အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်အတွင်း မိုင်း ၃၅ လုံး ရှာဖွေတွေ့ရှိ

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်အတွင်း မိုင်း ၃၅ လုံး ရှာဖွေတွေ့ရှိ

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်လောင်တလိုင်မြို့နယ်တွင် အာသန်ရိုင်ဖယ် နှင့် မီဇိုရမ်ရဲများ ပူးပေါင်းကာ ထောင်ထားသည့် မိုင်း ၃၅ လုံး ရှာဖွေတွေ့ရှိနေပြီ ရှင်းလင်းမှုလုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရသည်။

အဆိုပါ မိုင်း များကို အာသန်ရိုင်ဖယ်လက်အောက်တွင်ရှိသော နာဂလဲန်းဒေသရှိ မိုင်းရှင်းလင်းရေးအဖွဲ့မှ ဦးဆောင်ပြီး မီဇိုရမ်ရဲများ ၏ ကူညီခြင်းအားဖြင့် ရှာဖွေခဲ့ကြရာ နောက်ဆုံးသတင်းရရှိထားသည့်အရ မိုင်း ၃၅ လုံး ရှာဖွေတွေ့ရှိနေပြီဖြစ်ကြောင်း မီဇိုရမ် ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

မိုင်းရှာဖွေရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ယခုရှာဖွေတွေ့ရှိထားသည့် မိုင်း အမျိုးအစားကို တိတိကျကျမသိရသေးပေမယ့် အင်အားပြင်းတဲ့ မိုင်း ဖြစ်တယ်လို့ လောင်တလိုင်မြို့ ရဲအရာရှိ Lalsanglura က ပြောသည်။

မိုင်း ရှာဖွေနေသည့်နေရာဒေသသည် ချင်းပြည်နယ် ပလက်ဝမြို့နယ် နှင့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် ဒေသ တစ်ဝန်းတွင်ဖြစ်ပြီး အဆိုပါ ဒေသသည့် မြန်မာ့တပ်မတော် နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဒေသဖြစ်သော ကြောင့် အဆိုပါ အဖွဲ့တစ်ဖွဲ့ဖွဲ့တို့မှ ထောင်ထားသည့် မိုင်းဖြစ်နိုင်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် အဆိုပါ မိုင်း ကို နင်းမိလို့ သေဆုံးသွားတဲ့သူတွေ ရှိနေပြီဖြစ်ကြောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေကြောင်း သိရသည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...