Published
Sunday, February 25, 2018
မြန်မာဘာသာ အစီအစဉ် (ဖေဖော်ဝါရီလ ၂၅၊ ၂၀၁၈)
ကယားပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဘက်ရှိ ဒိုးလာစောကျေးရွာအုပ်စုမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကျောင်းပညာရေးကို ထိခိုက်နေတယ်လို့ ပြောဆိုပါတယ်။
ကရင်ပြည်နယ်အတွင်းမှာ ၂ဝ၁၅ ခုနှစ်ကစပြီး ယာဉ်တိုက်မှုကြောင့် နှစ်စဉ်ပျမ်းမျှ လူပေါင်း ၁၀၀ ကျော် သေဆုံးနေတယ်လို့ ကရင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးရဲ့ စာရင်းမှာဖော်ပြထားပါတယ်။
မွန်ပြည်နယ်မှာတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်တပ်တွေမြှုပ်နှံထားတဲ့ ပစ္စည်းတွေ ပြန်လည်တူးဖော်ခွင့်ရရှိနိုင်ဖို့ ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားတယ်လို့ ကုမ္ပဏီကပြောပါတယ်။






