Published
Sunday, March 11, 2018
မြန်မာဘာသာ အစီအစဉ် (မတ်လ ၁၁၊ ၂၀၁၈)
ကချင်ပြည်နယ် လီဒိုလမ်းဖက်မှာ ကန့်သတ်ပိတ်ပင်မှုများပြားလာတာနဲ့ တနိုင်းစစ်ပြေးဒုက္ခသည်တွေအတွက် အစားအသောက် ဆေးဝါးအပြင် အခြားအကူအညီတွေ လိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
မွန်ပြည်နယ်မှာ မွန်ပြည်သစ်ပါတီက မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရေးမြို့မှာ ပြုလုပ်ဖို့ UPDJC ကို တင်ပြရာမှာ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP)က NRPC နဲ့ တွေ့ဆုံပြီး သေဆုံးသွားတဲ့ ရဲဘော်ကိစ္စနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးဖြေရှင်းပေးဖို့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။






