ချင်းအစိုးရထုတ်ဝေသည့် ဂျာနယ်ကိစ္စလွှတ်တော်မှသုံးသပ်ပေးပြီး ပြန်လည်ရပ်ဆိုင်းဖို့ အစိုးရထံ တိုက်တွန်းရန် ချင်းမီဒီယာကွန်ယက်တောင်းဆို

ချင်းအစိုးရထုတ်ဝေသည့် ဂျာနယ်ကိစ္စလွှတ်တော်မှသုံးသပ်ပေးပြီး ပြန်လည်ရပ်ဆိုင်းဖို့ အစိုးရထံ တိုက်တွန်းရန် ချင်းမီဒီယာကွန်ယက်တောင်းဆို

ချင်းပြည်နယ်အစိုးရအနေဖြင့် သတင်းအချက်အလက်များကို လူမှုကွန်ယက်စာမျက်နှာ၊ အစိုးရသ တင်းလွှာတို့ဖြင့်သာ ထုတ်ပြန်ပေးပြီး လက်ရှိချင်းပြည်နယ်အစိုးရမှ ပြည်သူ့ဘဏ္ဍာငွေချေး ယူပြီး ထုတ်ဝေလျက်ရှိသည့် တောင်ဇလပ်တိုင်း(မ်) ဂျာနယ်ကို လွှတ်တော်မှ ပြန်လည်သုံးသပ်ပေးပြီး ရပ်ဆိုင်းဖို့ အစိုးရထံတိုက်တွန်းပေးရန် ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စား လှယ်များတွေ့ဆုံပွဲတွင် ချင်းမီဒီယာကွန်ယက်မှ တောင်းဆိုခဲ့သည်။

ချင်းပြည်နယ်အစိုးရမှ ထုတ်ဝေသည့် တောင်ဇလပ်တိုင်း(မ်) ဂျာနယ်ကို ရပ်ဆိုင်းရန် ချင်းမီဒီယာ ကွန်ယက်အဖွဲ့ဝင်များမှလည်း ကန့်ကွက်ခဲ့ကြသည်။

ချင်းမီဒီယာကွန်ယက်အဖွဲ့မှ အစိုးရ၏ဂျာနယ်ထုတ်ဝေမှုအပေါ် အချက် (၇) ချက်ဖြင့် ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် ပြည်သူ့ဘဏ္ဍာငွေချေးယူကာ အစိုးရ၏တာဝန်လုပ်ငန်း မဟုတ်သည့် ဂျာနယ်ထုတ်ဝေမှုကို မလုပ်သင့်ကြောင်း၊ လွတ်လပ်သည့်သတင်းမီဒီယာများအား လွတ်လပ်စွာသတင်းရယူခွင့်လမ်းကြောင်းကို ပိုမိုဖန်တီးပေးသင့်ကြောင်းစသည်ဖြင့်ပါရှိသည်။

ချင်းမီဒီယာကွန်ယက်ဒါရိုက်တာ ဆလိုင်းရောဘတ်က “ ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ် စားလှယ်အချို့ကလည်း  မဖြစ်သင့်တဲ့အကြောင်းနဲ့ အစိုးရသတင်းလွှာအဖြစ်ပဲ ထုတ်ဝေသင့် တယ်ဆိုပြီး သူတို့လည်း ပြန်ဆွေးနွေးတယ်” ဟုပြောသည်။  

ချင်းမီဒီယာကွန်ယက်ဖက်မှတောင်းဆိုမှုအနေဖြင့် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဘဏ္ဍာရေးနှစ် အလိုက် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ရန်ပုံငွေများ၊ တင်ဒါခေါ်ယူမှုများ၊ တင်ဒါအတွက် သတ်မှတ်သည့် ရန်ပုံငွေများကို ပြည်နယ်ပြန်ကြားရေးဌာနမှ တစ်ဆင့်လည်းကောင်း၊ သက်ဆိုင်ရာဌာနရုံးများ၊ အစိုးရအဖွဲ့၏လူမှုကွန်ယက် စာမျက်နှာမှလည်းကောင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ဆိုင်းဘုတ်၊ ဗီနိုင်းများဖြင့်လည်းကောင်း ပွင့်လင်းမြင်သာစွာ ဖော်ပြခြင်းများကို အစိုးရနှင့် ဌာနဆိုင်ရာများမှ အကောင်အထည်ဖော်ရန် လွှတ်တော်မှတိုက်တွန်းပေးရန်၊ ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကျင်းပသည့် အချိန်များတွင် ဒေသတွင်းသတင်းမီဒီယာ သမားများအား သတင်းယူခွင့်နှင့် စိတ်ဝင်စားသော ပြည်သူများအကိုလည်း လေ့လာခွင့်ရှိနိုင်အောင် ဆောင်ရွက်ပေးရန်၊ ချင်းမီဒီယာများရေရှည်ရပ် တည်နိုင်ရေးရှေးရှုသည့် အနေဖြင့် အစိုးရ၏ တင်ဒါလုပ်ငန်းခေါ်စာများအပါအဝင် ပြည်နယ်အဆင့် ကြော်ငြာခွင့်ရသည့် အစိုးရနှင့်ဌာနဆိုင်ရာများ၏ ကြော်ငြာလိုသည့် စီမံကိန်းလုပ်ငန်းများကို ဒေသခံမီဒီယာများထံသာ ကြော်ငြာရန်အတွက် လွှတ်တော်အနေဖြင့် တိုက်တွန်းပေးရန် တို့ကို တောင်းဆိုခဲ့သည်။

ချင်းမီဒီယာကွန်ယက်၊ ချင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ယက်နှင့် မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင် အဖွဲ့တို့မှ ချင်းလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံမှုတွင် ချင်းပြည်နယ်လွှတ်တော်မှ ဆောင်ရွက်ပေးရန်နှင့် အစိုးရအဖွဲ့အားတိုက်တွန်းပေးရန် မသန်စွမ်းအရေး၊ အမျိုးသမီးအခွင့်အရေး၊ အစိုးရ၏ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုရှိမရှိကိစ္စနှင့် သတင်းအချက်အလက်သိရှိခွင့်၊ ရယူခွင့်ကိစ္စများနှင့်ပတ်သက်ပြီး အကြံပြု တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။

ကွန်ယက်သုံးဖွဲ့ပူးပေါငး်ပြီး အဆိုပါခေါင်းစဉ်လေးခုဖြင့် ကလေးမြို့၊ ဟားခါးမြို့၊ ထန်တလန်မြို့၊ ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့တို့တွင် လူထုတွေ့ဆုံပွဲများပြုလုပ်မှုမှရရှိလာသည့် အချက်အလက်များကို တောင်းဆိုခြင်းဖြစ်ပြီး ချင်းပြည်နယ်၏ ကျန်ရှိသည့်မြို့များတွင်လည်း အဆိုပါခေါင်းစဉ်လေးခုဖြင့် လူထုတွေ့ဆုံဆွေးနွေးပွဲများ ဆက်လုပ်ပြုလုပ်သွားမည်ဖြစ်သည်။

မတ်လ (၂၃) ရက်နေ့ က ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနားနေဆောင်တွင် ချင်းအရပ်ဖက်အဖွဲ့ အစည်းများကွန်ယက်၊ ချင်းမီဒီယာကွန်ယက်၊ မသန်စွမ်းဖွံ့ဖြိုးရေးရှေ့ဆောင် အဖွဲ့နှင့် ချင်းလွှတ်တော်ကိုယ်စား လှယ်များ တွေ့ဆုံခဲ့ကြပြီး ထိုသို့ ချင်းမီဒီယာကွန်ယက်မှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...