ချင်းအမျိုးသားနေ့အား အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် ချင်းလွှတ်တော်မှ အတည်ပြုခြင်းမဟုတ်ပဲ အစိုးရကို တိုက်တွန်းခြင်းဖြစ်

ချင်းအမျိုးသားနေ့အား အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် ချင်းလွှတ်တော်မှ အတည်ပြုခြင်းမဟုတ်ပဲ အစိုးရကို တိုက်တွန်းခြင်းဖြစ်

မီဒီယာအချို့မှရေးသားသည့် ချင်းအမျိုးသားနေ့အား ချင်းပြည်နယ်အတွင်း အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်သည်ဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ် လွှတ်တော်ဒု ဥက္ကဌမှ အစိုးရကို တိုက်တွန်းခြင်းသာဖြစ်ကြောင်း ပြောသည်။

ချင်းပြည်နယ်လွှတ်တော်ဒုဥက္ကဌ ဦးအောင်သန်းက“လွှတ်တော်ကနေအတည်ပြုတာမဟုတ်ဘူး။ အစိုးရဖက်က အတည်ပြုပြီးပြီး အကောင်အထည်ဖော်ဖို့ အဆိုတင်ပြီး တိုက်တွန်းတာဖြစ်တယ်။ ချင်းအမျိုးသားနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ရန် ဆိုပြီး အစိုးရကို တိုက်တွန်းတာဖြစ်ပါတယ်။ အတည်ပြုတာက လွှတ်တော်တွင်းက အဆိုကို အတည်ပြုတာပဲဖြစ်တယ်” ဟုပြောသည်။

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲက“ ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးမှာမတက်ဖြစ်ဘူး။ တစ်ခြား အစည်းအဝေးတက်နေလို့လေ။ ဒါကို လွှတ်တော်က အဆိုတင်သွင်းပြီး အစိုးရက သတ်မှတ်ဖို့ဖြစ်တယ်။ ပြည်နယ်အစိုးရက မသတ်မှတ် နိုင်ဘူးဆိုရင်  ပြည်ထောင်စုအစိုးရကို ထပ်တင်ပြီး အတည်ပြုရမှာ။ ဒီဟာက ချင်းပြည်နယ်အတွင်းအတွက် ရနိုင်မယ့်ဟာဖြစ်ပါတယ်” ဟုပြောသည်။

ချင်းအမျိုးသားနေ့အား အစိုးရ၏ တရားဝင်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရန် ချင်းနိုင်ငံရေးပါတီများနှင့် ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီများကလည်း ယခင်ကတည်းက တောင်းဆိုသည့် တောင်းဆိုချက်ဖြစ်သည်။

ချင်းအမျိုးသားနေ့သည် ချင်းတိုင်းရင်းသားများ အထွက်အမြက်ထားသည့် နေ့ရက်ဖြစ်ပြီး အစိုးရ၏ တရားဝင် ရုံးပိတ်ရက်မဟုတ်သည့်အတွက် အဆိုပါနေ့တွင် အစိုးရဝန်ထမ်းများအနေဖြင့် နှစ်စဉ် ရုံးတက်ရလျက်ရှိသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...