အသက်မပြည့်သောမိန်းမငယ်နှစ်ဦးအား လွန်ခဲ့သော ၃ နှစ်က အဓမ္မပြုကျင့်ခဲ့သူကို အမှု ့ဖွင့်

အသက်မပြည့်သောမိန်းမငယ်နှစ်ဦးအား လွန်ခဲ့သော ၃ နှစ်က အဓမ္မပြုကျင့်ခဲ့သူကို အမှု ့ဖွင့်

စစ်ကိုင်းတိုင်း  ကလေးမြို ့နယ်၊လက်ပံချောင်း ကျေးရွာနေ ဆယ့်လေးနှစ်ရွယ်နှင့် ဆယ့်ငါးနှစ်ရွယ် မိန်းမငယ် နှစ်ဦးအား လွန်ခဲ့သော ၃ နှစ်က အဓမ္မပြုကျင့်ခဲ့သည် ့တရားခံကို ဖမ်းဆီးပြီးပြီဖြစ်၍ တရားရုံးတွင် တရားရင်ဆိုင်ဖို့ ဆောင်ရွက်နေသည်ဟု အထက်ချင်းတွင်းလူငယ်ကွန်ယက် ဒါရိုက်တာ ဦးကျော်သက်ဝင်းက ချင်းဝေါလ် သတင်းဌာနသို့ ပြောသည်။

“တရားရုံးမှာ အမြန်ဆုံး တရားစွဲဆိုနိူင်ဖို့၊ ကလေးတွေကို ကျန်းမာရေးဆေးစစ်တဲ့ဟာ၊ ဆေးစစ်ချက်တွေရရှိဖို့၊ အမှုမှန်ပေါ်ပေါက်ဖို့၊ မြန်မာနိူင်ငံ ရဲတပ်ဖွဲ့နဲ့ အဓိက ပူးပေါင်းပါဝင်ဆောင်ရွက်နေတယ်” ဟုအထက်ချင်းတွင်းလူငယ်ကွန်ယက် ဒါရိုက်တာ ကပြောသည်။

အဆိုပါအကြောင်းသည် ပြီးခဲ့သည့် ၃ နှစ်တွင် ဖြစ်ခဲ့သည့်အကြောင်းဖြစ်ပြီး ကာယာကံရှင် ကလေးမိန်းမငယ်နှစ်ဦးမှ ပြန်တိုင်ခဲ့သည့် အမှုဖြစ်သည်။

“အဓိကတော့ တရားစွဲဖိုု့ပေါ့နော်၊ ဒါပြီးတော့ ဆေးစစ်ချက်တွေ ကျွန်တော်တို့ စပြီးလုပ်ဆောင်နေတယ်၊ ဒီဟာကိုလည်း မှန်မှန်ကန်ကန် တရားဥပဒေကြောင်းအရ ဖြေရှင်းဖို့ ကျွန်တော် တို့စတင်လုပ်နေပြီ” ဟု အထက်ချင်းတွင်းလူငယ်ကွန်ယက် ဒါရိုက်တာမှဆက်လက်ပြောသည်။

သူကဆက်ပြီး “အဓိကတော့ ကျွန်တော်တို့ကို လှမ်းကူညီတောင်းမယ်ဆိုရင် ဘာဘဲဖြစ်ဖြစ် ဖြေရှင်းပေးမှာပါ၊ အဲ့ဒီမှုတွဲနဲ့ ပတ်သက်ပြီးတော့ အဲ့နှစ်ယောက်ပဲရှိသေးတယ်၊ ကျန်တဲ့အမှုတွဲ မရောက်ရှိသေးပါဘူး၊  ရောက်ရှိလာရင်တော့ သူ့ကို ဥပဒေအကြောင်းရ သူ့ကို ပုဒ်မ တတ်ပြီး ဆက်လက်အရေးယူဖို့ ရှိပါတယ်” ဟု ဆက်ပြောသည်။

ကလေးမြို့နယ် လက်ပံချောင်းကျေးရွာတွင်နေထိုင်သော ဦး……… သည် ဖလမ်းမြို့နယ်မှ လာရောက်နေထိုင်သော မိုင်…..(၁၅)နှစ်ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းတွင်လည်းကောင်း၊ မိုင်……(၁၄)နှစ်ကို ၂၀၁၈ ခုနှစ် ဧပြီလတွင်လည်းကောင်း အဓမ္မပြုကျင့််မှု၊ နာကျင်စေမှုတို့ကို အမှုပူးတွဲပြီး မြန်မာနိူင်ငံ ရဲတပ်ဖွဲ့ နှင့် အထက်ချင်းတွင်းလူငယ်ကွန်ယက် ပူးပေါင်းကာ အမှု့ ဖွင့်ဆောင် ရွက်နေကြောင်းသိရသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...