တိုင်းရင်းသားဒေသများ စဉ်ဆက်မပျက်တိုးတက်ရေး ရုပ်သံဥပဒေထွက်ရှိရန်လိုအပ်

တိုင်းရင်းသားဒေသများ စဉ်ဆက်မပျက်တိုးတက်ရေး ရုပ်သံဥပဒေထွက်ရှိရန်လိုအပ်

ဒီမိုကရေစီကူးပြောင်းဆဲကာလမှာ မဏ္ဏိုင်သုံးရပ်နှင့် သတင်းမီဒီယာကြားတွင် အပြန်အလှန်နားလည်မှုနှင့်ယုံကြည်မှုတွေတည်ဆောက်ပြီး တိုင်းရင်းသားဒေသများ၏ စဉ်ဆက်မပျက်တိုးတက်ရန် ရုပ်သံဥပဒေထွက်ရှိပြီး အကောင်ထည်ဖော်ရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်ကပြောသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပသည့် ဆဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံတွင် ပြည်ထောင်စုပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ကပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိတွင် ရုပ်မြင်သံကြားကဏ္ဍတွင် တိုင်းရင်းသားမီဒီယာဖွံ့ဖြိုးတိုးတက်အတွက် လုပ်ဆောင်ကာ မကြာသေးခင်က ရုပ်သံလိုင်း ၅ ခုကိုထပ်တိုးထားရန် လုပ်ကို်င်ခွင့်တွေပေးထားကြောင်း ဝန်ကြီးကပြောသည်။

တိုင်းရင်းသားများ၏ Digital Video ပိုင်းဆိုင်ရာ တိုးတက်လာမှုအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာပူးပေါင်းပြီးတော့ လက်တွေ့အကောင်ထည်ဖော်ရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် “ အဓိက အချက်ကတော့ ကျွန်တော်တို့ ရုပ်သံဥပဒေသည် ပေါ်လာပြီးလို့ရှိရင် နောက်ထပ် ရုပ်သံလုပ်ငန်းအသစ်တွေ ကိုယ်ပိုင်ပေါ့ သီးခြားလုပ်တဲ့သူတွေက သူ့ဟာနဲ့သူရှိရှိလာမယ်သူ့အစီအစဉ်နဲ့သူ နည်းဥပဒေတွေ မှာပါတဲ့အတိုင်းဖြစ်လာမယ်ဒီကြားထဲမှာ ကျွန်တော်တို့နဲ့ပူးတွဲပြီးလုပ်လို့ရတယ်” ဟုပြောဆိုခဲ့သည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသားလူမျိုးများ၏ သတင်းမီဒီယာ စွမ််းဆောင်ရည်မြှင့်တင်ရေး အတွက်သာမက စာပေနှင့်် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးပိုင်းတွင်လည်း စာအုပ်စာပေ၊ စာဖတ်သူတိုးပွားရေး၊ အသိပညာတိုးတက်ရေးတွေစသည်တို့တွေအများကြီးလုပ်ဆောင်သွားရန်လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တိုင်းရင်းမီဒီယာညီလာခံသည် တိုင်းရင်းသားများ၏ မီဒီယာ ရေရှည်တည်တံ့ရေးနှှင့် အသိမြှင့်တင်ပေးရန်အတွက် တစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် ညီလာခံဖြစ်သည်။ပထမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံက်ို ၂၀၁၃ ခုနှစ်တွင် မော်လမြိုင်မြို့၊ ၂၀၁၄ တွင် တောင်ကြီးမြို့၊ ၂၀၁၅ တွင် ဟာခါးမြို့၊ ၂၀၁၆ တွင် ရခို်င််ပြည်နယ် မြောက်ဦးမြို့၊၂၀၁၇ တွင် ကယားပြည်နယ် လွိုင်ကော်မြို့တို ့တွင် ကျင်းပခဲ့ကြသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...