HLCA အသင်း၏ နှစ် ၅၀ ပြည့် ရွှေရတုနှစ်ပတ်လည်နှင့်အတူ Duhlian စကားသုံး ချင်းလူမျိုးစုတို့ Kutpui ကျင်းပမည်

HLCA အသင်း၏ နှစ် ၅၀ ပြည့် ရွှေရတုနှစ်ပတ်လည်နှင့်အတူ Duhlian စကားသုံး ချင်းလူမျိုးစုတို့ Kutpui ကျင်းပမည်

ခေတ်သစ်လူငယ်များအနေဖြင့် မိမိတို့၏ စာပေနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ချင်းလူမျိုး Duhlian စကားသုံးသူများ၏ Kutpui နှင့် Hualngo Literature and Cultural Association (HLCA) တို့၏ နှစ် ၅၀ ပြည့် ရွှေရတု နှစ်ပတ်လည်နေ့ ပွဲကို ကလေးမြို့နယ် စမ်းမြောက်ရပ်ကွက် ဘောလုံးကွင်းတွင် မတ်လ ၂၈ရက်မှ ၂၉ ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း HLCA ဒု-ဥက္ကဌ ဦးလားဗျက်ထန်ငါက ပြောသည်။

ဟွာလ်ငို စာပေ နှင့် ယဉ်ကျေးမှုအသင်း (HLCA) ၏ နှစ် ၅၀ ပြည့် အခန်းအနားနှင့်အတူ Kutpui ပွဲတော်ကိုတပြိုင်နက်တည်း ပြုလုပ်သွားမည်ဖြစ်ပြီး Kutpui သည် တစ်နှစ် တစ်ကြိမ်ကျင်းပသည့် ပွဲတော်ဖြစ်သည် ဟု၎င်းကဆက်ပြောသည်။

“စာပေတွေတော့ ထုတ်ခဲ့တယ်။ သင်ကြားရေးကျောင်းစာပေ၊ magazin တွေ စသည်ဖြင့် ယဉ်ကျေးမှုထုတ်ဖော်စရာဆိုရင် ဒီပွဲလုပ်တာလည်း လုပ်သင့်လုပ်ထိုက်တာ တစ်ခုဖြစ်တယ်။ ခေတ်သစ်လူတွေအတွက် ကျွန်တော်တို့့ လူမျိုး ယဉ်ကျေးမှုတွေထဲက အတုယူစရာလေးတွေကို သိမြင်လာဖို့လိုအပ်တယ်” ဟု HLCA ဒု-ဥက္ကဌကပြောသည်။

Kutpui ပွဲကို ခရစ်နှစ် ၁၅၅၀ မှ စတင်ကာချင်းပြည်နယ် ဖလမ်းမြို့နယ် ဟွာလ်ငိုလူမျိုးစုများနေထိုင်သည့် တောင်တန်းဒေသများတွင် ၁၉၇၅ ခုနှစ်အထိ ကျင်းပခဲ့သည်။ ထို့နောက်ဟွာလ်ငိုစာပေနှင့်ယဉ်ကျေးမှုအသင်း (HLCA)မှ ဦးဆောင်ပြီး Kutpuiဟု ပြန်လည်သုံးနှုန်းကျင်းပခဲ့ရာ ယခုနှစ်မှာ၅ ကြိမ်မြောက် ဖြစ်ပြီး Duhlian စကားသုံးသူများ၏ အကြီးမားဆုံးပွဲဖြစ်သည်။ Duhlian သည် လူမျိုးစု၏ အသုံးပြုထားသော စကားနာမည် ဖြစ်ပြီး Kutpui ဆိုသည်မှာ အများပြည်သူများနဲ့သက်ဆိုင်သော pui သည် အကြီးမားဆုံး (သို့) ကြီးကျယ်ခမ်းနား သော ဟု အဓိပ္ပာယ်ရကြောင်း HLCA ဒု-ဥက္ကဌ ဦးလားဗျက်ထန်းငါ ကရှင်းပြသည်။

အဆိုပါပွဲကိုဟွာလ်ငိို စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးဆောင်သွားမည်ဖြစ်သည်။ ရိုးရာအကများ၊ အားကစားပြိုင်ပွဲများ၊ တေးဂီတဖျော်ဖြေမှုများ၊အရောင်းဆိုင်များဖြင့် စည်စည်ကားကား ကျင်းပသွားမည်ဖြစ်ကာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးလျန်လွယ် နှင့် ချင်းပြည်နယ် လွှတ်တော်ဥက္ကဌဦးဇိုဘွဲ့တို့အား ဖိတ်ကြားထားကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...