ချင်းပြည်နယ် လိုင်လင်းပီမြို့တွင် မီတာ ၈၀၀ အရှည်ရှိ လေယာဉ်ကွင်းငယ် တည်ဆောက်နေ

ချင်းပြည်နယ် လိုင်လင်းပီမြို့တွင် မီတာ ၈၀၀ အရှည်ရှိ လေယာဉ်ကွင်းငယ် တည်ဆောက်နေ
by -
ဒေါင်းလူ

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီခရိုင်၊ လိုင်လင်း ပီမြို့တွင် ၂၀၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်းက စတင်၍ လေယာဉ် ကွင်းငယ်တစ်ခု စတင်တည်ဆောက်နေပြီး ၂၀၂ဝတွင် အပြီးသတ် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘက်စုံသုံးလေယာဉ်ငယ်များ ဆင်းသက်နိုင်မည့် မီတာ ၈၀၀ အရှည်ရှိ အဆိုပါ လေယာဉ်ကွင်းငယ်သည် ချင်းပြည်နယ်အလယ်ပိုင်း၊ ဖလမ်းမြို့တွင် တည်ဆောက်နေသည့် လေဆိပ်ကို အထောက်အကူဖြစ်စေမည့် ချင်းပြည်နယ်အစိုးရ၏ ၅ နှစ်တာ မဟာဗျူဟာအစီအစဉ်တွင်လည်း ပါဝင်သည်။

ယင်းစီမံကိန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ၏ လမ်းညွှန်မှုဖြင့် MAF အင်တာနေရှင်နယ်(မြန်မာ)နှင့် ကျန်းမာခြင်းနှင့်မျှော်လင့်ခြင်း (မြန်မာ)အဖွဲ့တို့က အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

" မြန်မာပြည်မှာ ချင်းပြည်နယ်ကတော့ ဖွံ့ဖြိုးမှု အနည်းဆုံးဖြစ်တယ်၊ လောလောဆယ် နိုင်ငံတော်အစိုးရ ကလည်း ဖလမ်းလေယာဉ်ကွင်းကို စဆောက်ပေးနေပြီ၊ အဲဒီတော့ အန်ကယ်တို့အနေနဲ့လည်း တစ်ကယ်ကို ခရီးသွားလာမှုခက်ခဲတဲ့ ဒေသတွေ၊ ကားနဲ့သွားမယ်ဆို ၅ ရက်လောက် သွားရတဲ့နေရာတွေ လိုင်လင်းပီ ဆိုတဲ့နေရာတွေ မှာ စပြီးတော့ ကူညီဆောင်ရွက်တာပေါ့" ဟု MAF အင်တာနေရှင်နယ် (မြန်မာ)အဖွဲ့၏ အမှုဆောင်အရာရှိချုပ် ဦးတင်မောင်အေးက ပြောသည်။

အမေရိကန်ဒေါ်လာ (၂.၂)သန်း ခန့်မှန်းကုန်ကျမည့် ယင်းလေယာဉ်ကွင်းငယ်ကို ၂၀၁၇ ခုနှစ်တွင် ဆောက်လုပ်ခွင့်၊ ခွင့်ပြုချက်ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်သွားမည် ဖြစ် ကြောင်း သိရသည်။

"လေယာဉ်ကွင်းဆောက်မယ်ဆိုတော့ ကျွန်တော်တို့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အစစအရာရာ အဆင်ပြေမယ်လို့ မျှော်လင့် တယ်။ ကျွန်တော်တို့ဘက်မှာ နွေရာသီမှာ တော့ ကားလမ်းပေါက်တယ်၊ မိုးတွင်းမှာတော့ အခက်အခဲတော်တော် ရှိတယ်၊ အဲဒီတော့ အစားအစာဆိုရင် မိုးရာသီမှာ စုဆောင်းရတယ်၊ ကားနဲ့ လုံးဝ သယ်မရဘူး" ဟု လိုင်လင်းပီမြို့ဒေသခံ ဦးအာမိက ပြောသည်။

လေလယာဉ်ကွင်းငယ်ကို ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်ပညာရှင်များနှင့် စတင်တည် ဆောက်နေပြီး ဒေသခံများ အတွက် အနာဂါတ် အကျိုးကျေးဇူးများ ရလာနိုင်သည်ဟု MAF အင်တာနေရှင်နယ် (မြန်မာ)အဖွဲ့၏ လုပ်ငန်း လည်ပတ်မှုဆိုင်ရာ မန်နေဂျာ ဦးခေါင်ဒီးရမ် က ပြောသည်။

"ဒီဒေသကို နိုင်ငံတော်လူကြီးတွေ သွားလာဖို့ ဖြစ်တဲ့အချိန်မှာ လွယ်လွယ်ကူကူ သွားလာနိုင် မယ်၊ ဒေသဖွံ့ဖြိုးရေး လုပ်တဲ့အဖွဲ့အစည်းတွေ လျင်လျင်မြန်မြန်လုပ်ဆောင်နိုင်မယ်၊ သဘာဝဘေး အန္တရာယ် ကျရောက်တဲ့အချိန်တွေမှာလည်း ပြန်လည်ကယ်ဆယ်ရေးလုပ်ကိုင်နိုင်မယ်၊ ဒီလိုမျိုး ကောင်းကျိုးတွေ အများကြီးရှိလာနိုင်မှာပါ"ဟု ဦး ခေါင်ဒီးရမ်က ပြောသည်။

မတူပီခရိုင်၊ လိုင်လင်းပီမြို့တွင် တည်ဆောက် နေသည့် အဆိုပါ လေယာဉ်ကွင်းငယ်သည် မြို့၏ မြောက်ဘက် တောင်တန်း၊ ကုန်းမြင့်ငယ်များတွင် မြေများညှိယူ၍ တည်ဆောက်နေပြီး မြို့ရွာ ချင်းဆက်လမ်းများကတစ်ဆင့် ဒေသခံလူဦးရေ ၄ သောင်းဝန်းကျင်ကို တိုက်ရိုက်ဆက်သွယ်မှု ပေးစွမ်းနိုင်မည် ဖြစ်သည်။

ထို့ပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြား မြို့ကြီးများနှင့် ဆက်သွယ်သွားလာမှု လွယ်ကူလာမည် ဖြစ်ကာ ချင်းပြည်နယ်တောင်ပိုင်း လူဦးရေ ၂၃ ရာခိုင်နှုန်းခန့်အတွက် အကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။

Most read this week

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...