ခဲဈေးမတည်ငြိမ်မှုနဲ့ အဝယ်ရပ်နားထားမှုကြောင့် ခဲကျင်းလုပ်ငန်းတချို့ ထိခိုက်လာ

ခဲဈေးမတည်ငြိမ်မှုနဲ့ အဝယ်ရပ်နားထားမှုကြောင့် ခဲကျင်းလုပ်ငန်းတချို့ ထိခိုက်လာ

ခဲသတ္တုထွက်ရှိတဲ့ ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ လတ်တလော ခဲဈေးမတည်ငြိမ်တာနဲ့ ခဲအရောင်းဝယ် ရပ်နားထားတာကြောင့် ခဲကျင်းလုပ်ငန်းတွေ ထိခိုက်လာတယ်လို့ ခဲကျင်းပိုင်ရှင်တွေက ပြောပါတယ်။

ခဲကျင်းလုပ်ငန်းက ခဲရောင်းဝယ်ရေးကနေတဆင့် လည်ပတ်နေရတာဖြစ်သလို ခဲအရောင်းဝယ် ရပ်နားထားတာက ခဲလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုသူတွေကို အခက်တွေ့စေတယ်လို့ ခဲကျင်းပိုင်ရှင်တဦးက ပြောပါတယ်။

"ကျင်းကတော့ သိတဲ့အတိုင်းပဲလေ။ ခဲဈေးကလည်း ကမှောက်ကမ‌ တွေဖြစ်။ ပြီးရင် ဝယ်သူက ရှိလိုက်၊ မရှိနဲ့ ဆီစရိတ် စားစရိတ်၊ လုပ်အားခတွေ ခုက ကုန်ဈေးနှုန်းဆိုလည်း သိတဲ့အတိုင်း မိုးပေါ်ထောင်။ အစစ အရာရာ အကုန်လုံး ဈေးကြီး၊ အလုပ်တောင် ကောင်းကောင်းမလည်ပတ်နိုင်တော့ဘူး။ တချို့ကျင်းဆို ပိတ်တောင်ပိတ်လိုက်ပြီ။ ခဲကျင်းကောင်းရင်တော့ အဆင်ပြေသေးတယ်။ မကောင်းတဲ့ကျင်းတွေကတော့ မချောင်ဘူး။ ခဲထွက်နှုန်း ပုံမှန်ရှိရင်တော့ သက်သာပါသေးတယ်။ တချို့ကျတော့ ခဲထွက်နှုန်းကပုံမှန်မရှိဘူး အထွက်နဲ့အဝင်ကလဲ မမျှတော့ လုပ်ငန်းရပ်ဆိုင်းရတာတွေလည်း ရှိနေတယ်လေ" လို့ ခဲကျင်းပိုင်ရှင်တဦးက ဆိုပါတယ်။

ခဲတူးဖော်ရေးလုပ်ငန်းတွေမှာ အလုပ်သမားအတွက် ပေးရတဲ့ အခကြေးငွေ ၊ အစားသောက်အသုံးစရိတ် ၊ ဓာတ်ဆီ ဒီဇယ် ဝယ်ယူရတဲ့ဈေးနှုန်း စတဲ့ နေ့စဉ်အသုံးစရိတ်က အနည်းဆုံးငွေကျပ် သိန်း ( ၅၀ ) ကျော် ကုန်ကျတယ်လို့ ဆိုပါတယ်။

မော်ချီးဒေသမှာ ခဲရောင်းဝယ်ရေး ရပ်နားထားတာ၊ ခဲဈေးကျဆင်းနေတာ နှစ်ပတ်ခန့်ရှိနေပြီး ခဲဝယ်ယူသူမရှိတာကြောင့် ခဲဈေးက ထပ်မံကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။

"ခဲဈေးက ဒီရက်ပိုင်းအဝယ်က နားထားကြတယ်။ ခဲဈေးက နှစ်သိန်းလို့သာပြောတာ အခု ညီမခဲရှိတယ်မလား သွားရောင်းရင် ဘယ်သူမှ မဝယ်ဘူးပေါ့။ ဝယ်တဲ့သူလည်း မရှိဘူး နားထားကြတယ်။ နောက်တစ်ရက်၊ နှစ်ရက်မှ လာရောင်းခိုင်းတယ်။ ဈေးကတော့ ကျဖို့ရှိမယ်လို့လည်း ပြောတယ်။" လို့ ခဲရောင်းသူတစ်ဦးက ပြောပါတယ်။

လက်ရှိ မော်ချီးဒေသမှာ လောင်စာဆီ နဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေသလို ခဲဈေးကျဆင်းမှုကြောင့်လည်း ခဲသတ္တုတွင်းကို အမှီပြုလုပ်ကိုင်နေကြတဲ့ ဒေသခံတွေ၊ ကျင်းလုပ်သားတွေနဲ့ ခဲအရောင်းအဝယ်သမားတွေကို အခက်တွေ့စေတယ်လို့ ပြောဆိုကြပါတယ်။ ဒေသခံတွေဟာ ဝင်ငွေရအလုပ်တခုဖြစ်တဲ့ ခဲသတ္တုတွင်းကိုသာ အဓိကမှီခိုအားထားပြီး အသက်မွေးဝမ်းကြောင်းပြုနေကြတာဖြစ်ပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...