နစ်နာကြေးမရရှိသေးသောကြောင့် ကုလားတန်ဘက်စုံသုံးစီမံကိန်း ကုန်းလမ်းတည်ဆောက်မှု ရက်အကန့်သတ်မရှိ ဟန့်တားသွားမည် ဟုဆို

နစ်နာကြေးမရရှိသေးသောကြောင့် ကုလားတန်ဘက်စုံသုံးစီမံကိန်း ကုန်းလမ်းတည်ဆောက်မှု ရက်အကန့်သတ်မရှိ ဟန့်တားသွားမည် ဟုဆို

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကို အဓိကကုန်သွယ်ပေးမည့်လမ်းကြောင်းဖြစ်လာမည့် ယခုလက်ရှိ လုပ်ဆောင်နေဆဲဖြစ်သော (Kaladan Multi-Modal Transit Transports Project) ကို လောင်တလိုင်မြို့နယ် လယ်ယာမြေပိုင်ရှင်းများ စုပေါင်းဖွဲ့စည်းထားသည့် Lawngtlai District Land Owners Association မှ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ဟန့်တားသွားမည်ဟု သိရသည်။

ယခုကဲ့သို ့ရက်အကန့်အသတ်မရှိဟန့်တားရခြင်းမှာ အဆိုပါ လမ်းဖောက်လုပ်ရာတွင် ဆုံးရှုံးသွားသည့် မိမိလယ်ယာမြေများအတွက် နစ်နာကြေး ယနေ ့အချိန်အထိ မရရှိသေးသောကြောင့် ဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

ယမန်နေ့က Lawngtlai District Land Owners Association ဦးဆောင်သူများ အရေးပေါ်အစည်းအဝေးထိုင်ပြီး မီဇိုရမ်ပြည်နယ် နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို အဓိကကုန်စည်ကုန်သွယ်ပေးမည့် ကုလားတန်ဘက်စုံသုံး စီမံကိန်းကြောင့် ဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် နစ်နာကြေးကို ကိုးနှစ်လုံးလုံး စောင့်ဆိုင်းနေပြီဖြစ်ကြောင်း အဆိုပါ လမ်းကြောင်းကို တာဝန်ယူလုပ်ဆောင် နေသည့် Mizoram PWD အဖွဲ့အနေဖြင့် ယခုနှစ်အတွင်း အပြီးသတ်လုပ်ဆောင်သွားရန် အစီအစဉ်များရှိကြောင်း ထို့သို့ အပြီးသတ် လုပ်ဆောင်ပါက မိမိတို့ ဆုံးရှုံးသွားသည့် လယ်ယာမြေများအတွက် နစ်နာကြေးကို ပြန်ရဖို့ မျော်လင့်စရာမရှိတော့ကြောင်း ပြောဆို ကြသည်။

ယခုကဲ့သို့သော အခြေအနေမျိုးဖြစ်နေသောကြောင့် အဆိုပါ လမ်းမကြီးတွင် ဘယ်လိုကားမျိုးမှ သွားလာခွင့်မရှိအောင် နှင့် လမ်းကို အဓိကဆောက်လုပ်နေသော ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် RDS Private Ltd နှင့် Atlanta ARSS တို့ကိုလည်း လုပ်ငန်းမလုပ်ဆောင်နိုင် အောင် ဟန့်တားသွားမည်ဖြစ်သည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...