မီဇိုရမ်ပြည်ဖက်မှ ဝက်တင်သွင်းခွင့်ပိတ်ပင်မှု အချိန်ကြာမည်ကို ဝက်ကုန်သည်များ စိုးရိမ်

မီဇိုရမ်ပြည်ဖက်မှ ဝက်တင်သွင်းခွင့်ပိတ်ပင်မှု အချိန်ကြာမည်ကို ဝက်ကုန်သည်များ စိုးရိမ်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဖက်ခြမ်းမှ ဝက်ရောဂါကျသည်ဟုဆိုကာ မြန်မာပြည်ဖက်ခြမ်းမှ ဝက်တင်သွင်းခွင့် ပိတ်ပင်မှုအပေါ် အချိန်ကြန့်ကြာမည်ကို ဝက်ကုန်သည်များအနေဖြင့် စိုးရိမ်လျက်ရှိကြောင်းသိရသည်။

မီဇိုရမ်ပြည်နယ်သို့ ဝက်ကုန်သည်တစ်ဦးမှ တင်သွင်းခဲ့သည့် ဝက်များ သေဆုံးခဲ့ရာမှ စတင်ပြီး တစ်ဖက်နိုင်ငံမှ ဝက်တင်သွင်းမှုကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဝက်ကုန်သည်တစ်ဦးဖြစ်သည့် ကို Piangte က “ ခါတိုင်းနှစ်တွေမှာလည်း ဒီရာသီမှာတော့ ဝက်နာကျလို့ ဟိုဖက်နိုင်ငံ ကပိတ်လေ့ရှိတယ်။ တစ်ခါတစ်လေမှာတော့ အတော်ကိုကြာတတ်တယ်။ သူတို့ဖက်ကနေ တင်သွင်းခွင့်တွေ ပိတ်လိုက်ပြီဆိုတာနဲ့ ဒီဖက်မှာလည်း ဝက်စျေးတွေတစ်ခါတည်းကျသွားရော။ ဝက်ကုန်သည်တွေက အဲဒါကိုပဲ အဓိကလုပ်တာဆိုတော့ ဝက်စျေးတွေကျရင် သူတို့စီးပွားရေးက တစ်ခါတည်းရိုက်ခတ်မှုရှိသွားတယ်။ ဒီတစ်ခေါက် လည်း ဟိုဖက်နိုင်ငံက ဝက်တင်သွင်းခွင့်ပိတ်တာ အတော်ကြာမှာ စိုးရိမ်ရတယ်” ဟုပြောသည်။

သူကဆက်ပြီး ဝက်ရောဂါကျမှုများကို မီဇိုရမ်ပြည်ဖက်တွင် စားသုံးသူများအတွက် အထူးအလေးထားစိစစ်ကြသော်လည်း မြန်မာပြည်ဖက်တွင်မှု အထူးဂရုစိုက်ခြင်း၊ ပိတ်ပင်တားမြစ်ခြင်းတစ်စုံတစ်ရာမရှိဟုဆိုသည်။

သူက “ အဲဒီဖက်မှာတော့ ဝက်တွေ တစ်ခုခုဖြစ်ပြီဆိုရင် တစ်ခါတည်းစစ်ဆေးပြီးတော့ ပြည်ပဖက်ကနေ တစ်ခါတည်း တင်သွင်းခွင့်ပိတ်တယ်။ မြန်မာပြည်(ကလေး) ဖက်မှာတော့ ဝက်နာကျတယ်လို့သာပြောကြတာ။ အသားသတ်ခုံမှာ လည်း ဆက်သတ်တာပဲ။ ရောင်းကြတာပဲ။ ဝယ်စားတဲ့သူကလည်း မသိတော့ ဝယ်စားကြတုန်းပဲ။ ဒီဖက်မှာလည် ဝက်တွေသေတာတွေ ရှိနေတယ်” ဟုပြောသည်။

မြန်မာပြည်၊ စစ်ကိုင်းတိုင်း ကလေးမြို့ဖက်ခြမ်းမှ ပုံမှန်အားဖြင့် တစ်ပတ်လျှင် ဝက်အကောင်ရေ တစ်ရာကျော်ဝန်းကျင် အပတ်စဉ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်သို့ ရိခေါဒါရ်နယ်စပ်မှတစ်ဆင့် တင်ပို့ခဲ့ပြီး ယခုတင်သွင်းမှု အပိတ်ခံရသည်မှာ နှစ်ပါတ်ကျော်ကြာပြီဖြစ်သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...