ရခိုင်တွင် ငွေစက္ကူအတု သုံးစွဲသူများကို ဖမ်းမိ

ရခိုင်တွင် ငွေစက္ကူအတု သုံးစွဲသူများကို ဖမ်းမိ
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်အတွင်း ငွေစက္ကူအတုများအား အသုံးပြုနေကြောင်း သတင်းထွက်ပေါ်နေခဲ့သည်မှာ တစ်လကျော် ခန့် ရှိနေခဲ့ပြီး စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ငွေစက္ကူအတု ကိုင်ဆောင် သုံးစွဲနေသူများအား ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ကျေးရွာမှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းငွေစက္ကူအတုများမှာ အများပြည်သူ အသုံးပြုနေသည့် စျေးနှင့် အလွယ်တကူ ရောင်းဝယ်ဖောက်ကားရာ နေရာများတွင် ပျံ့နှ့ံလျှက်ရှိနေခဲ့ရာမှ အစိုးရ အသိအမှတ်ပြု  ပုဂုဂ္ဂလိကဘဏ်များသိုု့ ရောက်ရှိလာခဲ့သည့်အတွက် ကျပ်တစ်သောင်းတန် ငွေစက္ကူနှင့် ကျပ်ငါးထောင်တန် ငွေစက္ကူ အတုများအား သုံးစွဲသူများ ရှိနေကြောင်း သတင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ညနေပိုင်းက တစ်သောင်းတန် ငွေစက္ကူအတုတွေကို သုံးစွဲနေတဲ့သူ ၄ ဦးကို ပိုးရွှီပြင်ကျေးရွာ အနီးမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီလူတွေက အဲဒီငွေစက္ကူအတုတွေနဲ့ စျေးဝယ်တာတို့ ဘာတို့လုပ်ပြီး အသုံးပြုနေကြတာပါ။ ဒါကို ကျွန်တော်တို့ သတင်းရရှိတဲ့အတွက် တပ်နဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဂန့်ဂါရွာနဲ့ စေတီပြင်ကျေးရွာအကြားမှာ စက်လှေနဲ့ သွားနေစဉ်ဖမ်းဆီးနိုင်ခဲ့တာပါ။ သူတို့ဆီက ဖမ်းဆီးစဉ်မှာတွေ့ရှိတဲ့ ငွေသားတွေက ကျပ် တစ်သောင်းတန်အတု အရေအတွက်က ၂၅၇ ရွက်ပါ။ တစ်ထောင်တန် ကျပ်ငွေ ၆ သိန်းကျော်ကတော့ အစစ်တွေဖြစ်ပါတယ်။ ကျန်တာတွေကတော့ ဖုန်းနဲ့ တခြားပစ္စည်းတွေဖြစ်ပါတယ်။ ပုဏ္ဏားကျွန်း မြို့မရဲစခန်းမှာ စစ်ဆေးမှုတွေ ဆောင်ရွက်လျှက် ရှိနေပါတယ်။” ဟု ပိုးရွှီပြင် ရဲကင်းစခန်းမှူး ဒု-ရဲအုပ်ရွှေလှိုင်ကပြောသည်။

၎င်းငွေစက္ကူ  အတုများအား ကိုင်ဆောင်ထားသူများမှာ ဒေသခံများမဟုတ်ဘဲ ပိုးရွှီပြင်ဒေသခံများက မသင်္ကာမှုများ ရှိလာသည့်အတွက် ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...