မြိုင်ကြီးငူ-မဲသဝေါလမ်းတစ်လျှောက်ကို ထိန်းချုပ်လိုက်နိုင်ပြီဟု BGF ပြော

မြိုင်ကြီးငူ-မဲသဝေါလမ်းတစ်လျှောက်ကို ထိန်းချုပ်လိုက်နိုင်ပြီဟု BGF ပြော
by -
ကေအိုင်စီ
လှိုင်းဘွဲမြို့နယ်အတွင်းအစိုးရတပ်မတော်၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် DKBA ခွဲထွက်အဖွဲ့တို့ စက်တင်ဘာလ၁၁ရက်နေ့မှ စတင်ကာရက်သတ္တပတ်တစ် ပတ်ကျော်အကြာတိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နောက်မြိုင်ကြီးငူ-မဲသဝေါကားလမ်းတစ်လျှောက်ကို စက်တင်ဘာလ၁၉ရက်နေ့ညနေတွင် လုံးဝထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း နယ်ခြားစောင့်တပ်(BGF)မှ အရာရှိတစ်ဦးက အတည်ပြုပြောဆိုသည်။

“အခုတော့ဒီနေ့မှာပဲ မဲသဝေါလမ်းတစ်လျှောက်ကို ထိန်းထားလိုက်နိုင်ပြီ။ အဓိကတော့သူတို့ရဲ့အဓိကစခန်း၄ခုပေါ့။ကျန်တာတွေကတော့ သူတို့တပ်ဖြန့်လိုက်တဲ့အတွက် သိပ်ပြီးစိုးရိမ်စရာအခြေအနေမရှိတော့ပါဘူး”ဟု ၎င်းအရာရှိကပြောသည်။

မဲသဝေါဒေသတွင်း မြိုင်ကြီးငူ- မဲသဝေါကားလမ်းတစ်လျှောက် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)၏ အဓိကစခန်းများဖြစ်သည့် ရိက္ခာကုန်းစခန်း၊ ကျောက်လုံး၊ ဝူသောပူ၊ရောပေါခီး စသည့်စခန်းများကို ထိန်းချုပ်လိုက်နိုင်ခြင်းဖြစ်သည်ဟု BGF က ပြောသည်။

တိုက်ပွဲကြောင့် မဲ့သဝေါဒေသခံ၅၃၀၀ကျော် မြိုင်ကြီးငူရှိ ယာယီစစ်ဘေးရှောင်စခန်းများ၌ ခိုလှုံနေရသလို တိုက်ပွဲအတွင်းပိတ်မိနေသည့် ဒေသခံအနည်းဆုံး ၃၀၀နီးပါး ထိုင်းဘက်ခြမ်းတွင် စစ်ဘေးရှောင်နေဆဲဖြစ် ကြောင်းသိရသည်။

ယနေ့(စက်တင်ဘာလ၁၉ရက်)နံနက်၁၀နာရီခွဲအချိန်တွင် DKBA စခန်းတစ်ခုဖြစ်သည့် ၀ူသောပူစခန်းကို နောက်ဆုံးထိန်း ချုပ်နိုင်ခဲ့ကြောင်း သိရှိရသော်လည်းတိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှု အတိအကျကိုမူ ယနေ့အချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...