Published
Sunday, February 25, 2018
ရခိုင်ဘာသာ အစီအစဉ် (ဖေဖော်ဝါရီလ ၂၅၊ ၂၀၁၈)
စစ်တွေမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံတစ်ခုက ဝန်ထမ်း ၁၉ ယောက်ကို အလုပ်ထုတ်လိုက်ပြီးမှ ဝန်ထမ်းတွေကို နစ်နာကြေး ၃ လစာမပေးနိုင်တဲ့အတွက် စက်ရုံက အလုပ်ပြန်ခန့်လိုက်ရပါတယ်။
မြောက်ဦးမြို့ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှာ သေနတ်ထိမှန်သေဆုံးသွားသူတွေမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေ ကျန်နေခဲ့ပါတယ်။ အဲဒီကလေးတွေရဲ့နောင်ရေးကို အစိုးရအနေနဲ့ ကူညီပေးသင့်တယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။
စစ်တွေမြို့ တိုးချဲ့စီမံကိန်းကြောင့် သမ္ဗာန်အစီးရေ ၂ဝဝ နီးပါး ဒုက္ခရောက်နေကြရပါတယ်။






