အိမ်အကူ ကလေးနှစ်ဦးကို နှိပ်စက်သူများကို လူကုန်ကူးမှုတားဆီးရေး ဒုရဲမှူးမှ အမှုထပ်မံဖွင့်

အိမ်အကူ ကလေးနှစ်ဦးကို နှိပ်စက်သူများကို လူကုန်ကူးမှုတားဆီးရေး ဒုရဲမှူးမှ အမှုထပ်မံဖွင့်
by -
မဇ္ဈိမ
ဆယ်ကျော်သက်အရွယ် အိမ်အကူအမျိုးသမီး နှစ်ဦးကို ညှင်းပမ်းနှိပ်စက်မှုနှင့် ပတ်သက်၍ အင်းဝအပ်ချုပ်ဆိုင်မှ အမျိုးသမီးနှစ်ဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ကိုယ်တိုင် အမှုဖွင့်ထားသူ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး မျိုးသိန်းက မဇ္စျိမသို့ပြောသည်။

"အခု လောလောဆယ်တော့ မတင်သူဇာနဲ့ မသီရိလတ်ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂ နဲ့ အမှုဖွင့်ထားတယ်၊  ၂၄ က အနည်းဆုံး ၁၀ နှစ် အများဆုံး အနှစ်နှစ်ဆယ်၊  ၃၂ ဆိုတာက ပူးပေါင်းပါ၀င်တဲ့သူကို ၂၄ အတိုင်းပဲ ပြစ်ဒဏ်ချနိုင်တယ်"ဟု ရဲမှူး မျိုးသိန်းက ပြောသည်။

ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝ အပ်ချုပ်ဆိုင်တွင်  ဆယ်ကျော်သက် အိမ်အကူ အမျိုးသမီးနှစ်ဦးကို ညှင်းပန်းနှိပ်စက်မှု ပြုသည်ကို မြန်မာနောင်း (Myanmar Now) သတင်းအေဂျင်စီမှ စုံစမ်းသိရှိခဲ့ပြီး ကျောင်တံတားရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးစေခဲ့သည်။

အဆိုပါ ဆယ်ကျော်သက် အိမ်အကူ မိန်းကလေး နှစ်ဦးမှာ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့နယ်မှ ၁၇ နှစ်နှင့် ၁၆ နှစ်အရွယ် မစန်းကေခိုင်၊ မသဇင်တို့ ဖြစ်သည်။
မစန်းကေခိုင်တွင် လက်ချောင်းဆယ်ချောင်းကျိုးသည့် ဒဏ်ရာများ၊ ညာလက်မောင်းရိုးကျိုးဒဏ်ရာ၊  လည်ပင်းတွင် ကတ်ကြေးဖြင့် ထိုးထားသည့် ဒဏ်ရာ၊ အရေပြားပေါ်တွင် မီးရှို့ခံရသည့် ဒဏ်ရာများ၊ များရရှိနေပြီး  မသဇင်၏ နှာခေါင်းပေါ်ရှိ အစင်းလိုက်ရှိနေသော ဒဏ်ရာသည် ဓားဖြင့် ခုတ်ထားခြင်းဖြစ်သည်ဟု အဆိုပါ အိမ်အကူမိန်းကလေးနှစ်ဦးက စက်တင်ဘာ ၁၇ ရက်က ကော့မှူးမြို့နယ် ဖျံရွာကျေးရွာတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ ၀င်ရောက်ညှိနှိုင်းပေးမှုဖြင့်  လက်ချောင်း ဆယ်ချောင်းလုံး ကျိုးသွားသူ မစန်းကေခိုင်အတွက် လပေါင်းများစွာ မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး သိန်း ၄ဝ၊ ကတ်ကြေးဒဏ်ရာ၊ ဓားဒဏ်ရာများ ရရှိခဲ့သည့် မသဇင်အတွက် မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး ၁ဝ သိန်း ပေးအပ်သည်ကို လက်ခံ ရရှိကြောင်း နှစ်ဘက် လက်မှတ်ထိုး ညှိနှိုင်းခဲ့သည်။

ဆယ်ကျော်သက်ရွယ် အိမ်အကူအမျိုးသမီးနှစ်ဦး ညှင်းပန်းနှိပ်စက်ခံရမှုအတွက်  ဥပဒေ နည်းလမ်းအတိုင်းလုပ်ဆောင်ရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ နှင့်ပြည်ထဲရေးဝန်ကြီးဌာနကို အကြံပြုတိုက်တွန်းစာပေး ပို့သွားမည်ဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးသူ ကိုဆွေဝင်းကမဇ္စျိမကိုပြောသည်။

"ခံခဲ့ရတဲ့ မိဘတွေ ကလေးငယ်တွေက ဒီဟာနဲ့ပက်သက်ပြီး ဥပဒေပိုင်းဆိုင်ရာ လုံးဝကို ဘယ်လိုလုပ်ဆောင်ရမလည်းဆိုတာ သူတို့ကို ကူညီပေးမယ့် အဖွဲ့အစည်းတစ်ဖွဲ့မှမရှိဘူး ကူညီပေးမယ့် ပုဂ္ဂိုလ်လည်းမရှိဘူး ဒါကြောင့်မို့လို့ ကျွန်တော်ကနေပြီး မူလတိုင်ကြားထားသူအနေနဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရယ် ပြည်ထဲရေးဝန်ကြီးဌာနရယ်ကို ဥပဒေအတိုင်းညီညွတ်အောင် ဥပဒေအတိုင်း နည်းလမ်းအတိုင်း လုပ်ဆောင်ပေးဖို့ဆိုပြီးကျွန်တော် အကြံပြုတိုက်တွန်းတဲ့စာကို မနက်ဖြန်ကျရင်ပေးပို့သွားမှာပါ " ဟု ကိုဆွေဝင်းက မဇ္စျိမကို အတည်ပြု ပြောသည်။

အဆိုပါ အမှုဖြင့် ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ဘက်သို့ ဆက်သွယ်မေးမြန်းသော်လည်း လက်တလောဖြေကြားမှုမပြု နိုင်သေးကြောင်း ၊ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ရှင်းပြသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...