ဖွဲ့စည်းပုံတွင် တပ်မတော်ကို ဗီတိုအာဏာပေးထား နိုင်ငံသား လွတ်လပ်ခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ဖွဲ့စည်းပုံတွင် တပ်မတော်ကို ဗီတိုအာဏာပေးထား နိုင်ငံသား လွတ်လပ်ခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော
by -
မဇ္ဈိမ
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်ကို ဗီတိုအာဏာပေးထားခြင်းကြောင့် ဖွဲ့စည်းပုံပြင်နိုင်ရန် ခက်ခဲနေပြီး နိုင်ငံသားများ၏ လွတ်လပ်ခွင့်ကို အပြည့်အဝပေးရန် တပ်မတော်ကို နိင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်​းစုကြည်က တိုက်တွန်း ပြောဆိုလိုက်သည်။

 “လွှတ်တော်ထဲမှာ အမတ်နေရာအများစုကို ကျွန်မတို့ အနိုင်ရခဲ့တယ်ဆိုပေမယ့်လည်း ဖွဲ့စည်းပုံပြင်ဖို့တော့ ပြီးပြည့်စုံတဲ့ အခွင့်အာဏာ မရထားသေးပါဘူး။ ဒါဟာ ဖွဲ့စည်းပုံ ဥပဒေကြောင့် ဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံက တပ်မတော်ကို လွှတ်တော်ထဲမှာ ဗီတိုအာဏာကို ပေးထားလို့ပါ။ အဓိပ္ပါယ်ပြည့်စုံတဲ့ ဖွဲ့စည်းပုံအဖြစ် ပြင်ဆင်ဖို့တောင် တပ်မတော်က ကန့်ကွက်နိုင်တဲ့ ဗီတိုအာဏာ ရှိနေပါတယ်” ဟု နယူးယောက်မြို့ Asia Society တွင်  ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲမဝင်ခင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူလရည်မှန်းချက်ဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် လက်တွေ့အကောင်အထည် မပေါ်လာသေးသည့် အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

“ခုချိန်မှာ ဆိုရင်လည်း ကျွန်မတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က နိုင်ငံရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ရယူထားတုန်းပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုခဲ့သည်။ အလားတူ “ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့ဆိုရင် ကျွန်မတို့ လွှတ်တော်ထဲမှာ ရ၅ ရာခိုင်နှုန်းထက်ကျော် သဘောတူမှ ရပါလိမ့်မယ်။ ဆိုလိုတာက ရွေးကောက်ခံ အမတ်တွေအားလုံးရဲ့ သဘောတူညီမှုနဲ့ မရပါဘူး။ ပြောချင်တာက တပ်မတော် ကိုယ်စားလှယ်အုပ်စုထဲက ရဲစွမ်းသတ္တိရှိတဲ့ ကိုယ်စားလှယ်တစ်ဦးရဲ့ သဘောတူညီမှုလိုတယ်လို့ ပြောချင်ပါတယ်” ဟုလည်းဆိုသည်။

“ကျွန်မတို့ တပ်မတော်ကို ကျွန်မအနေနဲ့ တန်ဖိုးထားပါတယ်။  ဘာလို့လဲဆိုတော့ တပ်မတော်ဆိုတာလည်း ကျွန်မရဲ့ ဖခင်ကြီးက လွတ်လပ်ရေးကြိုးပမ်းဖို့အတွက် တည်ထောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စစ်တပ်ကို တိုက်တွန်းချင်တာက နိုင်ငံသားတွေရဲ့လွတ်လပ်ခွင့်ကို ကာကွယ်ပေးဖို့ ပြောချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

(Asia Society ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုသည် မိနစ် ၅၀ ကျော်ကြာမြင့်ပြီး ယခုအပိုင်းသည် တပ်မတော်နှင့် ပတ်သက်သည့် ပြောဆိုမှုကို ထုတ်နုတ်တင်ပြခြင်းဖြစ်ပြီး ကဏ္ဍအလိုက် မဇ္ဈိမက ဆက်လက် ဖေါ်ပြပါမည်)

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...