ထန်တလန်မြို့နယ် စည်ပင်ဌာနမှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စိုက်ထူရန် တင်ပြလာခြင်းကြောင့် ခွင့်ပြုခြင်းဖြစ်ပြီး ပြည်နယ်အစိုးရမှ ညွှန်ကြားခြင်းမဟုတ်ကြောင်း ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်ကပြောသည်။
ဆလိုင်းအိုင်ဇက်ခင်က “ဒီဘတ်ဂျက်ကတော့ မြို့နယ်ကနေလာတာ။ တကယ်တော့ အဲဒီစီမံကိန်းတွေက မြို့နယ်စည်ပင်ကနေ တက်လာတယ်၊ ပြည်နယ်အစိုးရဘက်ကတော့ ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါဆိုတာတွေတော့ မရှိဘူး၊ မြို့နယ်စည်ပင်ကနေ တက်လာတဲ့ ဘတ်ဂျက်ကိုတော့ ချပေးတယ်၊ ပြည်နယ်အစိုးရဘက်ကတော့ ဘတ်ဂျက်ချပေးတာမဟုတ်ပဲ မြို့နယ်စည်ပင်ကနေ တင်လာတဲ့ ဘတ်ဂျက်ကို အတည်ပြုပေးတာပဲရှိတယ်” ဟု ပြောပါသည်။
ထန်တလန်မြို့ ဗိုလ်ချုပ်အောင်ဆန်း စိုက်ထူမည့် နေရာနဲ့ပတ်သက်ပြီး၊ ဒေသခံမြို့မိမြို့ဖများက ဒေသခံပြည်သူလူထုနဲ့ ညှိုနိူင်းပြီး ဆက်လက်လုပ်ဆောင်မည််ဖြစ်ကြောင်း ထန်တလန် မြို့မိမြို့ဖ Pu Nawl Hram ထံမှသိရသည်။
Pu Nawl Hram က “ဆုံးဖြတ်ချက်လည်း မလုပ်ရသေးဘူး၊ အစိုးဘက်ကကောင်းတယ်ဆိုရင် လုပ်ရမှာပေါ့၊ ပြည်သူတွေက ထောက်ခံမှုရှိမှသာ အကောင်အထည်ဖေါ်မယ်၊ ပြည်သူတွေက ထောက်ခံမှုနဲ့ ပြည်သူတွေဆန္ဒရှိမှသာ ဗိုလ်ချုပ်ကြေးရုပ်လုပ်မယ်၊ ပြည်သူတွေက ကန့်ကွက်ရင်တော့ ပြောလို့မရသေးဘူး၊ စည်ပင်ဝန်ကြီးက ဘယ်လိုစီမံထားတယ်တော့ မသိဘူး” ဟု ထန်တလန်မြိို့မိမြို့ဖ Pu Ngun Hram က ပြောသည်။
ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပတ်သက်ပြီး လူမှုကွန်ယက်တွင် ဒေသခံပြည်သူတွေက မလိုအပ်ကြောင်းနှင့် ထန်တလန်မြို့ သူရဲကောင်း ကြေးရုပ်တင်စေလိုကြောင်း ပြောဆိုကြသည်။
“ကျွန်တော်တို့ နေရာလည်း မကြည့်သေးဘူး၊ နေရာလည်း မယာထားသေးဘူး၊ ဗိုလ်ချုပ်ကြေးရုပ်ရောက်မလား မရောက်ဘူးလားတောင် ကျွန်တော်တို့မသိဘူး၊ မြို့မိ မြို့ဖ၊ စည်ပင်နဲ့တောင် မတွေ့ရသေးဘူး၊ ဒီသတင်းက ဒေသခံတွေ မပြောခင် လူမှုကွန်ယက်ကို ရောက်တော့ နိူင်ငံခြားနေတဲ့သူတွေက ပြန်မေးကြတယ် ဘယ်လိုပြန်ဖြေရမလဲတောင် ကျွန်တော်တို့ မသိကြဘူး၊ ဗိုလ်ချုပ်ကြေးရုပ်ကို မကြိုိက်တဲ့သူကလည်း ရှိနေတော့ ကန့်ကွက်သူတွေလည်းရှိတယ်၊ ကြိုက်တဲ့သူကလည်း ဘာကြောင့် ဆိုတာတွေတော့ အထောက်အထားနဲ့ သက်သေပြဖို့လိုတယ်၊ အခုထိ ဒီကိစ္စကို ကျွန်တော်တို့ မစဉ်းစားပဲ လူမှုကွန်ယက် ဘယ်လိုပြန့်သွားသလဲတောင် ကျွန်တော် မသိဘူး” ဟု Pu Lawm Bik ကပြောသည်။
ဆက်ပြီးသူက “ထန်တလန်မြို့လယ် ကြေးရုပ်တည်ဆောက်မည့် နေရာလည်းမရှိဘူး၊ ပြည်သူနဲ့ ပြန်လည်ညှိုရမယ်၊ ပြည်သူတွေ ဘယ်လိုဆန္ဒရှိသလဲ ဆိုတာ သိမှ ကျွန်တော်တို့ ဆက်လုပ်မည်၊ အခုထိ ပန်းခြံတောင် မရှိသေးဘူး” ဟု ဆက်လကပြောကြားသည်။







