ကလေးမြို့နယ် တာဟန်းတွင် Chapchar Kut ရိုးရာပွဲတော် ကျင်းပမည်

ကလေးမြို့နယ် တာဟန်းတွင် Chapchar Kut ရိုးရာပွဲတော် ကျင်းပမည်

မြန်မာနိုင်ငံရှိ မီဇိုး(ချင်း)မျိုးနွယ်စုများ၏ အထွဋ်အမြတ်အထားရှိဆုံး ရိုးရာပွဲဖြစ်သည့် Chapchar Kut 2018 ပွဲတော်ကို မတ်လ ၂၃ ရက်နေ့တွင် ကလေးမြို့နယ် တာဟန်းရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ကြီးသူကို ရိုသေ” ဆိုတဲ့ ဆောင်ပုဒ်ဖြင့် ပြုလုပ်ကျင်းပမည့် အဆိုပါ ရိုးရာပွဲတော်ကြီးတွင် ဧည်သည်တော်ကြီးအဖြစ် မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ လက်ရှိ Mizo National Front ပါတီ ဥက္ကဌ Pu Zoramthanga အား ဖိတ်ကြားထားကြောင်း သိရသည်။

Pu Zoramthanga သည် အဆိုပါ ရိုးရာပွဲတော်ကြီးတွင် ဧည်သည်တော်ကြီးအဖြစ် ဖိတ်ကြားထားသည့်အတိုင်း ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က မီဇိုရမ်ပြည်နယ်မှ ထွက်ခွာခဲ့ပြီး တမူးခရိုင်ရှိ ခမ်းပတ်ညောင်ပင်အို၊ ချင်းပြည်နယ်ရှိ ဟားခါးမြို့ နှင့် ဖလမ်းမြို့ တို့တွင် သွားရောက်မည်ဖြစ်ကြောင်း ၄င်းအပြင် ချင်းပြည်နယ်အစိုးရနဲ့ တွေ့ဆုံးဖို့ အစီအစဉ်လည်းရှိနေကြောင်း ထပ်မှန် သိရသည်။

အဆိုပါ ကျင်းပမည့် Chapchar Kut 2018 ပွဲတော်တွင် အလှမယ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရပြီး ၄င်းအပြင် Myanmar Zofa Music Association (MZMA) အဖွဲ့မှ စတိုက်ရှိုးများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် နာမည်ကြီးတီးဝိုင်းများဖြစ်ကြသော ZoForce, T.Melody အပြင် ခေတ်ဟောင်းအဆိုတော်၊ ခေတ်သစ်လူငယ်အဆိုတော် များစွာတို့ကလည်း ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇောလ်တွင် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် ကျင်းပသည့် Chapchar Kut 2018 ပွဲတော်တွင် ကလေးမြို့နယ် တာဟန်း Mizo Welfare Organization ဥက္ကဌ Lalrosanga တက်ရောက်အမှာစကားပြောကြားခဲ့ပြီး Chapchar Kut ပွဲတော်တွင် အနယ်နယ် အရပ်ရပ်မှ ဇိုးမျိုးနွယ်စုများ ပါဝင်နိုင်ရန် အပြန်အလှန်ဖိတ်ခေါ်ခြင်းသည် ဇိုးမျိုးနွယ်စုများ အကြား စည်းလုံးမှု ပိုတိုးပွားစေကြောင်း ပြောဆိုခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့၌ ကျင်းပမည့် Chapchar Kut ပွဲတော်မှာလည်း မီဇိုရမ်ပြည်သူလူထုအားလုံး လာရောက်ဖို့ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

ယခု တာဟန်းတွင် ကျင်းပမည့် Chapchar Kut 2018 ပွဲတော်ကြီးတွင် မီဇိုရမ်ပြည်နယ်မှ ညီအကိုဇိုးမျိုးနွယ်စု အများအပြား လာရောက်ကြမည်ဟု မျော်မှန်းရသည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...