ဒေသခံများ၏ ဆန္ဒမေးမြန်းခြင်းမရှိခြင်းနှင့် ရေကန်အနီးလယ်ယာမြေကဲ့သို့ကောင်းသည့် မြေနေရာများ အခြားနေရာတွင်မရှိကြောင်း ဒေသခံများကပြောဆိုကြသည်။







