စစ်တွေဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၄ ဦး လွတ်မြောက်လာ

စစ်တွေဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၄ ဦး လွတ်မြောက်လာ
by -
စံမောင်သန်း

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် ပါဝင်သည်ဟု သံသယဖြင့် စစ်တွေမြို့မ ရဲစခန်းတွင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၈ ဦး အထဲမှ ၄ ဦးကို မတ်လ ၂၆ ရက် ည ၈ နာရီနှင့် ၈ နာရီ မိနစ် ၄၀ ခန့်တွင် အာမခံဖြစ် စစ်တွေမြို့မ ရဲစခန်းမှ လွတ်ပေးခဲ့သည်။

လွတ်လာသူ ၄ ဦးမှာ ဦးနိုင်စိုး၊ ဦးမောင်မြင့်ရွှေ၊ ဦးရွှေထွန်းအောင်နှင့် ဦးတင်မြင့်ရွှေတို့ ဖြစ်ပြီး ဦးနိုင်စိုးကို ယမန်နေ့ ည ၈ နာရီခန့်တွင်လည်းကောင်း၊ ဦးမောင်မြင့်ရွှေ၊ ဦးရွှေထွန်းအောင်နှင့် ဦးတင်မြင့်ရွှေတို့ကို ည ၈ နာရီ မိနစ် ၄၀ ခန့်တွင်လည်းကောင်း အာမခံဖြင့် လွှတ်ပေးခဲ့သည်။

ဖမ်းဆီးခံထားရသူများထဲမှ မောင်မြင့်ကြည်မှလွဲ၍ ကျန် ၇ ဦးကို ယနေ့ ညနေတွင် ရုံးထုတ်ခဲ့ပြီး ထိုအထဲမှ ၄ ဦးကို အာမခံဖြင့် လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ရုံးထုတ်ရာတွင် ပါဝင်သူ ဦးသန်းရွှေကို နယ်စပ်ဖြတ်ကျော်မှု ၁၃ (၁) ဖြင့် စစ်တွေတရားရုံးတွင် ယနေ့တရား စွဲဆိုခဲ့ရာ တရားရုံးက ရမန်ပေးလိုက်ပြီး ဧပြီလ ၉ ရက်နေ့တွင် ရုံးထုတ်မည်ဟု သိရသည်။

စစ်တွေမြို့ ဆတ်ရိုးကျ အကွက် ၂ မှ မောင်မြင့်ကြည်တစ်ဦးတည်းကိုမူ မတ်လ ၂၉ ရက်နေ့တွင် စစ်တွေတရားရုံး၌ ရုံးထုတ်မည်ဟု သူ၏ မိသားစု အသိုင်းအဝိုင်းထံမှ သိရသည်။

ဗုံးပေါက်ကွဲပြီး အစပိုင်းတွင် သံယရှိသူ ၉ ဦးကို စစ်တွေမြိုမရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ပြီး တစ်ဦးကို စစ်ဆေးသည့်နေ့တွင်ပင် ပြန်လွှတ်လိုက်ကာ ကျန် ၈ ဦးကို ဆက်လက် ဖမ်းဆီးထိန်းသိမ်း ထားခဲ့ခြင်းဖြစ်သည်။

စစ်တွေဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်သည်ဟု စစ်တွေမြို့ပေါ်မှ သံသယဖြင့် စစ်တွေမြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံခဲ့ရသူ ၉ ဦးရှိပြီး၊ ၄င်းတို့မှာ ဦးနိုင်စိုး ဓညဝတီရပ်ကွက်၊ ဦးသန်းရွှေ လမ်းသစ်ရပ်ကွက်၊ ဦးရွှေထွန်းအောင် လမ်းသစ်ရပ်ကွက်၊ ဦးကျော်မြင့်ရွှေ လမ်းသစ်ရပ်ကွက်၊ မောင်မြင့်ရွှေ လမ်းသစ်ရပ်ကွက်၊ ဦးအေးဝင်း၊ ဦးမောင်ဦးမြင့် ကန်တော်ကြီးရပ်ကွက်၊ မောင်သက်ပိုင်စိုး ကန်တော်ကြီးရပ်ကွက်နှင့် ဦးမောင်မြင့်ကြည် ဆတ်ရိုးကျရပ်ကွက်တို့ ဖြစ်သည်။

စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်က ပြည်နယ်တရားလွှတ်တော်ရုံးအနီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ခြံဝင်း နှင့် ပြည်နယ်ဆည်မြောင်းရုံးအနီးတွင် ဆက်တိုက် ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး လူနှစ်ဦးဒဏ်ရာ ရရှိကာ နောက်ထပ် မပေါက်ကွဲသေးသော ဗုံး ၃ လုံးကိုလည်း ပြည်နယ် ဆည်မြောင်းရုံးအနီးတွင် တွေ့ရှိခဲ့သည်ဟု သိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...