ဒလ-ရန်ကုန်တံတား ငါးနှစ်အတွင်း အပြီးတည်ဆောက်မည်

ဒလ-ရန်ကုန်တံတား ငါးနှစ်အတွင်း အပြီးတည်ဆောက်မည်
by -
မဇ္ဈိမ
ချယ်ရီသင်္ဘောဖြင့် ရန်ကုန်-ဒလ ကူးသန်းသွားလာနေသော ခရီးသည်များ(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)
ချယ်ရီသင်္ဘောဖြင့် ရန်ကုန်-ဒလ ကူးသန်းသွားလာနေသော ခရီးသည်များ(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)
လူဦးရေအားဖြင့် တစ်သိန်းခုနှစ်သောင်းခန့်နေထိုင်သည့် ဒလမြို့နယ်နှင့် ရန်ကုန်မြို့သို့ ဆက်သွယ်ဆောက်လုပ်မည့် ဒလ-ရန်ကုန်တံတားအား လက်ရှိအစိုးရသက်တမ်းအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က စက်တင်ဘာ ၂၀ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

အဆိုပါ တံတားအား ရန်ကုန်ဘက်ကမ်းမှ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနှင့် ဒလဘက်ကမ်းမှ ကမာကဆစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဦးဝင်းခိုင်က ပြောသည်။

"၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြီးစီးရန် စီစဉ်ရေးဆွဲထားပါတယ်" ဟု ၎င်းက ဆိုသည်။

ဧရိယာစတုရန် ၈၇၅မိုင်ကျယ်ဝန်းပြီး လူဦးရေ တစ်သိန်းခုနှစ်သောင်းခန့်နေထိုင်သည့် ဒလမြို့နယ်မှ ရန်ကုန်မြို့သို့ ဆက်သွယ်မည့် ဒလ-ရန်ကုန်တံတားဆောက်လုပ်မည့် အစီအစဉ်အား ဒလမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာစိန်မြအေးက လွှတ်တော်အစည်းအဝေးတွင် မေးမြန်းမှုအပေါ် ဝန်ကြီးဦးဝင်းခိုင်က အထက်ပါအတိုင်း
ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တံတားစီမံကိန်းစတင်နိုင်ရန် အတိုင်ပင်ခံ Consultant ကုမ္ပဏီရွေးချယ်ခြင်းအနေဖြင့် Consultant Contract Agreement စာချုပ်ချုပ်ဆိုနိုင်ရေးကို စာချုပ်ပါ အချက်အလက်များအား ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ သဘောထားမှတ်ချက်ရရှိပြီးဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

အတည်ပြုချက်ရရှိပါက အတိုင်ပင်ခံ Consultant ကုမ္ပဏီနှင့် Contract Agreement ချုပ်ဆိုသွားမည်ဖြစ်ပြီး အတိုင်ပင်ခံကုမ္ပဏီမှ အသေးစိတ်ပုံစံရေးဆွဲခြင်းလုပ်ငန်းသည် ၈လခန့် ကြာမြင့်ကာ ကန်ထရိုက်ရွေးချယ်ခြင်းမှာလည်း ၄လခန့် ကြာမြင့်မည်ဖြစ်သည်။

တည်ဆောက်ရေးကန်ထရိုက်တာ ရွေးချယ်ပြီးစီးပါက တံတားတည်ဆောက်ရေးလုပ်ငန်းအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြီးစီးရန် စီစဉ်ရေးဆွဲထားကြောင်း ဦးဝင်းခိုင်က လွှတ်တော်တွင် ပြောသည်။

တံတားတည်ဆောက်စဉ်ကာလအတွင်း ယာဉ်ကြောကြပ်တည်းမှု အနည်းဆုံးဖြစ်စေရေးအတွက် ကိုရီးယား အတိုင်ပင်ခံကုမ္ပဏီနှင့် Traffic Management ကို အသေးစိတ်တွက်ချက် စီစဉ်သွားမည်ဟုလည်း ၎င်းက ပြောကြားသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...