ကျပ် ၁၉ သန်းဖြင့် ခိုင်ကမ်းမြို့လမ်းတာချဲ့မှု တစ်လကြာရပ်ဆိုင်းနေပြီဖြစ်

ကျပ် ၁၉ သန်းဖြင့် ခိုင်ကမ်းမြို့လမ်းတာချဲ့မှု တစ်လကြာရပ်ဆိုင်းနေပြီဖြစ်

ကျပ် ၁၉ သန်းအကုန်ကျခံကာ ခိုင်ကမ်းမြို့လမ်းတာချဲ့ခြင်း လုပ်ငန်းကို စက်ယန္တယားအခြေအနေကြောင့် တစ်လဝန်းကျင်နီးပါး ရပ်ဆိုင်းထားပြီဖြစ်ကြောင်း ခိုင်ကမ်းမြို့မိမြို့ဖ ဦးရှက်မှန်ကပြောသည်။

“ ပြီးတော့မပြီးသေးဘူး။ လုပ်ငန်းလုပ်တဲ့အချိန်မှာ အသုံးပြုတဲ့ စက်ကြီးတွေ သိပ်အဆင်မပြေလို့ လုပ်ငန်းရပ်ထားတာ တစ်လလောက်ကြာပြီ” ဟုသူကပြောသည်။

ခိုင်ကမ်းမြို့ အမှတ် (၄) ရပ်ကွက်ကြိုးတံတားမှ အခြေခံပညာအလယ်တန်းကျောင်းအထိ မြို့တွင်းလမ်းတာချဲ့ခြင်းလုပ်ငန်းကို ၂၀၁၇ – ၁၈ ခုနှစ် ဖြည့်စွက်ဘဏ္ဍငွေ ကျပ် ၁၉ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

လုပ်ငန်းဆောင်ရွက်မှုကို Chin Hill Sun ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းတာချဲ့မည့်အရှည်မှာ ၂၀၀၂ ဒသမ ၅၆၈ မီတာ ၊ မိုင်အားဖြင့် ၁ မိုင် ၂ ဖာလုံရှိကြောင်း ၊ လမ်းတာချဲ့လုပ်ငန်းအပြင် အတက်အဆင်းလျော့နည်းမည့် လမ်းအူကြောင်းအသစ်ကိုလည်း ဖောက်လုပ်ထားကြောင်းသိရသည်။

ခိုင်ကမ်းမြို့သည် ကလေးမြို့အထွက် ချင်းပြည်နယ်အစ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် နယ်စပ်ဖြစ်ပြီး တီးတိန်မြို့နယ်အတွင်းတွင် တည်ရှိသည့် မြို့ဖြစ်သည်။

 

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...