ချင်းပြည်နယ်၊ပလက်ဝမြို့တည်နှစ်(၁၄၀)ပြည့်အထိမ်းအမှတ် ပလက်ဝမြို့ သမိုင်းအကျဉ်း

ချင်းပြည်နယ်၊ပလက်ဝမြို့တည်နှစ်(၁၄၀)ပြည့်အထိမ်းအမှတ် ပလက်ဝမြို့ သမိုင်းအကျဉ်း
by -
မောင်မော်ကွန်း(ပလက်ဝ)

ချင်းပြည်နယ်၊ပလက်ဝမြို့တည်နှစ်(၁၄၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ခူမီးရိုးရာ နှစ်သစ်ကူးပွဲတော်နှင့်အတူ ၁-၁၂-၂၀၁၆ နံနက် ၈-နာရီတွင် ပလက်မြို့၊ မြို့မရက်ကွက်၊ပြည်သူ့ အားကစားကွင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဒုသမ္မတဦးဟင်နရီဗန်ထီးယူ ပေးပို့သော သဝဏ်လွှာအား ချင်းပြည်န ယ်ဝန်ကြီးချုပ် ဦးလျန်လွယ်က လည်းကောင်း၊မိန့်ခွန်းစကားကို လွှတ်တော်ဥက္ကဋ္ဌဦးဇိုဘွေ့က လည်းကောင်း၊ အမှာစကားကို စည်ပင်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကလည်းကောင်း၊ ပလက် ဝမြို့သမိုင်းအကျဉ်းကို ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ ဒေါ်ဆာဆု၊မြို့နယ်ပညာရေးမှူး(ငြိမ်း)ကလည်း ကောင်း၊ကျေးဇူးတင်စကားကို ဦးရာခိုင်ကလည်းကောင်း ပြောကြားသွားခဲ့ပါသည်။အဆိုပါပွဲမှ ပလက်ဝမြို့သမိုင်းအကျဉ်းကို သိစေရန် ကောက်နုတ်ဖော်ပြအပ်ပါသည်။

၁။နိဒါန်း

ချင်းပြည်နယ်တွင် မြို့နယ်(၉)မြို့နယ်ရှိပြီး ပလက်ဝမြို့နယ်သည်လည်း(၁)ခုအပါအဝင်ဖြစ် ပါသည်။ ပလက်ဝမြို့နယ်၏ သမိုင်းအကြောင်းနှင့်ဒေသဆိုင်ရာအချက်အလက်များကို တိုင်း   ရင်းသားညီအစ်ကိုမောင်နှများသိရှိနိုင်ရန် မျှဝေသော ပလက်ဝမြို့သမိုင်းစာတမ်းအကျဉ်း ဖြစ်ပါ သည်။

၂။ရည်ရွယ်ချက်များ

(က)ပလက်ဝမြို့နယ်၏ လူမျိုးနွယ်စုအကြောင်း သိရှိနိုင်စေရန်။ (ခ)ပလက်ဝမြို့နယ်၏ ဒေသအချက်အလက်များ သိရှိနိုင်စေရန်။(ဂ)ပလက်ဝမြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများအကြား တစ်ဦးနှင့်တစ်ဦးပိုမိုချစ်ခင်စည်း  လုံးစေရန်။

၃။ဒေသသမိုင်းအကျဉ်း

ခူမီးလူမျိုးတို့သည် ရှေးပဝေသဏီကပင် ကိုယ်ပိုင်ရပ်တည်ခဲ့ပြီး ခူကုန်း(ခေါ်)တောင်မင်း စနစ်ဖြင့်အုပ်ချုပ်နေထိုင်လာခဲ့ရာမှ ၁၈၂၆-ခုနှစ်၊ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် တနသာင်္ရီ   နှင့်ရခိုင်ကမ်းမြောင်ဒေသတို့ကို နယ်ချဲ့အင်္ဂလိပ်အား ပေးလိုက်ရသောကြောင့် အင်္ဂလိပ်တို့သ ည်ရခိုင်ဒေသကို စစ်တွေခရိုင်အဖြစ် အုပ်ချုပ်ခဲ့သည်။ ၁၈၆၅-ခုနှစ်တွင် Northern  Arakan Disstrict(သို့မဟုတ်) Arakan hill Tract အမည်ဖြင့် မျောက်ေတောင်ရွာတွင် ရုံးစိုက်ပြီး ပလက်ဝဒေသတစ်စိတ်တစ်ပိုင်းကို အုပ်ချုပ်í ၁၈ရ၆-ခုနှစ်တွင် ပလက်ဝမြို့ကိုတည်ပြီး ပလက်ဝဒေသအချို့ ကိုခရိုင်အဆင့်ဖြင့် အင်္ဂလိပ်တို့က အုပ်ချုပ်ခဲ့သည်။

၁၉ဝရ-ခုနှစ်တွင် ခူမီးတောင်မင်းဘဟေ အားအင်္ဂလိပ်တို့ကငြိမ်းချမ်းရေးဆွေးနွေးမည် ဟု ပရိယာယ်သုံးကာ ဖမ်းဆီးပြီး စစ်တွေထောင်ü ဖမ်းဆီးလိုက်သည့်အခါတွင် ပလက်ဝမြို့နယ် တစ်ခုလုံးကို အင်္ဂလိပ်တို့ အုပ်ချုပ်သွားခဲ့လေသည်။သို့ဖြစ်í ၁၈၇၆-ခုနှစ်တွင် တည်ခဲ့သော ပလက်ဝမြို့သည် ၁၉၇၆-ခုနှစ်တွင်နှစ်(၁၀၀)ပြည့်ပွဲတော်ပြုလုပ်ခဲ့ပြီး ယခု ၂၀၁၆-ခုနှစ်တွင် နှစ် (၁၄၀)ပြည့်ပွဲတော်ကျင်းပရခြင်းဖြစ်ပေသည်။

ပလက်ဝမြို့သည် ယီနန်ရီဝုန်း(Jineaung Rivum)ဟု ခူမီးလူမျိုးတို့၏ တေးသီချင်းဖွဲ့ဆို ရသောမြို့၊ခူမီးလူမျိူးတို့၏ မြို့ဖြစ်ပေသည်။ယီနန်ရီဝုန်း ဆိုသည်မှာ ပလက်ဝုန်(Palang Vum) ဟုအစိပ္ပါယ်ရရှိပြီး ပလက်ချောင်း(Palang tavo)ချောင်းဝတွင် တည်ရှိသောကြောင့် မှည့်ခေါ် ခြင်းဖြစ်သည်။

၄။တည်နေရာနှင့် အကျယ်အဝန်း

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်၏ အနောက်တောင်ဖက်စွန်းတွင် တည်ရှိပြီး မြောက် လတ္တီကျု ၂ဝံ ၄၅/ နှင့်၂၂ံ၉/ကြား၊ အရှေ့လောင်တီကျု ၉၂ံ ၃၀/ နှင့်၉၃ံ ၄၀/ကြားတွင်တည်ရှိပါ သည်။ မြောက်ဖက်တွင်အိန္ဒိယနိုင်ငံနှင့်အနောက်ဖက်တွင် ဘင်္ဂလားတ်ချ်နိုင်ငံတို့တည်ရှိပြီး ၊ အနောက်တောင်ဖက်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တောင်ဖက်တွင် မြောက်ဦးမြို့ နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်နှင့်အရှေ့ဖက်တွင် မတူပီ၊ ကန်ပက်လက်၊ မင်းတပ် မြို့နယ်တို့နှင့်ထိစပ်လျက်ရှိပါသည်။

၅။မြေမျက်နှာသွင်ပြင်နှင့် ရာသီဥတု

ပလက်ဝမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်(၁ရ၉)ပေမြင့်သည့် တောင်ကုန်း ဒေသ ဖြစ်သည်။ ကျောက်ပန်းတောင် (ခေါ်)ကီမိုတောင်မှာ အထင်ရှားဆုံးဖြစ်ပြီး(၄၂၆၉)ပေ မြင့်သည့်ထိုတောင်တွင် ကံရာဇာကြီးမင်းသည်(ဘီစီ၁၅၃ဝမှ၁၅၀၆ထိ)(၂၄)နှစ်တိုင်တိုင် ထီးနန်းစံခဲ့သောနေရာဖြစ်သည်။၄င်းပြင် ခူမီးလူမျိုးတောင်မင်းဦးလဟောက်ကို(၇)ရက်တိုင် တိုင်ပွဲတော်ကျင်းပíအင်္ဂလိပ်တို့က အကြီးအကဲတင်မြှောက်ခြင်းကို ၁၈၇၈-ခုနှစ်တွင် ပြုလုပ် ပေးခဲ့သောသမိုင်းဝင်နေရာလည်းဖြစ်သည်။

ပလက်ဝမြို့နယ်တွင် ထင်ရှားသော တောင်များမှာ မိုဒုတ်တောင်(၃၄၅၀)ပေ၊ကားတောင် (၃၀၆၉)ပေ၊ ပီတောင်တန်း(၃၂၁၅)ပေ၊ဓန်လုံးတောင်(၄၀၅၀)ပေ၊ဝက်သတိုးတောင်(၃၀၆၃)ပေ၊ ဆိုက်ဖြူး (ခ)ကြံ့ကြီးတောင်(၃၄၃၆)ပေ၊စင်ကီတောင်(၃၂၀၃)ပေတို့ဖြစ်ကြပါသည်။

ရာသီဥတုမှာပူအိုက်စွက်စိုပြီး တစ်နှစ်လုံးမိုးရေချိန်ပျမ်းမျှ(၁၅၀)လက်မ ရွာသွန်းသည်။ တစ်နှစ်အတွင်း ပျှမ်းမျှအပူချိန်မှာ ၃၆  ံC ဖြစ်သည်။အအေးဆုံးလမှာ ဇန်နဝါရိလနှင့်ဖေဖော်ဝါ ရီလတို့ဖြစ်ပြီး အပူဆုံးလမှာ ဧပြီနှင့်မေလဖြစ်ပါသည်။

၆။မြစ်ချောင်းများ

ပလက်ဝမြို့နယ်တွင် ထင်ရှားသောမြစ်များမှာ ကုလားတန်(ခေါ်)ယပန်း(Japan)မြစ်နှင့် လေးမြို့မြစ်တို့ဖြစ်ကြသည်။ကုလားတန်မြစ်၏ ထင်ရှားသောမြစ်လက်တက်များမှာ ပီချောင်း၊ မီး ချောင်း၊နှမဒါချောင်း၊ကင်ချောင်း၊ပလက်ချောင်း၊ဒလက်မေချောင်း၊ဥသာလင်းချောင်း၊ ကုလက် ချောင်း၊ရှင်းလက်ချောင်းတို့ဖြစ်ပြီး လေးမြို့မြစ်၏မြစ်လက်တက်မှာမေချောင်း၊သံချောင်း၊မောက် ချောင်းတို့ဖြစ်ပါသည်။

၇။သဘာဝပေါက်ပင်များ

သဘာဝပေါက်ပင်များမှာ ကျွန်း၊ပျဉ်းကတိုး၊ပျဉ်းမ၊ကညင်၊ ထောက်ကြံ့၊ ရေမနေ၊ သစ် ဆိမ့်၊ ဇဉ့်၊ သပြေ၊ ထောက်ရှာ၊သစ်ကတိုး၊ လက်ပံ၊ စကား၊ ကံ့ကော်၊ ဖန်ခါး၊ တရော်၊ ၀ါးမျိုးစုံ၊ ကြိမ်မျိုးစုံ၊သလူ၊ တောထန်းပင်တို့ ပေါက်ရောက်ကြပါသည်။

၈။ဒေသထွက်ကုန်များ

စပါး၊ နှမ်း၊ပဲမျိုးစုံ၊ ဂမုန်း၊ ဝဥ၊ချင်း၊ဆနွင်း၊ သရက်၊လိမ္မော်၊ သံပုရာ၊ ပိန္နဲ၊ နာနတ်၊ ရှောက် ချို၊ ကျွဲကော၊သဘောင်္သီး၊ဆေးရွက်ကြီးတို့ဖြစ်ပြီး သစ်တောထွက်ပစ္စည်းများမှာ သစ်အမျိုးမျိုး၊ ၀ါးအမျိုးမျိုး၊ ပျားရည်၊ ကြိမ်၊သလူတို့ဖြစ်ပါသည်။

၉။လမ်းပန်းဆက်သွယ်ရေး                                                                                                                          

(က)ကုန်းလမ်း

၁၉၅၇-ခုနှစ်ü (၁၃၅)မိုင်ရှည်လျားသော ပလက်ဝ-မတူပီကားလမ်း အူကြောင်းကို ဖောက ်လုပ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ခုနှစ်တွင်၄င်းလမ်းအူကြောင်းအတိုင်း ကားလမ်းဖောက် လုပ်ကာ ကားများ၊ ဆိုင်ကယ်များသွားလာနိုင်သော မြေသားလမ်းဖြစ်ပါသည်။ ပလက်ဝ-ကျောက်တော် ကားလမ်းမှာ(၃၃)မိုင်(၅)ဖါလုံ မြေသားလမ်းဖြစ်ပြီး၊ကားများ၊ဆိုင်ကယ််များ သွားလာနိုင်ပါသည် ။ ကုလားတန်မြစ်ဘက်စုံစီမံကိန်းဖြစ်သည့် ပလက်ဝ-မြိတ်ဝ-အိန္နိယနိုင်ငံ များသို့၄င်း၊ နိုင်ငံတော် အစိုးရမှ ပလက်ဝ-ဆမီး-ကန်ပက်လက်သို့ ဆက်သွယ်နိုင်သော ကားလမ်း၊ မီးဇာမှအုန်းသီးဝ သို့၄င်း၊အောက်နှုံးဘူးမှ ကွမ်းချောင်းဝသို့၄င်း ၊ကားလမ်းများ ဖောက်လုပ်ရန် စီစဉ်လျက်ရှိပါ ကြောင်းသိရှိရပါသည်။

(ခ)ရေလမ်း

ကုလားတန်မြစ်သည် ပလက်ဝမှအိန္နိယနုင်ငံထိ စက်လှေဖြင့်၄င်း၊ ယခင်စစ်တွေ-ကျောက်တော်မှပလက်ဝသို့သဘောင်္များဖြင့်၄င်း၊ စက်လှေများဖြင့်သွားလာခဲ့ကြသော်လည်း ယခုအခါ စက်လှေများဖြင့်သွားလာနေပါသည်။ လေးမြို့မြစ်နှင့်မီးချောင်းတို့တွင်လည်း စက်လှေ ငယ်များဖြင့်ရာသီမရွေးသွားလာနိုင်ပါသည်။ ပလက်ဝမြို့သည် ချင်းပြည်နယ်၏ တစ်ခုတည်း သော သဘောင်္ဆိပ်လည်းဖြစ်ခဲ့ပါသည်။

ကုလားတန်ဘက်စုံစီမံကိန်းတွင် ပါဝင်သော ပလက်ဝမြို့၏အရှေ့ ဖက်ကမ်းသဘောင်္  ဆိပ်တံတားသည် အိန္နိယနိုင်ငံ အရှေ့မြောက်ဖက် ပြည်နယ်များသို့ ကုန်စည် များ  ပို့ဆောင်ပေး ရန် အတွံက်ရည်ရွယ်တည်ဆောက်ထားကြောင်းသိရှိရပါသည်။

(ဂ)လေကြောင််းလမ်း

ပလက်ဝမြို့တွင် ၁၉၇၈-ခုနှစ်။မတ်လတွင်စိမ်းစင်းလေယာဉ်ကွင်းတည်ရှိခဲ့ပြီးတွင်အော် တာလေယာဉ်စတင်ပျံသန်းဆင်းသက်ခဲ့ပါသည်။ ပလက်ဝ-စစ်တွေ-ရန်ကုန် တစ်တွေလျှင် တစ်ကြိမ်ပျံသန်းခဲ့ရာ ၁၉၈၁-ခုနှစ်တွင် လေကြောင်းခရီးစဉ်ပျံသန်းမှု ရပ်ဆိုင်းခဲ့ ပါသည်။ စိမ်းစင်းလေ ယာဉ်ပျံကွင်းသည် ချင်းပြည်နယ်၏ ပထမဆုံး လေယာဉ်ကွင်းဖြစ်ပြီး ယခုအခါ ပြန်လည်ဖော်ထုတ်ရန် လိုအပ်လျက်ရှိနေပါသည်။

၁၀။အုပ်ချုပ်ရေး

ရှေးခေတ် ခူမီးလူမျိုးတို့သည် မိမိတို့မျိုးနါယ်ထဲမှ အရည်အချင်းနှင့် သြဇာတိက္ကမ ရှိသူ အကြီးအကဲတည်းဟူသော ခူကုန်း၉Khu Keung) တောင်မင်းကို ရွေးချယ်တင်မြှောက်ပြီး အုပ်ချုပ်ခဲ့ကြသည်။ ခူကုန်း(ခေါ်) တောင်မင်း၏ပိုင်နက်မြေကိုခူ(Khu) ဟုခေါ်ပြီး ၊ ၄င်းပိုင်နက်နယ်မြေအတွင်း နေထိုင်ကြသူများကို မီး(Mi)ဟု ခေါ်သောကြောင့် ခူကုန်း(ခေါ်) တောင်မင်း၏ပိုင်နက်နယ်မြေအတွင်း နေထိုင်သူများကို ခူမီး(Khumi)ဟုခေါ်ဆိုခြင်းမှ အစပြုဉ် ခူမီးလူမျိုးဟု ခေါ်တွင်လာကြလေသည််။ ခူကုန်း(ခေါ်)တောင်မင်းသည် အုပ်ချုပ်သူအကြီးအကဲ အဖြစ် မျိုးနွယ်အလိုက် ပိုင်နက်နယ်မြေကို ဦးစီးကွပ်ကဲစီမံအုပ်ချုပ်ကြပြီးတစ်ဦးတည်းသော ခူကုန်း(ခေါ်) တောင်မင်းက တစ်နယ်လုံးကို အုပ်ချုပ်ခြင်းမဟုတ်ဘဲ နယ်မြေဒေသ အလိုက်၊ တောင်အလိုက် ခူကုန်း(ခေါ်)တောင်မင်းတစ်ဦးချင်းစီးတို့က ပလက်ဝနယ်မြေဒေသ ကိုအပိုင်း လိုက် အုပ်ချုပ်ခဲ့ကြခြင်းဖြစ်ပါသည်။

ခူမီးလူမျိုးတို့၏မူလအစကို ဖော်ပြလျှင်တိဗက်(ခေါ်)တွီအင်းပြည်မှ ဆင်းသက်လာခဲ့ ကြောင်း ဆိုရိုးစကားနှင့်ဒဏ္ဍာရီပုံပြင် များရှိလေသည်။ခူမီးလူမျိုးနှင့်မြို့ခမီလူမျိုးတို့သည်ရှေ့ ဆင့်နောက်ဆင့်ဆင်းသက်ခဲ့ကြောင်း ကို  မြစ်ချောင်းကြီးငါး၊ပုဇါန်ဟင်းချက်စားသော အုပ်စုနှင့်မြစ်ချောင်းငယ်ငါး၊ပုဇွန်ဟင်းချက်စားသောအုပ်စု(၂)ခုကွဲသွားခဲ့ရပုံအကြောင်း ခူမီးနှင့်မြို့ခမိတို့၏ ရှေးဆိုရိုးစကားတွင် တူညီစွာ တွေ့ရှိရပေ သည်။

နယ်ချဲ့အနယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရန်အတွက် ၁၉၄၇- ခုနှစ်၊ဧပြီလ(၄)ရက်နေ့တွင်ရွေးကောက်ပွဲကျင်းပခဲ့ဉ် တိုင်းပြုပြည်ပြုလွှတ်တော်တွင် အမတ်အ ဖြစ်ခူမီးမျိုးချစ်ခေါင်းဆောင် ဦးထပ်လှိုင်းအားရွေးကောက်တင်မြောက်ခြင်းခံရပါသည်။ တိုင်း ပြု ပြည်ပြုပထမလွှတ်တော်အစည်းအဝေးကို ၁၉၄၇-ခုနှစ်၊ဇွန််လ(၁၁)ရက်နေ့တွင် ကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၁၉၄၇)ကိုရေးဆွဲဉ် ထိုဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉)၊အပိုဒ်(၅)ပုဒ်မ (၁၉၆)အရ ရခိုင်တောင်တန်းခရိုင်နှင့်ချင်းတောင်တန်းခရိုင်ကို ပေါင်းစည်းပြီး ချင်းဝိသေသတိုင်းဖြစ်လာခဲ့ပါသည်။

၁၉၄၈-ခုနျစ်၊လွတ်လပ်ရေးရသောအခါ ပလက်ဝမြို့နယ်သည် ခရိုင်အဆင့်မှ မြို့နယ်အဆင့်သို့ရောက်ရှိသွားသဖြင့် အုပ်အုပ်ရေး၊တရားစီရင်ရေးနှင့်ဌာနဆိုင်ရာလုပ်ပိုင်ခွင့် များအာဏာလျော့ကျသွားခဲ့ရပါသည်။ ထို အခြေအနေများကြောင့်ချင်းရေးရာဝန်ကြီးသည် ချင်းဝိသေသတိုင်း အက်ဥပဒေပါ လုပ်ပိုင်ခွင့်အရ ချင်းရေးရာဝန်ကြီးဌာန၏၁၈-၂-၁၉၅၅ ရက်စွဲ ပါအမိန့်ကြော်ငြာစာအမှတ်(၁၉)ဖြင့် ပလက်ဝနယ်ပိုင်ဝန်ထောက်အား ခရိုင်ဝန်လုပ်ပိုင်ခွင့် အာ ဏာတစ်ချို့ အပ်နှင်းခဲ့ပြီး ချင်းရေးရာဝန်ကြီးဌာန၏(၃-၁၀-၁၉၅၅)ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၃ရ)ဖြင့်ခရိုင်ဝန်လုပ်ပိုင်ခွင့်အာဏာအားလုံးကို အပ်နှင်းခဲ့ပါသည်။၁၉၆၀-ခုနှစ်နောက်ပိုင်းတွင် ပလက်ဝခရိုင်ခွဲအဖြစ် အုပ်ချုပ်ခဲ့ရာ ၁၉၆၂-ခုနှစ်တော်လှန်ရေးကော်စီ တက်လာပြီးနောက် ခရိုင်ဝန်လုပ်ပိုင်ခွင့် အာဏာအပ်နှင်းခြင်း မ ရျှိတော့ဘဲ မြို့နယ်အဆင့်ဖြင့် ယနေ့တိုင် ဖြစ်နေပါသည်။အင်္ဂလိပ်ခေတ်ကပင် ခရိုင်အဆင့်ရှိခဲ့သော ပလက်ဝမြို့နယ်သည် ခရိုင်အဆင့် ပြန်လည်ရရှိရေးမှာ အထူးအရေးကြီးလိုအပ်နေသည့်အခန်းဏ္ဍတစ်ရပ်ဖြစ်ပေ သည်။

၁၉၄၉-ခုနှစ်မ ှ၁၉၅၃ ခုနှစ်ထိိ ပလက်ဝမြို့ကို ပြည်သူ့ရဲဘော်ပါတီက သိမ်းပိုက် အုပ်ချုပ်

နေသည်ကို ပြည်သူလူထုက မလိုလားသောကြောင့်ခူမီးမျိုးချစ်ခေါင်းဆောင် ဦးနန်းခင်းနှင့် တော်လှန်ရေးအဖွဲ့ဝင်(၃၀၀)ကျော်ဖြင့် ပြည်သူ့ရဲဘော်ပါတီကို ဦးစွာတော်လှန်တိုက်ခိုက်ခဲ့သော် လည်း မအောင်မြင်သောကြောင့် ခူမီးမျိုးချစ်ခေါင်းဆောင် ဦးထပ်လှိုင်းဦးဆောင်သောအဖွဲ့ သည် ဖဆပလ အုပ်ချုပ်ရေးနှင့် ပူးပေါင်းပြီး ၁၉၅၃ -ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ပလက်ဝမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

၁၁။နယ်ချဲ့ အင်္ဂလိပ်ဆန့်ကျင်ရေးတိုက်ပွဲများ အကျဉ်းကိုအနည်းငယ်တင်ပြလိုပါသည်။

၁၈၂၆-ခုနှစ်၊ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး စစ်ပြေငြိမ်းရေး ရန ္တပိုစာချုပ်အရ တနသာင်္ရီနှင့်ရခိုင်တိုင်းသည် အင်္ဂလိပ် လက်အောက်ကျရောက်í ရခိုင်တောင်တန်း ဗမာပိုင် နက်မြေကို စစ်တွေခရိုင်အဖြစ်ဖွဲ့စည်းအုပ်ချုပ်သည်။အင်္ဂလိပ်တို့သည် ခူမီးတောင်မင်းများပိုင် နက်နယ်မြေ ပလက်ဝဒေသသို့၊ကုလားတန်မြစ်ကြောင်းအတိုင်း ဆန်တက်လာရာ ယခုကျောက်တော်မြို့နယ် တင်းမရွာမှ တောင်မင်းဆိန်ဒါ(တက်တူစိုး)နှင့် တောင်မင်းဆပန်(နင် မလောက်)တို့ဦးစီးသော တင်းမတိုက်ပွဲနှင့် မီးဝတိုက်ပွဲ၊ လောင်းကဒူးရွာမှတောင်မင်း မန်းဒွီး(ရ ခါ)ဦးစီးသောတန်းဆိပ်တိုက်ပွဲ၊မောင်နှမရွာမှတောင်မင်းမိုက်ဟူးနှင့် တောင်မင်းဆိုက်ထန်း(လ န်ဝိုးစိုး)ဦးစီးသော မောင်နှမတိုက်ပွဲ၊ ၄င်းအဖွဲ့နှင့်တုန်ကလန်အနွယ်တို့စုပေါင်းပြီး တော်လှန်သေ ာတိုက်ပွဲ၊ မီးချောင်းမှ တောင်မင်းများနှင့်ပီချောင်းမှတောင်မင်းလဟောက်၊တောင်မင်း တောင် ၀ိုက်(ရိုက်ကီစိုး)၊တောင်မင်းလိန်ငဲ့(ဆန်လာ)၊ တောင်မင်းဟွေ့တန်း၊တောင်မင်းလိုင်ခိုး(အိမ်ကမ် း)တို့ဦးစီးသော ကူဝတိုက်ပွဲ ၊ တောင်မင်းဆိုက်ရုပ်(ပလန်)ဦးစီးသောရွာကျင်သောင်တိုက်ပွဲ စသည်ဖြင့် အင်္ဂလိပ်တို့အားခူမီးမျိုးချစ်တို့သည် သူ့ကျွန်မခံလိုသောကြောင့် ၁၈၂၆မှ ၁၉ဝရခုနှစ် ၊ နှစ်ပေါင်း(၈၀)ကြာသည့်တိုင် ရရာလက်နက်စွဲကိုင်íနယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲ များဆင်နွှဲခဲ့ကြကြောင်း သမိုင်းမှတ်တမ်းအရ သိရှိရပါသည်။                            

၁၂။ကျေးရွာနှင့် လူဦးရေ

ပလက်ဝမြို့နယ်တွင် အုပ်စုပေါင်း(၉၆)နှင့်ကျေးရွာပေါင်း(၃၈၁)ရှိပြီး ပလက်ဝမြို့ပေါ်တွင် (၃)ရပ်ကွက်နှင့်ဆမီးမြို့တွင်(၃)ရပ်ကွက်၊စုစုပေါင်း(၆)ရပ်ကွက်ရှိပါသည်။လူဦးရေမှာ ကျား(၄၈၂၅၂)၊မ(၄၉၉၁၆)၊စုစုပေါင်း(၉၈၁၆၈)ဦးရှိပါသည်။

 ၁၃။လူမျိုးများနှင့် ကိုးကွယ်သည့်ဘာသာ

ပလက်ဝမြို့နယ်တွင် ခူမီး၊ရခိုင်၊ဒိုင်၊လေးတူ၊ မတူ၊မရာ၊မြို၊အနူး၊ခေါင်စို၊ မီဇို၊ ပနန်း၊ ဗမာ၊ဒိုင်းနက်၊ဟိန္နူ၊ ဘင်္ဂလီတို့နေထိုင်ကြပါသည်။ ကိုးကွယ်သည့်ဘာသာများမှာ-ခရစ်ယာန်၊ ဗုဒ္စ၊နတ်၊အစ္စလမ်၊ ဟိန္နဘာသာတို့ဖြစ်ကြပါသည်။

 ၁၄။ပညာရေး

ပလက်ဝမြို့နယ်တွင် အထက(၇)ကျောင်း၊အထကခွဲ(၄)ကျောင်း၊အလက(၃)ကျောင်း၊ အလကခွဲ(၄၅)ကျောင်း၊မူလွန်(၃၆)ကျောင်း၊အမက(၁၅၁)ကျောင်း၊အမကခွဲ(၁၀၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၁)ကျောင်းရှိပြီး ဆရာ/မပေါင်း(၁၈၅၉)ဦး၊ကျောင်းသား/သူပေါင်း( ၂၉၅၄၆)ဦးရှိပါသည်။ဘွဲ့ရဦးရေပေါင်း(၃၀၀၀)ကျော်ရှိပါသည်။

၁၅။ကျန်းမာရေး

ပလက်ဝမြို့နယ်တွင်ကုတင်(၅၀)ဆန့်ဆေးရုံ(၁)ရုံနှင့်ဆမီးတိုက်နယ်ဆေးရုံ၊ မီးဇာတိုက်န ယ်ဆေးရုံတို့ရှိပြီး ကျန်းမာရေးဌာန(၈)ခု၊ကျန်းမာရေးဌာနခွဲ(၃၄)ရှိပါသည်။ဆရာဝန်(၃)ဦး၊လ/ထ ကျန်းမာရေးမှူး(၁)ဦးနှင့်သူနာပြု(၂၃)ဦး၊ သားဖွားဆရာမ(၄၅)ဦးရှိပါသည်။

 ၁၆။မြေအမျိုးအစား

လယ်မြေ(၃၀၂၉)ဧက၊ယာမြေ(၅၈၁)ဧက၊ကျွန်းမြေ/ကိုင်းမြေ(၅၀၅၀)ဧက၊ဥယျာဉ်ခြံ မြေ(၅၃၉၃)ဧက၊ကြိုးဝိုင်းကြိုးပြင်(၁၅၄၇၇၈)ဧကရှိပါသည်။

၁၇။နိဂုံး

အထက်တွင် ဖော်ပြခဲ့သော ဒေသဆိုင်ရာအချက်အလက်များနှင့် သမိုင်းအကျဉ်းကို သိရှိခြင်းအားဖြင့် ပလက်ဝမြို့နယ်၏လိုအပ်ချက်များ၊ အားနည်းချက်များ၊အားသာချက်များကို သိရှိနိုင်မည်ဖြစ်ပြီး ပလက်ဝမြို့နယ် ပိုမိုဖွံဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန်အလို့ငှာအကျဉ်းချုံ့íတင်ပြခြင်းဖြစ်ပါကြောင်းနှင့်မဖွံ့ဖြိုးသေးသည့် ပလက်ဝမြို့နယ်ကို အတက်နိုင်ဆုံးကူညီစောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပလက်ဝမြို့တည်နှစ်(၁၄၀)ပြည့်မှသည် လာမည့်နှစ်ပေါင်းများစွာတွင် အမြန်ဆံံုံးဖွံ့ဖြိုးတိုး တက်လာပါစေကြောင်း ဆန္ဒပြုရင်း ပလက်ဝမြို့တည်နှစ်(၁၄၀)ပြည့်ပွဲတော်သို့ကြွရောက်ချီးမြှင့် ကြပါသော ဂုဏ်သရေရှိလူကြီးမင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာပျော်ရွှင်ပြီး လိုအင်ဆ န္နတစ်လုံးတစ်ဝတည်းပြည့်ဝနိုင်ကြပါစေကြောင်း တောင်းဆုချွေမေတ္တာပို့သရင်းနိဂုံးချုပ်အပ်ပါ ရှင်။ကျေးဇူးအထူးတင်ရှိပါတယ်။

ဝန်ခံချက်။  ။ဆရာမကြီးခေါ်ဆာဆု၊ မြို့နယ်ပညာရေးမှူး(ငြိမ်း)ဖတ်ကြားသည့် စာတမ်းဖော်ပြ ချက်ဖြစ်ပါသည်။

Most read this week

March 28, 2024
[The Diplomat တွင် Naw Theresa ရေးသားထားသော Last Flights Out of Sittwe ကို ဆီလျော်အောင်...
March 27, 2024
စောထူးကပေါ် — "ဘဝက အိပ်မက်လိုပဲ။ တစ်လအတွင်း အကုန်ပြောင်းလဲသွားတယ်။ အပူသောက မရှိဘဲ...
March 25, 2024
ဒီနေ့ မတ်လ ၂၄ ရက်နေ့ နေ့လည် ၁၂:၃၀ ခန့်တွင် ကလေးမြို့နယ် ယောက်ချိုကွင်း (Budiman) ကျေးရွာမှာ...
ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင် ဗီဇာလျှောက်ရန် စောင့်ဆိုင်းနေကြသူများ။ ဓာတ်ပုံ - AFP
March 22, 2024
ဝေါလေကျေးရွာမှာတော့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကို သစ်သားတံတား အသေးလေးတစ်ခုနဲ့ ဆက်သွယ်ထားပါတယ်...