မီဇိုး အမျိုးသားတပ်ဦး ပါတီဥက္ကဌ ပူးဇိုရမ်ထန်းအာ ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

မီဇိုး အမျိုးသားတပ်ဦး ပါတီဥက္ကဌ ပူးဇိုရမ်ထန်းအာ ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

အိန္ဒိယနိုင်ငံ မီဇိုပြည်နယ်မှ ရောက်ရှိလာသည့် မီဇိုးအမျိုးသားတပ်ဦး ပါတီဥက္ကဌလည်းဖြစ်သည့် မီဇိုရမ်ပြည်နယ် ဝန်ကြီးချူပ်ဟောင်း ပူးဇိုရမ်ထန်အာ က ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးလျန်လွယ်အား မတ်လ ၂၁ ရက်နေ့က တွေ့ဆုံခဲ့သည်။

ကလေးမြို့ကနေ ချင်းပြည်နယ် ဟားခါးမြိုကသို့ ရောက်ရှိလာသည့်ပူဇိုရမ်ထန်အာကို ပြည်နယ်အစိုးရ တာဝန်ရှိသူများက ပြည်ထောင်စုရိပ်သာတွင်ဧည့်ခံကြိုပြီး ပြည်နယ်ဝန်ကြီးချုပ် ရုံးခန်းတွင် တွေ့ဆုံပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ် ဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီး ယမန်နေ့ ညနေ (၄) နာရီခန့်တွင်ဟားခါးမြို့ရှိ မီဒီယာအဖွဲ့နှင့် တွေ့ဆုံရာမှာ ပူးဇိုရမ်ထန်းအာကချင်းပြည်နယ် လူထုနှင့် မီဇိုရမ်ပြည်နယ် လူထုအား ပူးပေါင်းမှုပိုမိုအားကောင်းလာ စေရေးနှင့် ချင်းပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက်မီဇိုရမ်လူထုနှင့် အတူအကွ လုပ်ငန်းအကောင် အထည် ဖေါ်ဆောင်ရွက်နိုင်သည့်အနေအထားများကို လာရောက်လေ့လာနေကြောင်း ပြောဆိုခဲ့ပါသည်။

"ချင်းပြည်နယ်အစိုးရနဲ့ ဒီလုပ်ငန်းများ အကောင်အထည်ဖေါ်ဆောက်ရွက်နိုင်ဖို့ဆိုရင် မီဇိုရမ်ပြည်နယ်မှာ မီဇိုးအမျိုးသားတပ်ဦးပါတီက လာမည့် နိုဝင်ဘာလမှာ အနိုင်ရပါတီဖြစ်ဖို့လိုတယ်။မိမိပါတီက အာဏာရမှသာလျင် မိမိတို့ပါတီ လိုလားတဲ့ လုပ်ငန်းများအကောင်အထည်ဖေါ်နိုင်မှာဖြစ်တယ်"ဟု မီဒီယာတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါသည်။

မီဒီယာတွေ့ဆုံပွဲကို ဟားခါးမြို့ရှိ ရိပန်းသိစ္စာ ကုမ္ပဏီရုံးခန်းတွင်တွေ့ဆုံခြင်းဖြစ်ပြီး ဟားခါးမြို့ရှိ အခြေစိုက် မီဒီယာသမားများတက်ရောက်ခဲ့ကြသည်။ 

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...