ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လူငယ်ပါ၀င်မှုနည်းနေ

ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လူငယ်ပါ၀င်မှုနည်းနေ
by -
မဇ္ဈိမ
 ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လူငယ်ပါ၀င်မှုနည်းပါးနေပြီး လူငယ်များပါ၀င်မှုမရှိသည့် ငြိမ်းချမ်းရေးသည် မည်သည့်အခါမျှ အောင် မည်မည်ဟုတ်ဟု အမျိုးသားအဆင့် ဆွေးနွေးပွဲကျင်းပရေးကော်မတီ  ပါတီများအစုအဖွဲ့မှ စိုင်းကျော်ညွှန့် ပြောဆို လိုက်သည်။

လူငယ်များသည် နောက် အနာဂတ်ငြိမ်းချမ်းရေးကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သောကြောင့် လူငယ်များပါ၀င် လာအောင် ဆောင်ရွက်သွားရမည်ဟု  ၄င်းကဆက်လက် ပြောသည်။

" အခုအတိုင်းတာထိဆိုရင်တော့ ပါ၀င်မှု တော်တာ်ကိုနည်းသေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ရဲ့ ဖြစ်စဉ်က အခုမှ စပြီး ပြောင်းလဲရတဲ့ ဖြစ်စဉ်ဖြစ်နေလို့ပဲ။ လူငယ်တွေရဲ့ အခန်းကဏ္ဍက တော်တော်ကို နည်းသေးတယ်တယ်လို့ မြင်တယ် " ဟု စိုင်း ကျော်ညွှန့်က ပြောသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ စက် တင်ဘာ ၂၁ ရက် အခမ်းနားတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပဋိပက္ခ ဖြစ်ပွားနေသည့်ဒေသများတွင်လူငယ်များအနေနှင့် ပညာရေးနှင့် ဘဝအာမခံချက်များ ထိခိုက်မှုရှိနေသည်ဟု ကုလသ မဂ္ဂ ဌာနေညှိနှိုင်းရေးမှူးရုံးမှ ဒေါက်တာစုစုသာထွန်းက ပြောသည်။

လူငယ်တွေ၏ အနာဂတ်အတွက်သော်လည်းကောင်း တိုင်းပြည်ရဲ့အနာဂတ်အတွက်သော်လည်းကောင်း ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လူငယ်များ ပါ၀င် သင့်ပြီး မပါ၀င်လာပါက လာမည့်ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် စိန်ခေါ်မှုများ ကြံုတွေ့နိုင်သည်ဟု ဒေါက်တာ စုစုသာထွန်းက ပြောဆိုသည်။

" အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေထဲကို လူငယ်တွေရဲ့အသံ များကို စီးဝင်ဖို့အတွက် လမ်းတွေဖွင့်ပေးဖို့ ရှိတယ် ဆိုတာ လည်း သိပါတယ်။ ဒီလိုမျိုးလမ်းတွေဖွင့်ပေးမယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေးက ပိုမိုခိုင်မာလာမယ်လို့ယူဆပါတယ်"ဟု ၎င်းက ဆက် လက်ပြောသည်။

အဆိုပါပွဲကို ကမ္ဘာ့ကုလသမဂ္ဂ(UN)မှ ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်း အချို့မှကိုယ်စားလှယ်များ၊ ပါတီအဖွဲ့စည်းများမှ ကိုယ်စားလှယ်များ၊ NCA အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်တချို့နှင့် ၂၁ ရာစု ပင်လုံညီလာခံပြင်ဆင်ရေးကော်မတီမှ ကိုယ်စားလှယ်တို့ တတ်ရောက်ခဲ့ကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ပွဲကို ရန်ကုန်မြို့ပြည်လမ်း ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်း ချမ်းရေး ဗဟိုဌာ န (NRPC) တွင် NRPC နှင့်  ကမ္ဘာကုလသမဂ္ဂ (UN) တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...