တောင်ကြီးမြို့တွင် ကိုးတန်းကျောင်းသူလေးအား ဓါးခုတ်ခဲ့သည့် တရားခံများ ဖမ်းမိ

တောင်ကြီးမြို့တွင် ကိုးတန်းကျောင်းသူလေးအား ဓါးခုတ်ခဲ့သည့် တရားခံများ ဖမ်းမိ
by -
ယိင်းတိုင်း
တောင်ကြီးမြို့တွင်နဝမတန်းကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့ကာ ဓါးဖြင့်ခုတ်ခဲ့သည့် အသက် ၁၈ နှစ်အောက်ကျောင်းသားလေးများ
တောင်ကြီးမြို့တွင်နဝမတန်းကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့ကာ ဓါးဖြင့်ခုတ်ခဲ့သည့် အသက် ၁၈ နှစ်အောက်ကျောင်းသားလေးများ

တောင်ကြီးမြို့တွင်နဝမတန်းကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့ကာ ဓါးဖြင့်ခုတ်ခဲ့သည့် ပြစ်မှုကျူး လွန်သူများမှာ အသက် ၁၈ နှစ်အောက်ကျောင်းသားလေးများဖြစ်နေကြောင်း သိရသည်။

အဆိုပါဓါးခုတ်တရားခံကျောင်းသားလေးများအား မတ်လ ၅ ရက် က တောင်ကြီးမြို့နယ်မြေခံရဲများက ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ စန္ဒာလမ်းရှိ Twin Kid အနီးတွင် နဝမတန်းကျောင်းသူ တစ်ဦးအား   ဓါးဖြင့် ခုတ် ၊ သံ တုတ်ဖြင့်ရိုက်ခဲ့သည့် ပြစ်မှုကျူးလွန်သူ များမှာ အသက် ၁၂ နှစ်မှ ၁၆ နှစ်အထိသာ ရှိသေး သည့် အထက်တန်းကျောင်းသားလေးများဖြစ်ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား တဦးပါဝင်ကြောင်း တောင်ကြီးမြို့ ၊ နယ်မြေရဲစခန်းမှ သိရသည် ။

ပြစ်မှုကျူးလွန်သူများမှာ အသက်မပြည့်သေးသူများဖြစ်နေရာ  ရဲစ ခန်းတွင်ချုပ်ပိုင်ခွင့်မရှိသောကြောင့် တရားရုံးတွင်ထိန်းသိမ်းခွင့်တောင်း ထားကြောင်း၊ မြို့နယ်ဥပဒေရုံးတွင်အကြံပြုချက်တောင်းခံကာ ဥပဒေ အကြံ ပြုချက်အတိုင်းအဆိုပါပြစ်မှု ကျူးလွန်သူများကို ဆက်လက်တရား စွဲဆို သွားပြီဖြစ်ကြောင်း နယ်မြေရဲစခန်း မှ စခန်းမှူး စိုးမိုးအောင်ကပြောသည် ။

” ဒီလိုအမှုဟာသာမာန် အရက်သောက်ပြီးမူးလို့ဖြစ်တဲ့အမှုမဟုတ်ဘဲနဲ့ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ခုလိုမျိုးမင်းမဲ့စရိုက်ဆန်ဆန်ဖြစ်နေတာ၊ ဒီဓါးတွေဆိုင် ကယ်ထဲပါလာတာကိုက ကောင်းကိုမကောင်း တော့ဘူး။ ဒီကလေး(၆) ယောက်မှာခုတ်တာတစ်ယောက် ၊ ရိုက်တာတစ်ယောက် ကျန်တဲ့လေး ယောက်ကတော့သူတို့ကိုယ်တိုင်လိုက်ပါနေတာဖြစ်တဲ့အတွက် ပြစ်မှုကျူး လွန်သူကို အားပေးကူညီမှု ပေါ့ ” ၄င်းကပြောသည် ။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်က တောင်ကြီးမြို့ အထက ၃ မှ ဆိုင်ကယ်မောင်းနှင်သည့် ကိုးတန်းကျောင်းသူတဦး အား အဆိုပါကျောင်းသားလေးများက ဓါးဖြင့်ထိုးကာ သံတုတ်ဖြင့်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း နယ်မြေရဲစခန်းက ပြောဆိုပါသည်။

April 3, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ...
April 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းကျေးရွာအပါဝင် ညောင်ပင်ကျေးရွာအနီးနားရှိ...
April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...