မြန်မာကွမ်းသီးများ အိန္ဒိယနိုင်ငံသို့ အကန့်အသတ်ဖြင့် တင်ပို့ခိုင်း

မြန်မာကွမ်းသီးများ အိန္ဒိယနိုင်ငံသို့ အကန့်အသတ်ဖြင့် တင်ပို့ခိုင်း

အိန္ဒိယ-မြန်မာနယ်စပ်ဝင်ထွက်ပေါက်တစ်ခုဖြစ်သည့် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ နယ်စပ်တံတားကိုဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံသို့ တင်ပို့သည့် မြန်မာကွမ်းသီးများအား အကန့်အသတ်ဖြင့် တင်ပို့ရန် တစ်ဖက်အိန္ဒိယနိုင်ငံ တာဝန်ရှိသူများမှ သတ်မှတ်လိုက်ကြောင်း သိရသည်။

ယခုလိုကွမ်းသီးတင်ပို့မှုအား အကန့်အသတ်ထားလိုက်ခြင်းမှာ နယ်စပ်တံတားရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တံတားခံနိုင် ရည်ကျော်လွန်၍ ဖြတ်သန်းတင်ပို့မှု မရှိစေရေးထိန်းချုပ်မှုအတွက်ဖြစ်တယ်လို့ ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Facebook စာမျက်နှာတွင် ဖော်ပြသည်။

အဆိုပါ နယ်စပ်တံတားခံနိုင်ဝန်းမှာ ၁၀ တန်ဖြစ်ပြီး ကွမ်းသီးများ တင်ပို့သည့် ယာဉ်တစ်စီးတွင် ကွမ်းသီးအိတ် ၄၀ သာ တင်ဆောင်ခွင့်ပြုထားကြောင်း သိရသည်။

လက်ရှိမှာ ကွမ်းသီးတင်ပို့မှုလုပ်ငန်းကိုယ်စားလှယ် ၃၀ ဦးခန့်ရှိနေကြာင်း သိရပြီး၊ ကွမ်းသီးတင်ပို့ရာတွင် မျှတမှုရှိ အောင် လုပ်ဆောင်နေရပြီး၊ တစ်နေ့ကို ယာဉ်တစ်စီး ကွမ်းသီးအိတ် (၄၀) တင်ဆောင်ပြီး ယာဉ်ခေါက်ရေ ၁၁ ခေါက်၊ ကွမ်းသီး အိတ်ရေ ၄၄၀ ခန့် တင်ပို့နိုင်ကြောင်း သိရသည်။

ကွမ်းသီးများ ရိခေါဒါရ်နယ်စပ်သို့ တင်ပို့သယ်ဆောင်သည့်ပမာဏမှာ ကွမ်းသီးတင်ဆောင်သည့် ယာဉ်ကြီး/ယာဉ်ငယ်အပါအဝင် နေ့စဉ် ယာဉ်စီးရေ (၃၀) ခန့် ဝင်ထွက်မှုရှိနေပြီး ယခုလို ရိခေါဒါရ်နယ်စပ်မှ အိန္ဒိယနိုင်ငံသို့ တင်ပို့သည့် ကွမ်းသီးမှာ အများအား ဖြင့် မြန်မာ၊ အင်ဒိုနီးရှား နှင့် ထိုင်းနိုင်ငံတို့မှ ထွက်ရှိသည့် ကွမ်းသီးများဖြစ်သည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...