ဆယ်ကျော်သက် အိမ်အကူ အမျိုးသမီးနှစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုပြန်လည်ကုစားပေးမည်

ဆယ်ကျော်သက် အိမ်အကူ အမျိုးသမီးနှစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုပြန်လည်ကုစားပေးမည်
by -
မဇ္ဈိမ
ညှင်းပန်းနှိပ်စက်ခံခဲ့ရသည့် ဆယ်ကျော်သက်အိမ်အကူအမျိုးသမီးနှစ်ဦးသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာများ ထိခိုက်ခဲ့ ရသည့် အတွက်   ပြန်လည်ကောင်းမွန်လာသည် အထိ စောင့်ရှောက်ပေးသွားမည်ဟု လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မဇ္စျိမကိုပြောသည်။

“ စိတ်ဓာတ်ရေးရာ မြင့်တင်မှုတွေလုပ်ပေးမယ်။ အခု လတ်တလောကတော့ စိတ်ရော လူရော ထိခိုက်တဲ့အတွက် ကြောင့် ဥပမာ သူက စိတ်ရောဂါနဲ့ ပက်သက်လို့ လိုအပ်ရင် စိတ်ရောဂါဆရာဝန်ဆီ သူ့ကို ညွန်းပို့ပြီးတော့ စိတ်ကျန်း မာရေးကိစ္စနဲ့ ပက်သက်ပြီးကုရမယ့် ကိစ္စတွေရှိမယ် ” ဟု ၄င်းက ပြောသည်။

အဆိုပါ မိန်းကလေးငယ်နှစ်ဦးသည် အင်းဝစက်ချုပ်ဆိုင်တွင်ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကြောင့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိ ရသည်။

ဆယ်ကျော်သက် အိမ်အကူ မိန်းကလေးနှစ်ယောက်တို့၏ အိမ်တွင်ဆိုပါက လုံလောက်သော ပြုစုစောင့်ရှောက်မှုများ လုပ်ပေးနိုင် မည်မဟုတ်သောကြောင့် နတ်မောက်မြို့ရှိ အမျိုးသမီး သက်မွေးပညာသင် ကျောင်းတွင် အုပ်ထိန်းသူနှင့် အတူ ခေါ်ယူစောင့်ရှောက် ထားမည်ဖြစ်ကြောင်း ဒေါက်တာ ၀င်းမြတ်အေးက ပြောသည်။

“ ဒီလိုမျိုး တစ်ခုခုခံစားခဲ့ရတဲ့ အမျိုးသမီးတွေ ပြန်လည်ထူထောင်တဲ့ သင်တန်းကျောင်းတွေ ကျွန်တော်တို့မှာရှိတယ်။ အဲ့တာကြောင့် မို့လို့ အသက်မွေးပညာသင်ကျောင်းမှာ သူတို့ကို စိတ်ဓာတ်ရေးရာ မြင့်တင်မှုတွေလည်းလုပ်ပေးမယ်။ နောက်ပြီးတဲ့ အခါကျတော့ ဒီ အသက်မွေးဝမ်းကျောင်းတွေ သူက ဒီနေရာမှာ အလုပ်ဆက်လုပ်လို့မဖြစ်တော့ဘူးဆိုရင် သူ့ကို အဲ့ဒီ နေရာကနေဖယ်ထုတ်ရတော့မယ်။ ဆိုရင် သူ့အသက်မွေးဝမ်းကျောင်းလိုလာပြီလေ။ အဲ့တော့ သူ့အသက် မွေးဝမ်းကျောင်းကို ပြန်လည်ထူထောင်ရတဲ့လုပ်ငန်းက ကျွန်တော်တို့ကလုပ်ပေးရမှာပေါ့။ အဲ့ဒီ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ဝန်ကြီးဌာနမှာ ရှိနေတဲ့ အမျိုးသမီး အသက်မွေး အတတ်သင်ကျောင်းမှာ သူတို့ကို ထားတာ"  ဟု ၄င်းက ပြောဆိုသည်။

နှိပ်စက်ခံရသည့် အိမ်အကူအမျိုးသမီးနှစ်ဦးကို အချိန်ကာလအတိုင်းအတာမထားဘဲ လတ်တလော အမှုဖြစ်ပွားနေ သည့် အချိန်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး မှစောင့်ရှောက်ထားမည် ဖြစ်သည်။

ကျောက်တံတားမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်မိသားစုက အသက်(၁၆)နှစ်နှင့် (၁၇)နှစ်အရွယ် ဆယ်ကျော်သက် အိမ်အကူ မိန်းကလေး ငယ်နှစ်ဦးအား ကိုယ်လက်အင်္ဂါ ချို့ယွင်းစေသည်အထိ နှိပ်စက်မှု ပြုလုပ်ခဲ့သောကြောင့် လူကုန် ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်းက တရားလိုပြုလုပ်ကာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပ ဒေပုဒ်မ ၂၄/၃၂ ဖြင့် ဦးစွာအမှု ဖွင့်ခဲ့သည်။

စက်တင်ဘာ ၂၁ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန် ကြီးဌာနကပါ တရားလို ပြု လုပ်၍ ကလေးသူငယ်ပုဒ်မ ၆၆(ဃ) ထပ်မံအမှုဖွင်ခဲ့ခြင်း ဖြစ်သည်။

အင်းဝ အပ်ချုပ်ဆိုင် မိသားစုဝင်များ ထဲမှ အသက် (၅၇) နှစ်အရွယ် အိမ်ရှင် ဒေါ်တင်သူဇာကိုသင်္ဃန်း ကျွန်းမြို့နယ်ရှိ ၄င်း၏အဒါ်ဖြစ်သူ နေအိမ်တွင် စက်တင်ဘာ ၂၀ ရက် ည ၉ နာရီ မိနစ် ၄၀ တွင် ဖမ်းဆီးနိုင်ခဲ့ပြီး သားဖြစ်သူ အသက် (၃၇) နှစ်အရွယ် တင်မင်းလတ် (ခ) ဖိုက်ဇယ်ကို စက်တင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီကျော်၌ ှရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းတွင်ဖမ်း ဆီးနိုင်ခဲ့သည်။

သမီးဖြစ်သူ အသက် (၂၇) နှစ်အရွယ် စုမွန်လတ်သည် မွန်းလွဲ တစ်နာရီခန့်တွင် ရဲစခန်း သို့ လာရောက်ဖမ်း ဆီးခံခဲ့ပြီး အိမ်ရှင် အမျိုးသား ဦးကိုလတ် (၆၃) နှစ်ကိို   စက်တင် ဘာ ၂၁ ရက် ည ၈ နာရီ ၅၀ မိနစ် ခန့်တွင် ဖမ်းဆီး ထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။

အဆိုပါ ကိစ္စနှင့်ပက်ပြီး စက်တင်ဘာ ၁၅ ရက်နေ့က လူ့အခွင့်အရေးကော်မရှင်၏ ညှိနှိုင်းပေးမှုဖြင့် ညှင်းပန်းနှိပ်စက်ခံရ သည့် အိမ်အကူ အမျိုးသမီးနှစ်ဦးအတွက် နစ်နာကြေးသိန်း ၅၀ဖြင့် ကျေအေးရန်သဘောတူခဲ့ပြီး အဆိုပါ ကော်မရှင်၏ ညှိနှိုင်းပေးမှုအပေါ် ဝေဖန်မှုများရှိခဲ့သည်။

စက်တင်ဘာ ၂၁ရက်နေ့တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ၂၂ ရက်နေ့မ နက် ပိုင်း တွင် ကော်မရှင်မှ လူအချို့ကို ထိရောက်စွာအရေးယူရန်    ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဦးဌေးဝင်း အောင်(ခ) ဦးပြံုးချိုမှ အရေးကြီး အ ဆိုတင်သွင်းခဲ့ပြီး လွှတ်တော် ဥက္ကဋ္ဌမှ ဆက်လက်ဆွေးနွေးရန် လက်ခံခဲ့သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...