ခိုင်ကမ်းနှင့် လိုင်လင်းပီမြို့တို့တွင် စည်ပင်ရွေးကောက်ပွဲကျင်းပမည်မဟုတ် ချင်းဝေါလ် စက်တင်ဘာ ၂၂

ခိုင်ကမ်းနှင့် လိုင်လင်းပီမြို့တို့တွင် စည်ပင်ရွေးကောက်ပွဲကျင်းပမည်မဟုတ် ချင်းဝေါလ် စက်တင်ဘာ ၂၂
by -
ချင်းဝေါလ်
စည်ပင်ဖွဲ့စည်းမှု မပီပြင်သေးသည့်အတွက် ချင်းပြည်နယ် စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲကို ခိုင်ကမ်းနှင့်လိုင်လင်းပီမြို့ တို့တွင်ကျင်းပမည်မဟုတ်ကြောင်းသိရသည်။

ချင်းပြည်နယ် စည်ပင် သာယာရေးကော်မတီရွေးကောက်ပွဲကိုု အောက်တိုုဘာလ ၈ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် ကျီခါး၊ တွန်းဇံ၊ တီးတိန်၊ ရိခေါဒါရ်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ ကန်ပက်လက်၊ ဆမီး၊ ပလက်ဝ၊ မင်းတပ်၊ မတူပီနှင့် ရေဇွာ စသည့်မြို့ ၁၃ မြို့တို့တွင် တစ်ပြိုင်နက် ကျင်းပပြုလုုပ်မည်ဖြစ်သည်။

“လိုုင်လင်းပီ နဲ့ ခိုုင်ကမ်းမြို့တွေက မြို့အဆင့်ကိုု မကြာခင်ကမှ တိုုးမြှင့်ဖွဲ့စည်းခွင့်ကျထားတာဖြစ် ပါတယ်။ စည်ပင်အနေနဲ့ မြို့တာဝန်ခံတွေ (အမှုဆောင်အရာရှိ မဟုုတ်) ကိုု ခန့်ထားပြီးဖြစ်ပေမယ့် စည်ပင်လုုပ်ငန်းတွေကိုု ပီပီပြင်ပြင်ဆောင်ရွက်နိုုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် စည်ပင်လုုပ်ငန်းတွေ ပီပီ ပြင်ပြင်ဆောင်ရွက်နိုုင်ပြီး၊ မြို့လူထုုကလည်း စည်ပင်လုုပ်ငန်းအကြောင်း သိရှိနားလည်မှုများလာပြီး၊ ရွေးကောက်ပွဲကျင်းပဖိုု့အဆင်သင့်ဖြစ်ပြီလိုု့ သုံုးသပ်ရတဲ့အခါ စည်ပင်ရွေးကောက်ပွဲကိုု ကျင်းပပေးပါ မယ်”ဟု စက်တင်ဘာ ၁၄ ရက် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင်ကျင်းပသည့် ချင်းပြည်နယ် စည်ပင်ရွေးကောက်ပွဲ ပြည်နယ်ကြီးကြပ်ရေး အဖွဲ့နှင့် မြို့နယ်/မြို့ကြီးကြပ်ရေးအဖွဲ့ခွဲများ ရဲ့ လုုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

လက်ရှိအချိန် ယင်းမြို့များတွင် မြို့တာဝန်ခံ၊ ထွေ/အုပ်မှတာဝန်ပေးထားသောကိုုယ်စားလှယ်နှင့် စည်ပင်ဝန်ကြီးက တိုက်ရိုက် ခန့်ထားသည့် မြို့မိ/မြို့ဖတစ်ဦးတို့ကတာဝန်ယူဆောင်ရွက်မည်ဟု ၄င်းကဆက်လက်ပြောကြားခဲ့သည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...