ကျပ် ၁၉ သန်းဖြင့် ခိုင်ကမ်းမြို့လမ်းတာချဲ့မှု တစ်လကြာရပ်ဆိုင်းနေပြီဖြစ်

ကျပ် ၁၉ သန်းဖြင့် ခိုင်ကမ်းမြို့လမ်းတာချဲ့မှု တစ်လကြာရပ်ဆိုင်းနေပြီဖြစ်

ကျပ် ၁၉ သန်းအကုန်ကျခံကာ ခိုင်ကမ်းမြို့လမ်းတာချဲ့ခြင်း လုပ်ငန်းကို စက်ယန္တယားအခြေအနေကြောင့် တစ်လဝန်းကျင်နီးပါး ရပ်ဆိုင်းထားပြီဖြစ်ကြောင်း ခိုင်ကမ်းမြို့မိမြို့ဖ ဦးရှက်မှန်ကပြောသည်။

“ ပြီးတော့မပြီးသေးဘူး။ လုပ်ငန်းလုပ်တဲ့အချိန်မှာ အသုံးပြုတဲ့ စက်ကြီးတွေ သိပ်အဆင်မပြေလို့ လုပ်ငန်းရပ်ထားတာ တစ်လလောက်ကြာပြီ” ဟုသူကပြောသည်။

ခိုင်ကမ်းမြို့ အမှတ် (၄) ရပ်ကွက်ကြိုးတံတားမှ အခြေခံပညာအလယ်တန်းကျောင်းအထိ မြို့တွင်းလမ်းတာချဲ့ခြင်းလုပ်ငန်းကို ၂၀၁၇ – ၁၈ ခုနှစ် ဖြည့်စွက်ဘဏ္ဍငွေ ကျပ် ၁၉ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

လုပ်ငန်းဆောင်ရွက်မှုကို Chin Hill Sun ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းတာချဲ့မည့်အရှည်မှာ ၂၀၀၂ ဒသမ ၅၆၈ မီတာ ၊ မိုင်အားဖြင့် ၁ မိုင် ၂ ဖာလုံရှိကြောင်း ၊ လမ်းတာချဲ့လုပ်ငန်းအပြင် အတက်အဆင်းလျော့နည်းမည့် လမ်းအူကြောင်းအသစ်ကိုလည်း ဖောက်လုပ်ထားကြောင်းသိရသည်။

ခိုင်ကမ်းမြို့သည် ကလေးမြို့အထွက် ချင်းပြည်နယ်အစ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် နယ်စပ်ဖြစ်ပြီး တီးတိန်မြို့နယ်အတွင်းတွင် တည်ရှိသည့် မြို့ဖြစ်သည်။

 

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...